Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တပည့်ကို ကာကွယ်ဆေး ထိုးပေးတဲ့ ကျောင်းဆရာမ အဖမ်းခံရ

ရက်ဆိုက ကာကွယ်ဆေး ထိုးပေးနေတဲ့ ဗီဒီယိုကလည်း အွန်လိုင်းပေါ်ထိ ပေါက်ကြားလာပြီး ရက်ဆိုက သူ့တပည့်ကို အဆင်ပြေမယ်လို့ မျှော်လင့်ကြောင်း ပြောနေတာ တွေ့ရပါတယ်။ တပည့်ဖြစ်တဲ့ ကောင်လေးကလည်း အိမ်မှာ ကာကွယ်ဆေး ထိုးနေတယ်လို့ ပြောဆိုနေခဲ့ပါတယ်။

တပည့်တစ်ဦးကို မိဘခွင့်ပြုချက် မယူဘဲ ကိုဗစ် ကာကွယ်ဆေး ထိုးပေးခဲ့တဲ့ အမေရိကန် ကျောင်းဆရာမ တစ်ဦး အဖမ်းခံလိုက်ရကြောင်း သိရပါတယ်။

နယူးယောက်မြို့ ရဲတပ်ဖွဲ့က ဇီဝဗေဒ ဆရာမ လော်ရာ ရက်ဆိုဟာ သူ့အိမ်မှာ ရှိနေတဲ့ အသက် ၁၇ နှစ်အရွယ် တပည့်တစ်ဦးကို ဆေးထိုးပေးခဲ့တာလို့ ပြောပါတယ်။ ဒီကိစ္စကို ကျောင်းသား မိဘတွေက ကြိုမသိခဲ့ကြပါဘူး။

နှစ်သစ်ကူး အကြိုနေ့က ဖြစ်ရပ်မှာ ကျောင်းသား ကိုယ်တိုင်ကလည်း ဆေးထိုးဖို့ ဆန္ဒရှိနေခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ အသက် ၅၄ နှစ်အရွယ် ရက်ဆိုဟာ သက်ဆိုင်ရာ ပရော်ဖက်ရှင်နယ် လက်မှတ် မရှိဘဲ ဆေးထိုးတဲ့ ပြစ်မှုအတွက် အဖမ်းခံထားရပါတယ်။ ဒီကိစ္စက ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၄ နှစ်လောက် ချမှတ် ခံရနိုင်ပါတယ်။

ဆေးထိုးရတဲ့ ကိစ္စဟာ လုပ်ထုံးလုပ်နည်း မမှန်ရင် အန္တရာယ် ရှိနိုင်တယ်လို့ ရဲတွေက ပြောပါတယ်။ နောက်ပြီး ထိုးနှံပေးတဲ့ ဆေးဟာ အတုမဟုတ်ကြောင်း၊ သက်တမ်း မလွန်ကြောင်း အချက်အလက်တွေကိုလည်း ဆရာဝန်နဲ့ သူနာပြုတွေက စစ်ဆေး အတည်ပြုပေးဖို့ လိုပါတယ်။ ပြီးတော့ အသက် ၁၈ နှစ် မပြည့်သေးသူတွေကို ထိုးပေးတဲ့အခါ ဆေးဓာတ်မတည့်မှု ဖြစ်နိုင်ခြေ နောက်ကြောင်း ရာဇဝင်တွေကို မိဘတွေဆီက စုံစမ်းမေးမြန်းဖို့လည်း ညွှန်ကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ရက်ဆို အနေနဲ့ ကိုဗစ် ကာကွယ်ဆေးကို ဘယ်လိုဘယ်ပုံ ရရှိထားတယ်၊ ဘယ်ဆေးအမျိုးအစား ဖြစ်တယ် ဆိုတာကို လတ်တလော မသိရသေးဘူးလို့ ပြောပါတယ်။ အမေရိကန်မှာတော့ အသက် ၁၈ နှစ်အောက် ဆယ်ကျော်သက် အရွယ်တွေမှာ Pfizerရဲ့ ကာကွယ်ဆေး တစ်မျိုးတည်းကိုသာ ထိုးနှံခွင့် ပြုထားပါသေးတယ်။

ရက်ဆိုက ကာကွယ်ဆေး ထိုးပေးနေတဲ့ ဗီဒီယိုကလည်း အွန်လိုင်းပေါ်ထိ ပေါက်ကြားလာပြီး ရက်ဆိုက သူ့တပည့်ကို အဆင်ပြေမယ်လို့ မျှော်လင့်ကြောင်း ပြောနေတာ တွေ့ရပါတယ်။ တပည့်ဖြစ်တဲ့ ကောင်လေးကလည်း အိမ်မှာ ကာကွယ်ဆေး ထိုးနေတယ်လို့ ပြောဆိုနေခဲ့ပါတယ်။

လောလောဆယ်တော့ ရဲတွေက ရက်ဆိုဆီ ကာကွယ်ဆေး ဘယ်လို ရောက်နေသလဲ ဆိုတာကို စုံစမ်းနေဆဲပါ။ ရက်ဆိုရဲ့ အမှုကို ဇန်နဝါရီ ၂၁ ရက်မှာ စတင်ကြားနာမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။