Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရက်မူးပြီး ကားမောင်းမှုကြောင့် ထိုင်းဝန်ကြီးတစ်ဦးရဲ့သား ထောင်ဒဏ်ချမှတ်ခံရ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။

အရက်မူးပြီး ကားမောင်းမှုကြောင့် ထိုင်းဝန်ကြီးတစ်ဦးရဲ့သား ထောင်ဒဏ်ချမှတ်ခံရ
အရက်မူးပြီး ကားမောင်းမှုကြောင့် ထိုင်းဝန်ကြီးတစ်ဦးရဲ့သား ထောင်ဒဏ်ချမှတ်ခံရ

ထိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးရဲ့ သားဟာ အရက်မူးနေချိန် ကားမောင်းပြီး ရဲတပ်ဖွဲ့ရဲ့ လမ်းအတားအဆီးကို ဝင်တိုက်ခဲ့တာကြောင့် ထောင်ဒဏ် ၄ လ ချမှတ် ခံလိုက်ရပါတယ်။

အသက် ၄၆ နှစ်အရွယ် ပါနစ်ချ် ပရွမ်ဖက်ဟာ ဧပြီ ၁၈ ရက်နေ့တုန်းက သူ့ရဲ့ BMW ပြိုင်ကားကို မောင်းနှင်လာပြီး ဘန်ကောက်မှာရှိတဲ့ ချာတူချက်ခ် ရပ်ကွက်ထဲက ယာဉ်ထိန်းရဲတွေ ချထားတဲ့ လမ်းအတားအဆီးကို ဝင်တိုက်ခဲ့ပါတယ်။

ပါနစ်ချ်ဟာ ထိုင်းအစိုးရရဲ့ ပြည်သူ့ကျန်းမာရေး ဒုတိယဝန်ကြီး ဆန်တီ ပရွမ်ဖက်ရဲ့ သားဖြစ်ပါတယ်။

အသေးစား ယာဉ်တိုက်မှု အပြီးမှာ ရဲတွေက ပါနစ်ချ်ကို အယ်လ်ကိုဟော စစ်ဆေးမှုလုပ်ဖို့ ပြောပေမယ့် သူက ငြင်းဆန်ခဲ့တာကြောင့် အသက်ရှူပြီး သွေးအတွင်း အယ်လ်ကိုဟော ပါဝင်မှု တိုင်းတာတဲ့ နည်းလမ်းနဲ့ စစ်ဆေးစေခဲ့ပါတယ်။ ရလဒ်ကတော့ သူ့ရဲ့ သွေးထဲမှာ အယ်လ်ကိုဟော ပါဝင်မှုက ခွင့်ပြုပမာဏထက် လေးဆ နီးပါးလောက် လွန်ကဲနေတာကို တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် သူ့ကို အရက်မူးပြီး ကားမောင်းမှု၊ အယ်လ်ကိုဟော စစ်ဆေးတာကို ငြင်းဆန်မှုတွေနဲ့ အစိုးရ ရှေ့နေတွေက စွဲချက်တင်ခဲ့ပါတယ်။ ဘန်ကောက် မြောက်ပိုင်းခရိုင် တရားရုံးက စွပ်စွဲခံရသူဟာ ပြစ်မှု ထင်ရှားတယ်လို့ ဆုံးဖြတ်ပြီး ထောင်ဒဏ် ၄ လနဲ့ ဒဏ်ငွေ ဘတ် ၈၀၀၀ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ထောင်ဒဏ်ကို ထက်ဝက်ဖြစ်တဲ့ ၂ လထိ လျှော့ချပေးထားပြီး ၂ နှစ်အတွင်း ကောင်းမွန်စွာ နေထိုင်မယ်ဆိုရင် ဆိုင်းငံ့ပြစ်ဒဏ် ၂ လက ပယ်ဖျက်ပြီး ဖြစ်သွားမှာပါ။ နောက်ပြီး တရားခံက ပြစ်မှုကို ဝန်ခံခဲ့တာကြောင့် ဒဏ်ငွေကိုလည်း တရားရုံးက ထက်ဝက် ပြန်လည် လျှော့ချပေးခဲ့ပါတယ်။

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

Facebook