Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကွန်ဂိုမှာ ခရစ္စမတ် စားသောက်ဆိုင်ကို အသေခံ ဗုံးခွဲမှုကြောင့် ၆ ဦးသေဆုံး

င်ငံ အရှေ့ပိုင်းက ဘီနီမြို့မှာ ခရစ္စမတ်နေ့က အကြမ်းဖက် ဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ရဲတွေက စားသောက်ဆိုင်ရှေ့မှာ အသေခံ ဗုံးခွဲသမားကို တားဆီး စစ်ဆေးနေတဲ့အချိန် စနက်တံဖြုတ် ဖောက်ခွဲလိုက်တာလို့ မျက်မြင်တွေက ပြောပါတယ်။

ကွန်ဂိုနိုင်ငံမှာ ခရစ္စမတ်ကာလ လူစည်ကားနေတဲ့ စားသောက်ဆိုင် တစ်ခုကို ပစ်မှတ်ထား ဗုံးခွဲမှုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံ အရှေ့ပိုင်းက ဘီနီမြို့မှာ ခရစ္စမတ်နေ့က အကြမ်းဖက် ဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ရဲတွေက စားသောက်ဆိုင်ရှေ့မှာ အသေခံ ဗုံးခွဲသမားကို တားဆီး စစ်ဆေးနေတဲ့အချိန် စနက်တံဖြုတ် ဖောက်ခွဲလိုက်တာလို့ မျက်မြင်တွေက ပြောပါတယ်။

ဒီလုပ်ရပ်ကြောင့် ဗုံးသမားအပြင် နောက်ထပ် လူ ၅ ဦး သေဆုံးပြီး ၁၃ ဦးထက်မနည်း ထိခိုက် ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ဒီမိုကရက်တစ် မဟာမိတ်တပ် (ADF)ရဲ့ လက်ချက်လို့ အာဏာပိုင်တွေက စွပ်စွဲပါတယ်။ ADFဟာ အိုင်အက်စ် အကြမ်းဖက် အဖွဲ့နဲ့ ဆက်စပ်နေတဲ့ စစ်သွေးကြွ အဖွဲ့တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းကမှ ဒီဗုံးခွဲမှုအတွက် တာဝန်ခံ ကြေညာတာမျိုး မရှိသေးပါဘူး။

အခင်းဖြစ်ချိန်က In Box စားသောက်ဆိုင်ထဲမှာ ခရစ္စမတ် ပါတီပွဲ ကျင်းပနေသူ ၃၀ ကျော်လောက် ရှိတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။ ပြီးတော့ ကလေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဘီနီမြို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဆူဒန်စစ်တပ်နဲ့ အစ္စလာမ်မစ် အစွန်းရောက် လက်နက်ကိုင် အင်အားစုတွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့အမျှ မငြိမ်းချမ်းတဲ့ နယ်မြေတစ်ခု ဖြစ်လာပါတယ်။ နိုဝင်ဘာ လတုန်းက ကွန်ဂိုနဲ့ ယူဂန္ဓာ နှစ်နိုင်ငံ စစ်တပ်တွေ ပူးပေါင်းပြီး ADFကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ ADFဟာ အရင်ကတည်းက ဒေသတွင်းမှာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ အဖွဲ့အစည်း တစ်ခုပါ။

ယူဂန္ဓာ အစိုးရက မြို့တော် ကမ်ပါလာ အပါအဝင် မြို့ရွာတချို့မှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ADFက အဓိက စီမံ ကြိုးကိုင်ခဲ့တာလို့ စွပ်စွဲ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါ ပစ်ခတ်မှုသည် ယမန်နေ့ (ဇူလိုင်၂၂ ရက်) ညနေ ၆နာရီခန့်က ဇင်းကျိုက်မြို့၊ ဥတ္တံတားကျေးရွာ ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးဘေးရှိ ကျော်ကြီးစားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

နိုင်ငံတကာ

တရုတ်သမ္မတ ရှီကျင့်ဖျင်က အခု ပေါက်ကွဲမှု အကြောင်းကို ကြားသိရတဲ့အတွက် အနူးအညွတ် စိတ်မကောင်း ဖြစ်ရကြောင်း ပြောကြားခဲ့ပြီး လေးနက်တဲ့ သင်ခန်းစာ တစ်ခုအဖြစ် သတ်မှတ်ရမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ဒီဖြစ်စဉ်မှာ ကွန်ဂိုရဲ့ Su-25 အမျိုးအစား တိုက်လေယာဉ်ဟာ လေပိုင်နက် ကျူးကျော်လာတာကြောင့် နည်းမှန်လမ်းမှန် တုံ့ပြန်ခဲ့တာလို့ ရဝမ်ဒါ စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အသက် ၅၄ နှစ်အရွယ် အမျိုးသားဟာ ဘရာစေးလီယာ မြို့တော်က လေဆိပ်တစ်ခုနားမှာ ဆီတင်ယာဉ်ကြီး တစ်ခုကို ဖောက်ခွဲဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ဗုံးမကွဲခဲ့ဘဲ အစီအစဉ် ပျက်ခဲ့သလို ကိုယ်တိုင်လည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။