Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုဗစ် ကူးစက်မှုတွေကြောင့် လူ ၁၃ သန်းကျော်ရှိတဲ့ မြို့ကို တရုတ် Lockdown ချ

တရုတ်ဟာ ၂၀၂၂ ခုနှစ်၊ တရုတ်နှစ်သစ်ကူး ခရီးသွားရာသီနဲ့ ဆောင်းရာသီ အိုလံပစ်တွေ မတိုင်ခင် ပြည်တွင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ မရှိအောင် ဘက်ပေါင်းစုံ ကြိုးစား ကာကွယ်နေပါတယ်။ ဒါကြောင့် ရှီအန်းမှာ ရောဂါ ကူးစက်မှုတွေ တွေ့လာတဲ့ အချိန်မှာ တင်းတင်းကျပ်ကျပ် တုံ့ပြန် ကိုင်တွယ်လာတာ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါ ပျံ့နှံ့ ကူးစက်မှု အသစ်တွေ တွေ့ရှိလာတဲ့နောက် တရုတ်နိုင်ငံက လူဦးရေ ၁၃ သန်းရှိတဲ့ မြို့ကြီး တစ်ခုကို Lockdown ချထားလိုက်ကြောင်း သိရပါတယ်။

ရှီအန်းမြို့ခံတွေ အနေနဲ့ ဒီဇင်ဘာ ၂၂ ရက်ကစလို့ တင်းကျပ်တဲ့ Lockdown အစီအမံတွေကို မပျက်မကွက် လိုက်နာကြရမယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ Lockdown သတ်မှတ်ချက်အရ မြို့ခံတွေဟာ သေရေးရှင်ရေး ကိစ္စမျိုး မဟုတ်ရင် အိမ်အပြင် ထွက်ခွင့် မရပါဘူး။

တရုတ်ဟာ ၂၀၂၂ ခုနှစ်၊ တရုတ်နှစ်သစ်ကူး ခရီးသွားရာသီနဲ့ ဆောင်းရာသီ အိုလံပစ်တွေ မတိုင်ခင် ပြည်တွင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ မရှိအောင် ဘက်ပေါင်းစုံ ကြိုးစား ကာကွယ်နေပါတယ်။ ဒါကြောင့် ရှီအန်းမှာ ရောဂါ ကူးစက်မှုတွေ တွေ့လာတဲ့ အချိန်မှာ တင်းတင်းကျပ်ကျပ် တုံ့ပြန် ကိုင်တွယ်လာတာ ဖြစ်ပါတယ်။

ရှီအန်းဟာ စဉ့်ရည်စိမ် ရှေးဟောင်း တရုတ်စစ်သား ၂၀၀၀ ကျော်ရဲ့ ကမ္ဘာကျော် ဂူသင်္ချိုင်းကြီး တည်ရှိရာ ရှေးဟောင်း သမိုင်းဝင် မြို့တစ်မြို့ပါ။ ဒီဇင်ဘာ ၉ ရက်က မြို့ထဲမှာ ရှိနေတဲ့ Quarantine စင်တာအဖြစ် သတ်မှတ်ရာ ဟိုတယ် တစ်ခုနဲ့ ဆက်စပ်ပြီး ရောဂါ ကူးစက်မှုတွေ တွေ့လာရတာ ဖြစ်ပါတယ်။ ဟိုတယ် အမှုထမ်း တစ်ဦးဆီ ရောဂါကူးပြီး အဲဒီကနေတဆင့် လူအများကြား ပျံ့နှံ့သွားတယ်လို့ ယူဆရပါတယ်။

Public Service Announcement

Public Service Announcement

အခုဆိုရင် မြို့ထဲက အတည်ပြု လူနာတွေနဲ့ ဆက်စပ် ထိတွေ့မိသူ ၃ သောင်းကျော်လောက် စာရင်းရထားကြောင်း China Daily သတင်းစာက ဖော်ပြပါတယ်။ တရုတ် ကျန်းမာရေး ဝန်ကြီးဌာနက အခုအခါမှာ ရှီအန်းကို ထိန်းချုပ် ဧရိယာအဆင့် သတ်မှတ်ထားကြောင်း ကြေညာခဲ့ပါတယ်။ ဒါဟာ ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ ဒုတိယ အမြင့်ဆုံးအဆင့် ဖြစ်ပါတယ်။ အမြင့်ဆုံး အဆင့်ကတော့ တစ်မြို့လုံးကို လုံးဝ ပိတ်ဆို့ထားတဲ့ ဧရိယာ အနေနဲ့ သတ်မှတ်လိုက်တာမျိုးပါ။

မြို့ခံတွေ အနေနဲ့ အစိုးရက နောက်ထပ် ကြေညာချက် တစ်ခုခု မထုတ်ပြန်မချင်း တင်းကျပ်တဲ့ Lockdown အစီအမံတွေကို လိုက်နာနေရမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ တရုတ်ဟာ ပြည်တွင်းဖြစ် ကာကွယ်ဆေး အလုံးရေ ၂.၇ ဘီလီယံလောက်ထိ အသုံးပြုပြီး ဆေးထိုးပေးထားပေမယ့် ကိုဗစ်ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့တော့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။