Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်ဝမ် လေပိုင်နက်နားကို တရုတ် စစ်လေယာဉ် ၄၀ နီးပါး ချဉ်းကပ်ပျံသန်း

တရုတ် စစ်လေယာဉ်တွေဟာ နှစ်သုတ်ခွဲပြီး ထိုင်ဝမ်ကျွန်းနားကို ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်ဝမ်ဖက်ကလည်း တိုက်လေယာဉ်တွေကို အဆောတလျင် ပျံတက်စေခဲ့သလို လေကြောင်း ကာကွယ်ရေး စနစ်တွေကို အသင့်ပြင်ပြီး စောင့်ကြည့်ခဲ့ပါတယ်။

တရုတ် စစ်လေယာဉ် အစီး ၄၀ နီးပါးလောက်ထိ ထိုင်ဝမ် လေပိုင်နက်နား ချဉ်းကပ် ပျံသန်းခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက် တစ်နေ့တည်းမှာတင် ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ထားတဲ့ ဧရိယာတွေမှာ စုစုပေါင်း တရုတ် စစ်လေယာဉ် ၃၈ စီးထိ ချဉ်းကပ် ပျံသန်းခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ တရုတ်လေတပ်က ထိုင်ဝမ် လေပိုင်နက်နား ချဉ်းကပ်ပြီး အင်အားပြဖူးသမျှထဲမှာ အရေအတွက် အများဆုံး ပမာဏလည်း ဖြစ်လာပါတယ်။

တရုတ် စစ်လေယာဉ်တွေဟာ နှစ်သုတ်ခွဲပြီး ထိုင်ဝမ်ကျွန်းနားကို ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်ဝမ်ဖက်ကလည်း တိုက်လေယာဉ်တွေကို အဆောတလျင် ပျံတက်စေခဲ့သလို လေကြောင်း ကာကွယ်ရေး စနစ်တွေကို အသင့်ပြင်ပြီး စောင့်ကြည့်ခဲ့ပါတယ်။

တရုတ်ဟာ ဒီမိုကရေစီ ပီပြင်ထွန်းကားတဲ့ ထိုင်ဝမ်ကျွန်းကို လက်အောက်ခံ နယ်မြေအဖြစ် သတ်မှတ်လိုပေမယ့် ထိုင်ဝမ်ကတော့ ကိုယ်ပိုင် သီးခြားလွတ်လပ်တဲ့ နိုင်ငံ အနေနဲ့သာ ရပ်တည်လိုတာကြောင့် နှစ်ဖက် တင်းမာမှုတွေ အစဉ်အဆက် ရှိနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ် လေတပ်နဲ့ ရေတပ်ဟာ ထိုင်ဝမ်ရဲ့ ရေပိုင်နက် အပြင်နားထိ ချဉ်းကပ်ပြီး ကင်းလှည့် ခုတ်မောင်းတာတွေ၊ ပျံသန်းတာတွေကို ပိုမို တိုးမြှင့် လုပ်ဆောင်လာပါတယ်။ တရုတ်အနေနဲ့ စစ်အင်အားကို ချဲ့ထွင်ပြီး ထိုင်ဝမ်အပေါ် ရန်လိုမှုတွေ ပိုမို ပြသလာနေတယ်လို့ ထိုင်ဝမ် ဝန်ကြီးချုပ် ဆူကျန်ချန်းက ပြောပါတယ်။

တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်မှု ၇၂ နှစ်ပြည့် အခမ်းအနား ကျင်းပနေတဲ့ တရုတ်အစိုးရကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အရင်က ထိုင်ဝမ်နားကို ရေတပ်၊ လေတပ်တွေ စေလွှတ်တဲ့ အခါတိုင်း တရုတ်က အချုပ်အခြာ ပိုင်နက် လုံခြုံရေးအတွက် ကင်းလှည့်တာလို့ ပြောလေ့ ရှိပါတယ်။

အောက်တိုဘာ ၁ ရက်ကတော့ တရုတ် လေတပ်ရဲ့ လေယာဉ် ၂၅ စီးဟာ ထိုင်ဝမ် အနောက်တောင်ပိုင်း လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ထားရာ ပါရာတက်စ် ကျွန်းတန်းနားကို ရောက်ရှိလာပြီး ညနေပိုင်းမှာ နောက်ထပ် လေယာဉ် ၁၃ စီးက အဲဒီ ဧရိယာနားမှာပဲ လှည့်ပတ် ပျံသန်းနေခဲ့တယ်လို့ သိရပါတယ်။

ထိုင်ဝမ် စစ်ဘက် အရာရှိတွေက တရုတ်ရဲ့ လေယာဉ်တွေထဲမှာ နျူကလီးယား လက်နက်တွေ တင်ဆောင် တိုက်ပွဲဝင်နိုင်တဲ့ H-6 ဗုံးကြဲလေယာဉ်တွေလည်း ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ တရုတ် အနေနဲ့ ဘယ်လို အကြောင်းမျိုးကြောင့် အခုလိုမျိုး လေတပ်အင်အား အလုံးအရင်း စေလွှတ်ပြီး ထိုင်ဝမ်ကို ဖိအားပေးခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

ငလျင်အန္တရာယ်နဲ့ ပတ်သက်ရင် ထိုင်ဝမ်မှာ စနစ်ကျပြီး ထိရောက်တဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ ရှိခဲ့ပြီး ဖြစ်တဲ့အတွက် သွေးရူးသွေးတမ်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်မလာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။