Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်ဝမ်မှာ လူနေတိုက် မီးလောင်ပြီး ၄၆ ဦးထက်မနည်း သေဆုံး

၁၃ ထပ် မြင့်ပြီး လူနေ အိမ်ခန်းတွေနဲ့ ရုံးခန်းတွေ ဖွင့်လှစ်ထားတဲ့ အဆောက်အအုံကြီးဟာ အောက်တိုဘာ ၁၅ ရက် မနက်အစောပိုင်းက မီးစလောင်ခဲ့တာပါ။

ထိုင်ဝမ်နိုင်ငံက လူနေတိုက်ကြီး တစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး လူပေါင်း ၄၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

၁၃ ထပ် မြင့်ပြီး လူနေ အိမ်ခန်းတွေနဲ့ ရုံးခန်းတွေ ဖွင့်လှစ်ထားတဲ့ အဆောက်အအုံကြီးဟာ အောက်တိုဘာ ၁၅ ရက် မနက်အစောပိုင်းက မီးစလောင်ခဲ့တာပါ။ ခေါင်ရွှမ်မြို့က ယန်ချန်းရပ်ကွက်မှာ ရှိတဲ့ အဆောက်အအုံမှာ မီးတွေ ငြှိမ်းသတ်လိုက်ပြီးတဲ့နောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

မီးသတ်တပ်ဖွဲ့တွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေ စုစုပေါင်း ၄၀၀ ဝန်းကျင်လောက်က အခင်းဖြစ်ရာ နေရာတဝိုက်မှာ အလုပ်ရှုပ်နေပြီး အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေနေပါတယ်။ မီးလောင်မှုကြောင့် ဒဏ်ရာရသူ ၄၁ ဦးထက်မနည်း ရှိခဲ့ပြီး အခြေအနေ ဆိုးရွားသူတွေလည်း ပါဝင်နေတာကြောင့် သေဆုံးမှု စာရင်းက လက်ရှိထက် တိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ၇ ထပ်နဲ့ ၁၁ ထပ်ကြား အခန်းတွေထဲမှာ ပိတ်မိ သေဆုံးနေသူတွေ ထပ်ရှိနိုင်သေးတယ်လို့လည်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။ အဆောက်အအုံက မီးကို ငြှိမ်းသတ်ဖို့အတွက် မီးသတ်ကား အစီးရေ ၁၄၀ လောက် သုံးစွဲခဲ့ရပါတယ်။ အောက်တိုဘာ ၁၅ ရက် နေ့လယ်ပိုင်း အချိန်ထိ လူပေါင်း ၆၂ ဦးလောက်ကို ကယ်ထုတ်ထားပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်တဲ့ အဆောက်အအုံမှာ လူပေါင်း ၁၀၀ ကျော် နေထိုင်ပြီး သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေ တော်တော်များများ ပါဝင်တယ်လို့လည်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ မီးစတင် လောင်ကျွမ်းတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါ။ ခေါင်ရွှမ်မြို့တော်ဝန် ချန်ချီမိုင်က ဒီဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုတွေကို မြို့အာဏာပိုင်တွေ အနေနဲ့ တောင်းပန်ကြောင်း ထုတ်ပြန်ပါတယ်။

အဆောက်အအုံရဲ့ ဆဋ္ဌမထပ်က စီးပွားရေး လုပ်ငန်းတွေအတွက် အသုံးပြုဖို့ တည်ဆောက်ထားပြီး အပေါ်ထပ်တွေက လူနေ တိုက်ခန်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆဋ္ဌမထပ်မှာ ရုံးခန်းတွေ မဖွင့်ဖြစ်တော့ဘဲ မီးလောင်လွယ်တဲ့ ပစ္စည်းတွေ သိုလှောင်ထားတာကြောင့် အခြေအနေတွေ အခုလို ဆိုးရွားကုန်တာလို့ ချန်က ပြောပါတယ်။

ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က မီးလောင်မှုမှာ လူ့အသက်တွေ ဆုံးရှုံးခဲ့ရတဲ့အတွက် အလေးအနက် စိတ်ထိခိုက်မိကြောင်း Facebookမှာ ရေးသား ကြေညာခဲ့ပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ တိတိကျကျ စစ်ဆေး ဖော်ထုတ်သွားမယ်လို့လည်း ကတိပြုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငလျင်အန္တရာယ်နဲ့ ပတ်သက်ရင် ထိုင်ဝမ်မှာ စနစ်ကျပြီး ထိရောက်တဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ ရှိခဲ့ပြီး ဖြစ်တဲ့အတွက် သွေးရူးသွေးတမ်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်မလာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

နိုင်ငံတကာ

ထိုင်ဝမ်မှာ နောက်ဆုံး လှုပ်ခတ်ဖူးတဲ့ အင်အားပြင်း ငလျင်ကြီးကတော့ ၁၉၉၉ ခုနှစ်တုန်းက ရစ်ချ်တာစကေး ၇.၆ အဆင့် ငလျင်ကြီးဖြစ်ပြီး လူပေါင်း ၂၄၀၀ လောက် သေဆုံးခဲ့သလို အဆောက်အအုံ ၅၀၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ထိုင်ဝမ်မှာ ငလျင်ကြောင့် ဖြစ်ပွားတဲ့ မြေပြိုမှုတွေနဲ့ ဓာတ်အားပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။