Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကိုမှာ ကားနောက်တွဲယာဉ် တိမ်းမှောက်ပြီး ၄၉ ဦးထက်မနည်း သေဆုံး

ရဲတပ်ဖွဲ့က အခင်းဖြစ်ရာ လမ်းပိုင်းနေရာကို ပိတ်ဆို့ထားလိုက်ပြီး ကယ်ဆယ်ရေး အဖွဲ့တွေက ပိတ်မိနေသူတွေကို လိုက်လံ ရှာဖွေနေပါတယ်။ လမ်းဘေးမှာတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို အဝတ်တွေ လွှမ်းပြီး ချထားတာ တွေ့ရပါတယ်။

မက္ကဆီကို နိုင်ငံမှာ ရွှေ့ပြောင်း အခြေချသူတွေ လိုက်ပါလာတဲ့ မော်တော်ကား နောက်တွဲယာဉ် တိမ်းမှောက်မှုကြောင့် လူ ၄၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၉ ရက်က ချီယာပက်စ် ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဖြစ်စဉ်ဟာ မကြာသေးခင် နှစ်ပိုင်းတွေအတွင်း မက္ကဆီကိုမှာ အဆိုးရွားဆုံး ယာဉ်မတော်တဆမှု တစ်ခု ဖြစ်လာပါတယ်။ အရွယ်အစား ကြီးမားတဲ့ နောက်တွဲယာဉ်ဟာ အန္တရာယ် သတိပေးချက် ထုတ်ပြန်ထားတဲ့ လမ်းကွေ့ တစ်နေရာမှာ တလိမ့်ကောက်ကွေး တိမ်းမှောက်သွားခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

ရဲတပ်ဖွဲ့က အခင်းဖြစ်ရာ လမ်းပိုင်းနေရာကို ပိတ်ဆို့ထားလိုက်ပြီး ကယ်ဆယ်ရေး အဖွဲ့တွေက ပိတ်မိနေသူတွေကို လိုက်လံ ရှာဖွေနေပါတယ်။ လမ်းဘေးမှာတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို အဝတ်တွေ လွှမ်းပြီး ချထားတာ တွေ့ရပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ ပါဝင်ကြောင်း၊ လက်ရှိ အသေအပျောက် စာရင်းက ပိုမို မြင့်တက်လာနိုင်ကြောင်း တက္ကစ်လာ ဂူတာရက်ဇ်မြို့ရဲ့ ပြည်သူ့ကာကွယ်ရေးဌာန အကြီးအကဲ လူးဝစ် မန်နျူရယ်လ် ဂါစီယာက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလယ်ပိုင်း အမေရိက နိုင်ငံတွေမှာ ဆင်းရဲကျပ်တည်းမှု၊ မလုံခြုံမှုတွေကြောင့် ထွက်ပြေးလာတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေဟာ မက္ကဆီကို နိုင်ငံကို ဖြတ်ပြီး အမေရိကန် ပြည်ထောင်စုကို ဝင်ရောက်ဖို့ ကြိုးစားလေ့ ရှိကြပါတယ်။ ရွှေ့ပြောင်း ဒုက္ခသည် တချို့ဟာ ထရပ်ကား နောက်တွဲယာဉ်ကြီးတွေပေါ်မှာ စုပြုံတိုးဝှေ့ စီးနင်းလိုက်ပါပြီး ခရီးရှည် ဖြတ်သန်းကြလေ့ ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးရဲ့ ပထမဆုံး ဖွင့်ပွဲ အစီအစဉ်တွေကို မက္ကဆီကို နိုင်ငံမှာ ကျင်းပသွားခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ရှိနေတာကြောင့် စာသင်နှစ်ကို ပုံမှန်ထက် တစ်လကျော်လောက် စောပြီး အဆုံးသတ်၊ ကျောင်းတွေကို ပိတ်ထားဖို့ မက္ကဆီကိုမှာ စီစဉ်ခဲ့ပေမယ့် မိဘတွေက ကန့်ကွက်လို့ မအောင်မြင်ခဲ့ပါဘူး။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။