Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြို့သစ် စီမံကိန်းမှာ လူမြင်ကွင်းရှေ့ ပြန်ထွက်လာတဲ့ ကင်မ်ဂျုံအန်း

ဆမ်ဂျီယောင်ဟာ အရင်က နှင်းဖုံးတောင်တန်းတွေနဲ့ ဆက်စပ်နေတဲ့ မြို့ငယ်လေးဖြစ်ပြီး တရုတ်နဲ့ နယ်နိမိတ် အနီးမှာ တည်ရှိပါတယ်။ ပြီးတော့ မြောက်ကိုရီးယားမှာ အထွဋ်အမြတ် ထားတဲ့ နေရာတစ်ခုလို့ ဆိုရမယ့် ပက်ခ်တူ တောင်နဲ့လည်း ဆက်စပ်နေပါတယ်။

ပျောက်ချက်သား ကောင်းနေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ မြို့တော်သစ် တည်ဆောက်မှု စီမံကိန်းမှာ လူမြင်ကွင်းရှေ့ ပြန်လည် ထွက်ပေါ်လာခဲ့ကြောင်း သိရပါတယ်။

ကင်မ်ဟာ ဆမ်ဂျီယောင် မြို့သစ် စီမံကိန်းကို သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ကြောင်း အစိုးရ မီဒီယာတွေက ဖော်ပြပါတယ်။ ဒါဟာ တစ်လကျော်လောက် ကာလအတွင်း ကင်မ်အနေနဲ့ ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ပြန်ရောက်လာတာ ဖြစ်ပါတယ်။

ဆမ်ဂျီယောင်ဟာ အရင်က နှင်းဖုံးတောင်တန်းတွေနဲ့ ဆက်စပ်နေတဲ့ မြို့ငယ်လေးဖြစ်ပြီး တရုတ်နဲ့ နယ်နိမိတ် အနီးမှာ တည်ရှိပါတယ်။ ပြီးတော့ မြောက်ကိုရီးယားမှာ အထွဋ်အမြတ် ထားတဲ့ နေရာတစ်ခုလို့ ဆိုရမယ့် ပက်ခ်တူ တောင်နဲ့လည်း ဆက်စပ်နေပါတယ်။

စီမံကိန်းအရ ဆမ်ဂျီယောင်ကို ဆိုရှယ်လစ် သုခဘုံ တစ်ခုအသွင် ပြောင်းလဲပစ်မယ်လို့ မြောက်ကိုရီးယား အာဏာပိုင်တွေက ကြွေးကြော်ထားပါတယ်။ ကင်မ်မိသားစုဟာ ပက်ခ်တူတောင်ရဲ့ အဆက်အနွှယ်တွေလို့ ကိုယ့်ကိုယ်ကိုယ် ညွှန်းဆိုထားပါတယ်။ မြို့သစ် စီမံကိန်း စတင်ချိန် ၂၀၁၈ ကတည်းက ကင်မ်ဟာ အဲဒီ နေရာကို မကြာခဏ သွားရောက်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အခု ခရီးစဉ်ကတော့ မြို့ပြစီမံကိန်းရဲ့ တတိယနဲ့ နောက်ဆုံးအဆင့် လုပ်ငန်းစဉ်တွေကို ခေါင်းဆောင်ကြီးက သွားရောက် စစ်ဆေးခဲ့တာလို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။ ကင်မ်ဟာ ကာကွယ်ရေးပြပွဲ တစ်ခုမှာ မိန့်ခွန်းပြောပြီး ကတည်းက လူရှေ့ မထွက်ဘဲ သတင်းပျောက်နေခဲ့တာပါ။ ဒါဟာ ၂၀၁၄ နောက်ပိုင်း ကင်မ်အနေနဲ့ လူမြင်ကွင်းကနေ အချိန်အကြာဆုံး ပျောက်ကွယ်နေခဲ့တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယား အစိုးရက ဆမ်ယီဂျောင်ကို စက်မှုနဲ့ ကုန်သွယ်ရေး ရပ်ဝန်းတစ်ခုအဖြစ် ထူထောင် ပြောင်းလဲဖို့ ကြိုးစားနေပြီး အလားတူ စီမံကိန်းတွေလည်း အကောင်အထည် ထပ်ဖော်ဖို့ လျာထားပါတယ်။ ဒါဟာ မြောက်ကိုရီးယား အနေနဲ့ စီးပွားရေး ကဏ္ဍမှာ ကိုယ့်ထူးကိုယ်ချွန် ရပ်တည်ဖို့ လိုတယ်ဆိုတဲ့ ကင်မ်ရဲ့ လမ်းညွှန်ချက်နဲ့လည်း ဆက်နွှယ်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ သမီးဟာ ဖခင်ရဲ့ အရိုက်အရာ ဆက်ခံသူ ဖြစ်လိမ့်မယ် ဆိုတာက ထင်ကြေး ယူဆချက် သက်သက်တွေထက် ပိုမို ခိုင်မာလာနေကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံရဲ့ နျူကလီးယားလက်နက် တည်ဆောက်မှုကို နောက်ကြောင်း ပြန်လှည့်လို့ မရတဲ့ထိ မြဲမြံခိုင်မာစေခဲ့ပြီး ဖြစ်တယ်လို့ မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ အုပ်ချုပ်ရေး မူဝါဒဆိုင်ရာ အကြီးအမှူး အရာရှိချုပ် ရာထူးမှာ ကင်မ်ဂျုံအွန်းက ပြန်လည် တင်မြှောက် ခန့်အပ် ခံခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့အလယ်မှာ မြောက်ကိုရီးယားရဲ့ ရပ်တည်မှုဟာ တစ်နေ့ပြီးတစ်နေ့ ပိုမိုခိုင်မာ ထည်ဝါလာနေတယ်လို့ အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။