Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အင်္ဂလန်မှာ တစ်နှစ်တာအတွင်း Covid-19ကြောင့် သေဆုံးတဲ့ ကလေးအရေအတွက် ၂၅ ဦးသာရှိခဲ့

လက်ရှိ အခြေအနေတွေအရ ဗြိတိန် ကျန်းမာရေး မူဝါဒ အရာရှိတွေဟာ Pfizerက ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို ဇွန်လကစပြီး အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား လူငယ်တွေမှာ စမ်းသပ် ထိုးနှံခွင့် ပြုထားပြီလို့လည်း သိရပါတယ်။

Covid-19 ကပ်ရောဂါဟာ ကလေးငယ်တွေမှာ ထိခိုက်နိုင်ခြေ နည်းပါးတယ်ဆိုတဲ့ အချက်ကို ဗြိတိန် ဆေးသုတေသန ပညာရှင်တွေက သိပ္ပံနည်းကျ ထပ်မံ အတည်ပြုပေးလိုက်ပါတယ်။

ကလေးငယ်တွေနဲ့ ဆယ်ကျော်သက် အရွယ်တွေမှာ ရောဂါ ကူးစက်ခံရရင်တောင် အတိမ်းအစောင်း ဖြစ်နိုင်ခြေက လူကြီးတွေထက် အဆပေါင်းများစွာ ပိုနည်းတယ်လို့ ဘရစ္စတိုလ် တက္ကသိုလ်ရဲ့ သုတေသီ ဒေါက်တာ ကလာရီ စမစ်သ်က ဆိုပါတယ်။

ကလေးတွေမှာ ကာကွယ်ဆေး ထိုးပေးဖို့ စမ်းသပ် လေ့လာနေဆဲ အဆင့်ပဲ ရှိသေးပေမယ့် အရမ်း စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ဘူးလို့ ဒေါက်တာ စမစ်သ်က ရှင်းပြပါတယ်။ ဆေးမှတ်တမ်းတွေကို ပြန်လည် လေ့လာကြည့်တဲ့အခါ တစ်နှစ်တိတိ အချိန်ကာလအတွင်း အင်္ဂလန်မှာ Covid-19 ရောဂါကြောင့် သေဆုံးတဲ့ အသက် ၁၈ နှစ်အောက်အရွယ် ကလေးငယ်နဲ့ လူငယ်ပိုင်း ၂၅ ဦးသာ ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၀ ပြည့်နှစ်၊ မတ်လကနေ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အတောအတွင်း အင်္ဂလန်မှာ ရောဂါ ကူးစက် ခံရတဲ့ ကလေးအရေအတွက် ၄၆၉၀၀၀ လောက်ထိ များပြားနိုင်ကြောင်း၊ ဆေးစစ်အဖြေ Positive ထွက်ပေါ်ခဲ့တဲ့ထဲက အသက် ၁၈ နှစ်အောက် ကလေးတွေ သေဆုံးသူ ၆၁ ဦး ရှိခဲ့ပြီး ၂၅ ဦးကသာ Covid-19ကြောင့် အသက်ဆုံးရှုံးတယ်လို့ သတ်မှတ်နိုင်ကြောင်း၊ ကျန်တဲ့ ကလေးတွေက တခြားရောဂါတွေကြောင့် ကွယ်လွန်ခဲ့တာဖြစ်ကြောင်း ဒေါက်တာစမစ်သ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အင်္ဂလန်မှာတော့ ရောဂါ ကူးစက်ခံရတဲ့ အသက် ၁၈ နှစ်အောက်အရွယ် အားလုံးရဲ့ ၉၉.၉၉၅ ရာခိုင်နှုန်းဟာ အသက်ရှင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ တစ်နှစ်တာ ကာလအတွင်း Covid-19ကြောင့် အရေးပေါ် ကြပ်မတ် ကုသဆောင် (ICU)ကို ရောက်တဲ့ ကလေးအရေအတွက်က ၂၅၁ ဦး ရှိခဲ့ပါတယ်။ လူဦးရေနဲ့ အချိုးချကြည့်ရင် ကလေး ၂ သန်းမှာ ၁ ဦးလောက်သာ ဒီရောဂါကြောင့် သေနိုင်ခြေ ရှိတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ဒီတွေ့ရှိချက်တွေကို သက်ဆိုင်ရာ ကျန်းမာရေး ဌာနတွေဆီ ပေးပို့ထားပြီး အသက် ၁၈ နှစ်အောက် လူငယ်တွေမှာ ကာကွယ်ဆေး ထိုးနှံရေး ဆွေးနွေးမှု မူဝါဒတွေအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ဒေါက်တာ စမစ်သ်က ပြောပါတယ်။

လက်ရှိ အခြေအနေတွေအရ ဗြိတိန် ကျန်းမာရေး မူဝါဒ အရာရှိတွေဟာ Pfizerက ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို ဇွန်လကစပြီး အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား လူငယ်တွေမှာ စမ်းသပ် ထိုးနှံခွင့် ပြုထားပြီလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သားအနေဖြင့် ပြည်သူနှင့်ပူးပေါင်းကြရန်တိုက်တွန်းပြီး တိုက်ပွဲမခင်အချိန်ထိ ပြည်သူရင်ခွင်ခိုလှုံခွင့်ပြုထားဟု လည်း၎င်းကဆက်​ပြောသည်။

နိုင်ငံတကာ

မျက်မြင်တစ်ဦးရဲ့ အဆိုအရ ဓားကိုင်ထားတဲ့ အမျိုးသားဟာ ကလေးတွေအပြင် အနီးတဝိုက်မှာ ရှိနေသမျှ လူတိုင်းကို ဓားနဲ့လိုက်ထိုးဖို့ ကြိုးစားခဲ့တာလို့လည်း သိရပါတယ်။

သတင်း

ဓာတ်ပုံများတွင် တွေ့ရသော ဖြိုချခံရသည့် အုတ်နံရံသည် အသစ်ပြုလုပ်ထားခြင်းဖြစ်သောကြောင့် လွယ်လွယ်ကူကူ ဖြိုချနိုင်ခြင်းဖြစ်သည်ဟု လူမှုကွန်ရက်အသုံးပြုသူများက မှတ်ချက်များရေးသားထားသည်။