Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩစတြေးလျမှာ လေထိုး ကစားကွင်း ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးသေဆုံး

Hillcrest မူလတန်းကျောင်းမှာ စာသင်နှစ် ပြီးဆုံးတဲ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနား ကျင်းပနေချိန်၊ ကလေး မိဘတွေ ရှေ့မှောက်မှာတင် အခုလို ဆိုးဆိုးရွားရွား အခြေအနေမျိုး ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်

ဩစတြေးလျ နိုင်ငံမှာ ပျော့ပျော့အိအိ လေထိုးကစားကွင်းတစ်ခု ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး သေဆုံးပြီး အပြင်းအထန် ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက တက်စ်မေးနီးယားကျွန်း၊ ဒီဗန်ပေါ့တ်မြို့မှာရှိတဲ့ မူလတန်းကျောင်း တစ်ခုမှာ အခုလို ဆိုးရွားတဲ့ မတော်တဆမှု ပေါ်ပေါက်ခဲ့တာပါ။ ရဲတိုက်ပုံ တည်ဆောက်ထားတဲ့ ကစားကွင်း ပေါက်ကွဲမှုကြောင့် တချို့ ကလေးတွေဟာ ပေ ၃၀ ကျော် အမြင့်လောက်ကနေ လွင့်စင် ပြုတ်ကျကုန်တယ်လို့ ရဲတွေက ပြောပါတယ်။

အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပေမယ့် ကလေး ၂ ဦး သေဆုံးပြီး အခြေအနေ အရမ်း စိုးရိမ်ရတဲ့ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ တက်စ်မေးနီးယား ရဲတပ်ဖွဲ့က ဆိုပါတယ်။ အခင်းဖြစ်ချိန်က လေထိုး ကစားကွင်းပေါ်မှာ ကလေး ဘယ်နှယောက် ရှိနေခဲ့သလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

Hillcrest မူလတန်းကျောင်းမှာ စာသင်နှစ် ပြီးဆုံးတဲ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနား ကျင်းပနေချိန်၊ ကလေး မိဘတွေ ရှေ့မှောက်မှာတင် အခုလို ဆိုးဆိုးရွားရွား အခြေအနေမျိုး ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဩစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆန်က ဒီဖြစ်ရပ်ဆိုးကြီးအတွက် အရမ်း တုန်လှုပ် ကြေကွဲမိကြောင်း ပြောကြားခဲ့ပါတယ်။ ကလေးလေးတွေက ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြတဲ့ အချိန်မှာ ကြောက်မက်ဖွယ် အခြေအနေကြီးတစ်ခုနဲ့ ကြုံခဲ့ရှာတာ ဖြစ်ကြောင်း၊ ဒီသတင်းကို ကြားသိသူတိုင်း ရင်ကွဲမတတ် ဝမ်းနည်းနေကြကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။

လေထိုး ကစားကွင်း ပေါက်ကွဲခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေဆဲပါ။ ဒီဗန်ပေါ့တ်ဟာ တက်စ်မေးနီးယား မြောက်ပိုင်းက ဝေးလံသီခေါင်တဲ့ ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ဆိပ်ကမ်းမြို့လေးဖြစ်ပြီး လူဦးရေ ၃ သောင်း ဝန်းကျင်သာ နေထိုင်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook