Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်္ဂလန်မှာ တစ်နှစ်တာအတွင်း Covid-19ကြောင့် သေဆုံးတဲ့ ကလေးအရေအတွက် ၂၅ ဦးသာရှိခဲ့

လက်ရှိ အခြေအနေတွေအရ ဗြိတိန် ကျန်းမာရေး မူဝါဒ အရာရှိတွေဟာ Pfizerက ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို ဇွန်လကစပြီး အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား လူငယ်တွေမှာ စမ်းသပ် ထိုးနှံခွင့် ပြုထားပြီလို့လည်း သိရပါတယ်။

Covid-19 ကပ်ရောဂါဟာ ကလေးငယ်တွေမှာ ထိခိုက်နိုင်ခြေ နည်းပါးတယ်ဆိုတဲ့ အချက်ကို ဗြိတိန် ဆေးသုတေသန ပညာရှင်တွေက သိပ္ပံနည်းကျ ထပ်မံ အတည်ပြုပေးလိုက်ပါတယ်။

ကလေးငယ်တွေနဲ့ ဆယ်ကျော်သက် အရွယ်တွေမှာ ရောဂါ ကူးစက်ခံရရင်တောင် အတိမ်းအစောင်း ဖြစ်နိုင်ခြေက လူကြီးတွေထက် အဆပေါင်းများစွာ ပိုနည်းတယ်လို့ ဘရစ္စတိုလ် တက္ကသိုလ်ရဲ့ သုတေသီ ဒေါက်တာ ကလာရီ စမစ်သ်က ဆိုပါတယ်။

ကလေးတွေမှာ ကာကွယ်ဆေး ထိုးပေးဖို့ စမ်းသပ် လေ့လာနေဆဲ အဆင့်ပဲ ရှိသေးပေမယ့် အရမ်း စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ဘူးလို့ ဒေါက်တာ စမစ်သ်က ရှင်းပြပါတယ်။ ဆေးမှတ်တမ်းတွေကို ပြန်လည် လေ့လာကြည့်တဲ့အခါ တစ်နှစ်တိတိ အချိန်ကာလအတွင်း အင်္ဂလန်မှာ Covid-19 ရောဂါကြောင့် သေဆုံးတဲ့ အသက် ၁၈ နှစ်အောက်အရွယ် ကလေးငယ်နဲ့ လူငယ်ပိုင်း ၂၅ ဦးသာ ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၀ ပြည့်နှစ်၊ မတ်လကနေ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အတောအတွင်း အင်္ဂလန်မှာ ရောဂါ ကူးစက် ခံရတဲ့ ကလေးအရေအတွက် ၄၆၉၀၀၀ လောက်ထိ များပြားနိုင်ကြောင်း၊ ဆေးစစ်အဖြေ Positive ထွက်ပေါ်ခဲ့တဲ့ထဲက အသက် ၁၈ နှစ်အောက် ကလေးတွေ သေဆုံးသူ ၆၁ ဦး ရှိခဲ့ပြီး ၂၅ ဦးကသာ Covid-19ကြောင့် အသက်ဆုံးရှုံးတယ်လို့ သတ်မှတ်နိုင်ကြောင်း၊ ကျန်တဲ့ ကလေးတွေက တခြားရောဂါတွေကြောင့် ကွယ်လွန်ခဲ့တာဖြစ်ကြောင်း ဒေါက်တာစမစ်သ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အင်္ဂလန်မှာတော့ ရောဂါ ကူးစက်ခံရတဲ့ အသက် ၁၈ နှစ်အောက်အရွယ် အားလုံးရဲ့ ၉၉.၉၉၅ ရာခိုင်နှုန်းဟာ အသက်ရှင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ တစ်နှစ်တာ ကာလအတွင်း Covid-19ကြောင့် အရေးပေါ် ကြပ်မတ် ကုသဆောင် (ICU)ကို ရောက်တဲ့ ကလေးအရေအတွက်က ၂၅၁ ဦး ရှိခဲ့ပါတယ်။ လူဦးရေနဲ့ အချိုးချကြည့်ရင် ကလေး ၂ သန်းမှာ ၁ ဦးလောက်သာ ဒီရောဂါကြောင့် သေနိုင်ခြေ ရှိတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ဒီတွေ့ရှိချက်တွေကို သက်ဆိုင်ရာ ကျန်းမာရေး ဌာနတွေဆီ ပေးပို့ထားပြီး အသက် ၁၈ နှစ်အောက် လူငယ်တွေမှာ ကာကွယ်ဆေး ထိုးနှံရေး ဆွေးနွေးမှု မူဝါဒတွေအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ဒေါက်တာ စမစ်သ်က ပြောပါတယ်။

လက်ရှိ အခြေအနေတွေအရ ဗြိတိန် ကျန်းမာရေး မူဝါဒ အရာရှိတွေဟာ Pfizerက ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို ဇွန်လကစပြီး အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား လူငယ်တွေမှာ စမ်းသပ် ထိုးနှံခွင့် ပြုထားပြီလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ လီဗာပူး အသင်းရဲ့ နာမည်ကျော် ကစားသမားဟောင်း ကီဗင်ကီးဂန်းဟာ အသက် ၇၅ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး တတိယနေရာ လုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ခြောက်ဂိုး-လေးဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယမ် အမ်ဘာပေကလည်း လက်ရှိ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် နေရာမှာရော၊ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး...

နိုင်ငံတကာ

ဦးဆောင်ဂိုးကို ထိန်းထားဖို့ ကြိုးစားတဲ့ အင်္ဂလန်ရဲ့ အားထုတ်မှုက မလုံလောက်ခဲ့ဘူးလို့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဖွင့်ဟခဲ့ပါတယ်။

နိုင်ငံတကာ

နော်ဝေးအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစားပြီးတဲ့နောက် နာမည်ကြီး အင်္ဂလန် ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ် အဆင့်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ဒီထက်ပိုခမ်းနားတဲ့ ခြေလှမ်းသစ် တစ်ခုကို မျှော်လင့်ခဲ့တဲ့ ဖျက်မြင်း အသင်းကောင်း နော်ဝေးကတော့ ရည်မှန်းချက်...