Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်နဲ့ တောင်ကိုရီးယားကို တင်းတင်းမာမာ သတိပေးလိုက်တဲ့ မြောက်ကိုရီးယား

နှစ်စဉ် ဒီလို လေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက သူတို့ကို ကျူးကျော်စစ်ပြုဖို့ ပြင်ဆင်မှုတွေအဖြစ် ယူဆလေ့ ရှိပါတယ်။

ရန်စတဲ့ အပြုအမူတွေကို ရှောင်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံကို မြောက်ကိုရီးယားက တင်းတင်းမာမာ သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယား အစိုးရ ထိပ်တန်း အရာရှိ တစ်ဦးက မဟာမိတ် နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မယ့် ကိစ္စကို ရှုတ်ချလိုက်ပြီး ဒါဟာ ဒေသတွင်း လုံခြုံရေး အကျပ်အတည်းတွေ ဖြစ်လာစေမယ့် လုပ်ရပ်မျိုးလို့ ဝေဖန်သွားပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးပေါင်း စစ်ရေးလေ့ကျင့်မှုဟာ အခု သီတင်းပတ်မှာ အစပြုမှာပါ။ နှစ်စဉ် ဒီလို လေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက သူတို့ကို ကျူးကျော်စစ်ပြုဖို့ ပြင်ဆင်မှုတွေအဖြစ် ယူဆလေ့ ရှိပါတယ်။

မြောက်ကိုရီးယားဖက်က ရန်လိုတဲ့ အပြုအမူလို့ သတ်မှတ်ထားတဲ့ ကိစ္စတွေကို သတ္တိကောင်းကောင်းနဲ့ ဆက်လုပ်ပြနေတာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ သေချာ ဖြေရှင်းဖို့ လိုကြောင်း၊ ဒါဟာ ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ဖို့ အခွင့်အရေးကောင်းတွေကို လက်လွှတ်လိုက်တဲ့ သဘောလည်းဖြစ်ကြောင်း မြောက်ကိုရီးယား ထောက်လှမ်းရေးဌာန အကြီးအကဲဟောင်းနဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကင်မ်ယောင်ချိုလ်က KCNA သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အရေးပေါ် ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်ဖို့ ချိတ်ဆက်ထားတဲ့ Hotlineကို မြောက်ကိုရီးယားက ဖြတ်တောက်ထားလိုက်ပြီး မကြာခင်မှာပဲ ကင်မ်ဆီက အခုလို မှတ်ချက်စကားမျိုး ထွက်ပေါ်လာတာပါ။ ဒီအတောအတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်ပြီး နိုင်ငံရေး ဩဇာ ကြီးမားတဲ့ ကင်မ်ယိုဂျောင်ကလည်း မြောက်ကိုရီးယားရဲ့ အကြိမ်ကြိမ် အထပ်ထပ် သတိပေးမှုကို မျက်ကွယ်ပြုထားရင် တောင်ကိုရီးယားရော၊ အမေရိကန်ပါ ဆိုးရွားတဲ့ နောက်ဆက်တွဲ လုံခြုံရေး ဆိုးကျိုးတွေနဲ့ ကြုံလာလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေဟာ တောင်ကိုရီးယားရဲ့ လုံခြုံရေး ကဏ္ဍအတွက် အထူးတလည် အရေးပါတဲ့ မဟာဗျူဟာ အစီအမံတွေအဖြစ် နိုင်ငံတကာ လေ့လာသူတွေက သုံးသပ် ထောက်ပြထားကြပါတယ်။ ဒါပေမဲ့ ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်ကရော၊ ဒီနှစ်မှာပါ အဲဒီ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကို မဖြစ်မနေ အင်အားလျှော့ချ ကန့်သတ်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က လူလုပ်တူးမြောင်း တစ်ခုထဲ ရောက်နေတဲ့ ငါးမန်းတစ်ကောင်ကို လူပေါင်း သိန်းနဲ့ချီပြီး လာရောက် ကြည့်ရှုနေကြပါတယ်။

နိုင်ငံတကာ

နျူကလီးယားလက်နက်တွေ ဖောက်ခွဲစမ်းသပ်တာမျိုး မလုပ်ဖို့ နိုင်ငံတကာ တောင်းဆိုမှု တစ်ခုကို မြောက်ကိုရီးယားက ပြတ်ပြတ်သားသား ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပွဲကို တကယ်ပဲ ရပ်တန့်ချင်သလား ဆိုတာကို အမေရိကန်ကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

Facebook