Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အင်တိုက်အားတိုက် ကြိုးစားသွားမယ်လို့ ဘိုင်ဒန် ကတိပြု

စက်တင်ဘာ ၂၁ ရက်က ဘိုင်ဒန် အနေနဲ့ အမေရိကန် သမ္မတ ရာထူးကို လက်ခံယူပြီး ပထမဆုံးအကြိမ် ကုလသမဂ္ဂမှာ မိန့်ခွန်း ပြောခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အနေနဲ့ သံတမန်ရေး၊ နိုင်ငံတကာ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ကြိုးစား ဆောင်ရွက်သွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ကုလသမဂ္ဂ ညီလာခံမှာ မိန့်ခွန်း ပြောကြားသွားခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက်က ဘိုင်ဒန် အနေနဲ့ အမေရိကန် သမ္မတ ရာထူးကို လက်ခံယူပြီး ပထမဆုံးအကြိမ် ကုလသမဂ္ဂမှာ မိန့်ခွန်း ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ အာဖဂန် နစ္စတန်က အမေရိကန်တပ်တွေ ရုပ်သိမ်းစေခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် ဘိုင်ဒန်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အမေရိကန်ဟာ အီရန်ကနေ အစပြုပြီး ကိုရီးယား ရေလက်ကြားနဲ့ အီသီယိုးပီးယားတို့မှာ ကြုံနေတဲ့ နိုင်ငံတကာ အကျပ်အတည်းတွေကို ထဲထဲဝင်ဝင် ပါဝင် ဖြေရှင်းဖို့ လိုလားကြောင်း ဘိုင်ဒန်က ဆိုပါတယ်။ သူ့လက်ထက်မှာ အမေရိကန် အနေနဲ့ စစ်အင်အား သုံးစွဲမှုတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်မယ် ဆိုတာရယ်၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုကို စွမ်းစွမ်းတမံ တွန်းလှန်သွားမယ် ဆိုတာရယ်ကိုလည်း သမ္မတက ကတိပြုခဲ့ပါတယ်။

ကမ္ဘာကြီးဟာ အနာဂတ်အတွက် အဆုံးအဖြတ် အလှည့်အပြောင်းတွေ ဖြစ်လာစေမယ့် ဆယ်စုနှစ် အစကို ရောက်ရှိနေကြောင်း၊ ကိုဗစ် ကပ်ရောဂါနဲ့ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုတွေဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေကြောင်း ဘိုင်ဒန်က ဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ရာသီဥတု ထိန်းချုပ်ရေးနဲ့ နိုင်ငံတကာ ငတ်မွတ်ခေါင်းပါးမှု လျှော့ချရေး ရည်မှန်းချက်တွေအတွက် ဒေါ်လာ ၁၀ ဘီလီယံလောက် သုံးစွဲသွားမယ်လို့လည်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘိုင်ဒန်က တရုတ်၊ ဒါမှမဟုတ် ဘေဂျင်း ဆိုတာမျိုး တိုက်ရိုက် သုံးနှုန်းမသွားပေမယ့် အမေရိကန်ရဲ့ အင်အားကြီး ပြိုင်ဘက် နိုင်ငံတစ်ခုကို ရည်ညွှန်းပြီး ဝေဖန် တိုက်ခိုက်သွားခဲ့ပါတယ်။ ဒီနှစ်နိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသ ဩဇာဖြန့်ကျက် လွှမ်းမိုးရေးအတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေပါတယ်။

အင်အားကြီး နိုင်ငံတစ်ခုက အင်အားနည်းတဲ့ နိုင်ငံတွေအပေါ် ဖိအားပေး ချုပ်ကိုင် လွှမ်းမိုးဖို့ ကြိုးစားနေတာမျိုးတွေကို အမေရိကန်က မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တွန်းလှန် ဆန့်ကျင်သွားမယ်လို့ ဘိုင်ဒန်က ပြောကြားသွားပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ စစ်အေးတိုက်ပွဲ အသစ်ကို ထပ်ပြီး ဖန်တီးနေမှာတော့ မဟုတ်ဘူးလို့လည်း သူက အခိုင်အမာ ထပ်လောင်း ပြောဆိုသွားပါတယ်။

ဘိုင်ဒန်က ဝေဖန်မှုတွေ မြင့်တက်နေတဲ့ အာဖဂန် အရေးကိစ္စနဲ့ ပတ်သက်လို့ စစ်တပ်တွေ ရုပ်သိမ်းစေတဲ့ သူ့ဆုံးဖြတ်ချက်ကိုလည်း ကာကွယ်သွားခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ လောက် ကြာမြင့်ခဲ့တဲ့ အာဖဂန် ပဋိပက္ခကနေ ထွက်ခွာခဲ့တာဟာ အမေရိကန်အတွက် ခေတ်သစ် တစ်ခုကို အစပြုခြင်းလို့ သူက ညွှန်းဆိုပါတယ်။ တစ်ဖက်မှာလည်း Aukus ကာကွယ်ရေး သဘောတူညီမှုနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ ဖြစ်ပျက်နေတဲ့ အငြင်းပွားမှုတွေအတွက် အမေရိကန်၊ ဩစတြေးလျနဲ့ ပြင်သစ်တို့ သုံးပွင့်ဆိုင် ညှိနှိုင်း အဖြေရှာသွားမယ်လို့ ဘိုင်ဒန်က ကတိပြုခဲ့ပါတယ်။

ဘိုင်ဒန် မိန့်ခွန်း မပြောခင်မှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အင်အားကြီး နိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်လာတာနဲ့ ပတ်သက်လို့ သတိပေး စကား ပြောခဲ့ပါသေးတယ်။ နောက်ထပ် စစ်အေးခေတ်တစ်ခု ပေါ်ထွန်းလာမှာကို တစ်ကမ္ဘာလုံးက မလိုလားကြောင်း ဂူတာရက်ဇ်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကာတာ အစိုးရက လက်ဆောင်ပေးထားတဲ့ ဇိမ်ခံလေယာဉ်ကြီးကို အမေရိကန် လွတ်လပ်ရေးနေ့မှာ သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် စတင် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က သတ်မှတ်ထားတဲ့နေအိမ်ကို ရွှေ့ပြောင်းခဲ့မှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မှတ်သားသိရှိကြောင်းနဲ့မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။