Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေတပ်ချင်း ငြိကြတဲ့ ကိစ္စမှာ ဗြိတိန် မျက်နှာပြောင်တိုက် လိမ်ညာခဲ့တယ်လို့ ရုရှားစွပ်စွဲ

ရုရှားဟာ မြေထဲပင်လယ်ကို ဖြန့်ကျက် စိုးမိုးရေး မျှော်မှန်းချက်အတွက် ပင်လယ်နက်ကို မဟာဗျူဟာ ရေလမ်းကြောင်း တစ်ခုအဖြစ် အသုံးပြုနေပါတယ်။ ဒါ့အပြင် ပင်လယ်နက်မှာ ရုရှား၊ ပြင်သစ်၊ ဗြိတိန်၊ တူရကီတို့ရဲ့ ရေတပ်ချင်း အားပြိုင်မှုတွေဟာ ရာစုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်

ပင်လယ်နက် ရေပြင်မှာ ရေတပ်ချင်း ငြိခဲ့ကြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်က မျက်နှာပြောင်တိုက် လိမ်ညာခဲ့ကြောင်း ရုရှားက စွပ်စွဲလိုက်ပါတယ်။

ရုရှား သိမ်းပိုက်ထားရာ ခရိုင်းမီးယား ကျွန်းဆွယ်နားကို ဗြိတိန်ရေတပ် ဖျက်သင်္ဘောတစ်စီး ချဉ်းကပ် ခုတ်မောင်းခဲ့တာကြောင့် ခြောက်လှန့် ပစ်ခတ်ခဲ့ပြီး ဗုံးတွေ ဖြန့်ကျက် တားဆီးခဲ့ရကြောင်း ရုရှားက ကြေညာပါတယ်။ ဒါပေမဲ့ ဗြိတိန် ရေတပ်ကတော့ ရုရှားက ခြောက်လှန့် ပစ်ခတ်တယ် ဆိုတာကို လုံးဝ မကြားသိခဲ့ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

မော်စကိုမှာတော့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗြိတိန် သံအမတ်ကို ဆင့်ခေါ်ပြီး ခရိုင်းမီးယားကို ရေတပ်သင်္ဘော ချဉ်းကပ်တဲ့ ကိစ္စအတွက် တရားဝင် အရေးဆို ကန့်ကွက်ခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်ရဲ့ တော်ဝင်ရေတပ်က Defender ဖျက်သင်္ဘော ခုတ်မောင်းခဲ့တဲ့ လမ်းကြောင်းတလျှောက် ရုရှားရဲ့ ဘယ်လို နှောင့်ယှက်မှုမှ မကြုံခဲ့ကြောင်း ပြောပါတယ်။

ပြီးတော့ ဗြိတိန်ရဲ့ ရေတပ် သင်္ဘောတွေဟာ ယူကရိန်း ရေပိုင်နက်နဲ့ နိုင်ငံတကာ ရေပိုင်နက်တွေမှာပဲ သတ်မှတ် စည်းမျဉ်း ဥပဒေတွေနဲ့အညီ ခုတ်မောင်းလေ့ ရှိတယ်လို့ ဗြိတိန် အစိုးရက တုံ့ပြန်ပါတယ်။ ခရိုင်းမီးယားဟာ ယူကရိန်းပိုင် ဒေသတစ်ခု ဖြစ်ပေမယ့် ၂၀၁၄ မှာ ရုရှားက စစ်အင်အားသုံး သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန်က ရုရှားနဲ့ ရေတပ်ချင်း ဘယ်လိုမှ ပဋိပက္ခ မရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့တဲ့နောက် ဒါဟာ မျက်နှာပြောင်တိုက်တဲ့ မုသားမျိုးပဲလို့ ရုရှားစစ်ဘက်က စွပ်စွဲခဲ့ပါတယ်။ ခရိုင်းမီးယား တောင်ပိုင်းက ဖီယိုလန့် အငူနားမှာ ဗြိတိန် ဖျက်သင်္ဘောဟာ ရုရှား စစ်ရေယာဉ်တွေနဲ့ ၂ မိုင်တောင် မဝေးတဲ့ နေရာကနေ ဖြတ်သန်းသွားတယ်လို့ ရုရှားက ပြောပါတယ်။

ရုရှားဟာ မြေထဲပင်လယ်ကို ဖြန့်ကျက် စိုးမိုးရေး မျှော်မှန်းချက်အတွက် ပင်လယ်နက်ကို မဟာဗျူဟာ ရေလမ်းကြောင်း တစ်ခုအဖြစ် အသုံးပြုနေပါတယ်။ ဒါ့အပြင် ပင်လယ်နက်မှာ ရုရှား၊ ပြင်သစ်၊ ဗြိတိန်၊ တူရကီတို့ရဲ့ ရေတပ်ချင်း အားပြိုင်မှုတွေဟာ ရာစုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။