Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ ကမ္ဘာ့အလယ် ရပ်တည်မှုက တစ်နေ့တခြား ပိုအားကောင်းလာနေတယ်လို့ ကင်မ်ဂျုံအွန်း ကြွေးကြော်

ကမ္ဘာ့အလယ်မှာ မြောက်ကိုရီးယားရဲ့ ရပ်တည်မှုဟာ တစ်နေ့ပြီးတစ်နေ့ ပိုမိုခိုင်မာ ထည်ဝါလာနေတယ်လို့ အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

ဓာတ်ပုံ - KCNA

ကမ္ဘာ့အလယ်မှာ မြောက်ကိုရီးယားရဲ့ ရပ်တည်မှုဟာ တစ်နေ့ပြီးတစ်နေ့ ပိုမိုခိုင်မာ ထည်ဝါလာနေတယ်လို့ အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

အာဏာရ အလုပ်သမားပါတီ ထူထောင်မှု နှစ် ၈၀ ပြည့် အခမ်းအနားကို ပြုံယမ်းမှာ အောက်တိုဘာ ၉ ရက်နေ့က ကျင်းပခဲ့ရာမှာ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တချို့လည်း တက်ရောက်ခဲ့ပါတယ်။ ကင်မ်က အဲဒီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ မြောက်ကိုရီးယားဟာ နှစ် ၈၀ ကြာ သမိုင်းကြောင်းတလျှောက် ဘာအမှား တစ်ခုကိုမှ မလုပ်မိခဲ့ဘူးလို့လည်း ဂုဏ်ယူစွာနဲ့ ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားမှာ အလုပ်သမားပါတီ စတင်ထူထောင် အာဏာရယူပြီးချိန် ကတည်းက ကင်မ်ရဲ့ မိသားစုတွေကပဲ ဘိုးဘေးစဉ်ဆက် အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံကို ထူထောင်ခဲ့တာက ကင်မ်ရဲ့ အဖိုးဖြစ်ပြီး အဲဒီနောက် ကင်မ်ရဲ့ ဖခင်က အရိုက်အရာ လွှဲယူခဲ့သလို အခုတော့ ကင်မ်က နိုင်ငံကို ဦးဆောင်နေပါတယ်။

ပြုံယမ်းမှာရှိတဲ့ မေဒေး အားကစားရုံကြီးမှာ ကျင်းပတဲ့ အခမ်းအနားအတွင်း မိန့်ခွန်းပြောချိန်မှာ ကင်မ်က မြောက်ကိုရီးယားဟာ အခုဆိုရင် ကမ္ဘာ့အလယ်မှာ ထည်ဝါအားကောင်းတဲ့ ပြည်သူလူထု တစ်ရပ်အဖြစ် ရပ်တည်နေကြောင်း၊ သူ့နိုင်ငံက မကျော်လွှားနိုင်တဲ့ အတားအဆီးမျိုး၊ သူ့နိုင်ငံက လက်လှမ်းမမီတဲ့ အောင်မြင်မှုမျိုးဆိုတာ မရှိကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့လက ဘေဂျင်းမှာ တရုတ်ရဲ့ နှစ် ၈၀ ပြည့် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲကို ကင်မ်က တက်ရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့နဲ့ တွေ့ဆုံခဲ့တဲ့နောက် အဲဒီ ၃ နိုင်ငံကြား ဆက်ဆံရေးဟာ တိုးတက်မှု အရှိန်အဟုန် ပိုမို အားကောင်းလာနိုင်တယ်လို့ နိုင်ငံတကာ အကဲခတ်တွေက သုံးသပ်ထားပါတယ်။ ဒါဟာ ကင်မ်အတွက် နိုင်ငံပေါင်းစုံ သံတမန်ရေးရာ အခမ်းအနား တစ်ခုခုကို ပထမဆုံးအကြိမ် တက်ရောက်မှုလည်း ဖြစ်ခဲ့ပါတယ်။

ပြုံယမ်းမှာ ကျင်းပတဲ့ အာဏာရပါတီ ထူထောင်မှု နှစ်ပတ်လည်နေ့မှာ ဘယ်နိုင်ငံခေါင်းဆောင်တွေ တက်ရောက်သလဲ ဆိုတာကိုတော့ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက မဖော်ပြခဲ့ပါဘူး။ ဒါပေမဲ့ ဧည့်သည်တော်တွေ စာရင်းမှာ တရုတ် ဝန်ကြီးချုပ် လီကျန်း၊ ဗီယက်နမ် သမ္မတ တိုလမ်၊ ရုရှား လုံခြုံရေး ကောင်စီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒီမစ်ထရီ မက်ဒ်ဗီဒက်ဗ်တို့ ပါဝင်ခဲ့ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ အစီအစဉ်တွေမှာတော့ ပျော်ပွဲရွှင်ပွဲတွေ၊ အားကစား ပြိုင်ပွဲတွေနဲ့ တခြား ပွဲလမ်းသဘင်တွေကိုလည်း ပြုံယမ်းမြို့မှာ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ပြည်သူတွေရဲ့ ပျော်ရွှင်စွာ ကောင်းချီးပေးကြသံတွေဟာ မြို့တော်ရဲ့ ညဖက် ကောင်းကင်ယံကိုတောင် တုန်ခါသွားစေခဲ့တယ်လို့ KCNAက ညွှန်းခဲ့ပါတယ်။

ကင်မ်ဟာ တရုတ်ဝန်ကြီးချုပ်၊ ဗီယက်နမ် သမ္မတတို့နဲ့ တွေ့ဆုံခဲ့ကြောင်း KCNAက ဖော်ပြခဲ့ပြီး မက်ဗီဒက်ဗ်ကတော့ မြောက်ကိုရီးယား အစိုးရ ထိပ်သီးခေါင်းဆောင် တချို့နဲ့ ဆွေးနွေးခဲ့သလို သူ့အတွက် ကျင်းပပေးတဲ့ ဂုဏ်ပြုပွဲ တစ်ခုကိုလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: CAN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံကြား မဟာမိတ် ဆက်ဆံရေးဟာ သေချာပေါက် ပိုမိုခိုင်မာ အားကောင်းလာမှာ ဖြစ်တယ်လို့ မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီ ပေးပို့တဲ့ မွေးနေ့ဆုတောင်း သဝဏ်လွှာမှာ ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ နိုင်ငံ ခေါင်းဆောင် ၄ ယောက်ရဲ့ ပုံတူ ရုပ်တုတွေကို Mount Rushmore တောင်ပုံစံ ထွင်းထုပြသထားတဲ့ ဘန်ကောက် စျေးဝယ်စင်တာ တစ်ခုရဲ့ စိတ်ကူးဟာ လူမှုကွန်ရက်တွေပေါ်မှာ အတော်လေး လူပြောများနေပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်း မြောက်ကိုရီးယား အာဏာပိုင်တွေဟာ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအွန်းရဲ့ မျိုးဗီဇ အချက်အလက် (DNA) နမူနာတွေ ကျန်မနေအောင် အထူးဂရုတစိုက် ရှင်းလင်းခဲ့ကြပါတယ်။

နိုင်ငံတကာ

ရုရှားဖက်က ကူညီတိုက်ခိုက်ရင်း သေဆုံးခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတွေရဲ့ ရုပ်အလောင်းတွေကို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းက စိတ်မကောင်းစွာနဲ့ လက်ခံယူနေပုံ မှတ်တမ်း ဓာတ်ပုံတွေကို မြောက်ကိုရီးယားက ထုတ်ပြန် ပြသခဲ့ပါတယ်။