Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Omicronကြောင့် သက်ကြီးရွယ်အိုတွေ လတ်တလော ခရီးမသွားကြဖို့ WHO အကြံပြု

WHOကတော့ ကာကွယ်ဆေးတွေ ဆက်ပြီး အသုံးဝင်မဝင် ဆိုတာကို လောလောဆယ် အတည်မပြုနိုင်သေးကြောင်း ပြောထားပြီး တတ်နိုင်သမျှ ကာကွယ်ဆေး ထိုးထားကြဖို့၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ အထူးအလေးပေးပြီး ဆေးထိုးကြဖို့ နှိုးဆော်နေပါတယ်။

Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိနေချိန်မှာ အသက် ၆၀ ကျော် အရွယ်တွေ တတ်နိုင်သမျှ ခရီးမသွားကြဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က တိုက်တွန်းလိုက်ပါတယ်။

WHOရဲ့ နိုဝင်ဘာ ၃၀ ထုတ်ပြန်ချက်မှာ Omicronရဲ့ ကူးစက်နှုန်း၊ ရောဂါပြင်းထန်နိုင်မှု အခြေအနေ၊ ကာကွယ်ဆေး တိုးမတိုး ဆိုတဲ့ အချက်အလက်တွေကို ဆက်လက် လေ့လာနေဆဲ ဆိုတဲ့အကြောင်း ထပ်လောင်း ပြောဆိုထားပါတယ်။ WHOဟာ တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိလာတဲ့ အဲဒီ မျိုးကွဲသစ် ဗိုင်းရပ်စ်ကို စိုးရိမ်ရမယ့် စာရင်းထဲ ထည့်သွင်း သတ်မှတ်ထားပြီး ကမ္ဘာ့ဒေသ တချို့မှာ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်လာစေနိုင်ကြောင်း ကြေညာထားပါတယ်။

Omicronရဲ့ ထူးခြားချက်ကတော့ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ မူလ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်နဲ့ နှိုင်းယှဉ်ရင် မျိုးဗီဇ ဖွဲ့စည်းပုံ အပြောင်းအလဲတွေ အများကြီး ရှိလာခြင်းပါပဲ။ ဒါကြောင့်လည်း အရင် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေကို အခြေခံ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေ အစွမ်းမထက်တော့မှာ၊ ရောဂါ ဖြစ်ဖူးသူတွေကို နောက်တစ်ကြိမ် ကူးစက်နိုင်ခြေ ပိုများလာမှာကို နိုင်ငံတကာ ကျန်းမာရေး ပညာရှင်တွေက အထူးတလည် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

WHOကတော့ ကာကွယ်ဆေးတွေ ဆက်ပြီး အသုံးဝင်မဝင် ဆိုတာကို လောလောဆယ် အတည်မပြုနိုင်သေးကြောင်း ပြောထားပြီး တတ်နိုင်သမျှ ကာကွယ်ဆေး ထိုးထားကြဖို့၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ အထူးအလေးပေးပြီး ဆေးထိုးကြဖို့ နှိုးဆော်နေပါတယ်။

Public Service Announcement

Public Service Announcement

Omicron ကူးစက်မှုတွေ စတင် တွေ့ရှိလာတဲ့နောက် ကမ္ဘာ့နိုင်ငံ တော်တော်များများက လေကြောင်းခရီးစဉ်တွေ ဆိုင်းငံ့စေပြီး နယ်စပ်တွေ ပိတ်ပစ်တာမျိုး လုပ်နေကြပြီး WHOကတော့ ဒီအခြေအနေကို ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အသက် ၆၀ အထက် အရွယ်တွေမှာတော့ ဖြစ်နိုင်ရင် ခရီးမသွားကြဖို့၊ စီစဉ်ထားတဲ့ ခရီးတွေ ရှိရင်လည်း ရွှေ့ဆိုင်းလိုက်ဖို့ WHOက အကြံပြုခဲ့ပါတယ်။

အမေရိကန်ရဲ့ ရောဂါ ထိန်းချုပ်တားဆီးရေးဌာန (CDC)ကလည်း အသက်အရွယ် ကြီးရင့်သူတွေ အနေနဲ့ Omicronရဲ့ ခြိမ်းခြောက်မှုကို ပိုပြီး သတိထားရလိမ့်မယ်လို့ မှတ်ချက် ပေးထားပါတယ်။ CDCရဲ့ စာရင်းတွေအရ အမေရိကန်မှာ ရောဂါကြောင့် သေဆုံးသူတွေထဲမှာ အသက် ၆၅ နှစ်နဲ့ ၇၄ နှစ်ကြား အရွယ်တွေက ၂၁ ရာခိုင်နှုန်း၊ အသက် ၇၅ နှစ်နဲ့ ၈၄ နှစ်ကြား အရွယ်တွေက ၂၆ ရာခိုင်နှုန်း၊ အသက် ၈၅ နှစ်အထက် အရွယ်တွေက ၂၈ ရာခိုင်နှုန်းထိ များပြားကြောင်း သိရပါတယ်။

WHOက Omicronဟာ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို ကျော်လွှားနိုင်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် လူစုလူဝေး အများကြီး ဆေးထိုးထားကြမယ် ဆိုရင်တော့ ကူးစက်မှုတွေကို ထိထိရောက်ရောက် ချိုးနှိမ်နိုင်ဦးမယ်လို့ ယုံကြည်ကြောင်း ပြောကြားထားပါတယ်။ Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ကူးစက်မှုကို ဟန့်တားဖို့အတွက် အရင်လိုပဲ နှာခေါင်းစည်း ဝတ်ဆင်တာ၊ လက်သေချာဆေးတာ၊ လူထုလူဝေး ရှောင်ရှားတာမျိုး လမ်းညွှန်ချက်တွေကိုသာ လိုက်နာ ကျင့်သုံးရမှာ ဖြစ်ကြောင်းလည်း WHOက အကြံပြုထားပါတယ်။

Omicron ကူးစက်မှုတွေဟာ အခုအခါ နိုင်ငံ ၂၀ လောက်ထိ ပျံ့နှံ့ ရောက်ရှိနေပြီး အနည်းဆုံး လူ ၂၅၀ လောက်မှာ အတည်ပြု တွေ့ရှိထားပါတယ်။ နောက်ကြောင်းပြန် လေ့လာမှုတွေ အရတော့ ဥရောပတိုက်မှာ Omicron ဗိုင်းရပ်စ် ရောက်ရှိ နေတာဟာ မူလ ခန့်မှန်းထားတာထက်တောင် ပိုစောလိမ့်မယ်လို့ ပညာရှင်တွေက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

ဆောင်းပါး

Daham ဟာ ဆီးရီးယားနိုင်ငံ Homs ပြည်နယ်ကရှေးဟောင်းမြို့ Palmyra အနီးမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။သူ့မိသားစုဟာလည်းစစ်မဖြစ်ခင်ကခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်ခဲ့ကြပြီး Daham ကိုယ်တိုင် ခရီးသွားဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။၂၀၁၁ ခုနှစ်နောက်ပိုင်းဆီးရီးယားအရေးအခင်းကစစ်ပွဲအဖြစ်ပြောင်းလဲသွားချိန်မှာသူလည်းနိုင်ငံကနေထွက်ပြေးခဲ့ရပါတယ်။

ဆောင်းပါး

ဒီနေ့မှာ ဟိမဝန္တာက ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ရေခဲတောင်တွေ ဆုတ်ယုတ်လာခြင်း၊ တောင်စောင်းတွေ မတည်ငြိမ်လာခြင်းနဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရေဘေးတွေက လူသား‌တွေ အတွက် သတိပေးချက်တွေ ဖြစ်လာနေပါပြီ။

ဆောင်းပါး

WHO အကြီးအကဲက ထရမ့်အစိုးရ၏ ကွယ်ဆေးမူဝါဒအပြောင်းအလဲအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်