Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဖိအားတွေ ပိုတိုးလာပေမယ့် ဗြိတိန် ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပေးဖို့ ငြင်းဆန်နေတဲ့ ဂျွန်ဆန်

လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ် အိမ်တော်မှာ ဂျွန်ဆန်က Lockdownကာလ ပါတီပွဲတွေ တက်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဗြိတိန် မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းမှာ တောက်လျှောက် ဖော်ပြ ခံခဲ့ရပါတယ်။

ကပ်ရောဂါကာလ ပါတီပွဲတွေနဲ့ ပတ်သက်လို့ ဘက်ပေါင်းစုံ ဖိအားတွေ ရင်ဆိုင်နေရပေမယ့် ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်က ရာထူးက နုတ်ထွက်မှာ မဟုတ်ကြောင်း အတိအလင်း ပြောကြားလိုက်ပါတယ်။

လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ် အိမ်တော်မှာ ဂျွန်ဆန်က Lockdownကာလ ပါတီပွဲတွေ တက်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဗြိတိန် မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းမှာ တောက်လျှောက် ဖော်ပြ ခံခဲ့ရပါတယ်။

လတ်တလောမှာ Omicron မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗြိတိန်ဟာ နေ့အလိုက် စံချိန်တင် ကိုဗစ်ရောဂါ ကူးစက်မှုတွေနဲ့ ကြုံနေရပြီး ဝန်ကြီးချုပ်ရဲ့ ပါတီပွဲ သတင်းက အတော်ကြီး ပွဲဆူလာပါတယ်။ အခုဆိုရင် ဂျွန်ဆန်ရဲ့ ကိုယ်စားပြု နိုင်ငံရေး ပါတီထဲက အမတ် တချို့ကပါ ဝန်ကြီးချုပ်ကို ရာထူး စွန့်ခွာသင့်ကြောင်း ဝေဖန်လာပါတယ်။

အခုလို အကျပ်အတည်းတွေကြားမှာ ရုန်းကန်နေရပေမယ့် ဂျွန်ဆန်ကတော့ သူဟာ ရာထူးက နုတ်ထွက်ဖို့ အစီအစဉ် မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ သူဟာ ဒေါင်းနင်းလမ်းမှာ ပါတီပွဲတစ်ခု တက်ရောက်ဖြစ်တဲ့ အကြောင်းကို ဝန်ခံခဲ့ဖူးပြီး အဲဒီတုန်းက Lockdown ကာလမှာ ပါတီပွဲ လုပ်တာမှန်း ကြိုမသိခဲ့ဘူးလို့ ဂျွန်ဆန်က ပြောခဲ့ပါသေးတယ်။

လောလောဆယ်တော့ အတိုက်အခံတွေက ဝိုင်းထောင်းနေတဲ့အပြင် ပါတီတူ ဘက်တော်သားတွေကပါ ဝေဖန်နေတာကြောင့် ဂျွန်ဆန်အတွက် ဝန်ကြီးချုပ် သက်တမ်းတလျှောက် ဖိအားအများဆုံး ကာလမျိုး ကြုံနေရပါတယ်။ သူဟာ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတုန်းက Brexit မူဝါဒကို အကြောင်းပြုပြီး နှစ်ပေါင်း ၃၀ အတွင်း ထောက်ခံမဲ အမြင့်ဆုံးနဲ့ အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

အတိုက်အခံ လေဘာပါတီရဲ့ ခေါင်းဆောင် ကီရာ စတာမာက ဂျွန်ဆန်အနေနဲ့ ရာထူးက နုတ်ထွက်ပေးဖို့ အစီအစဉ် ရှိမရှိ တိုက်ရိုက် မေးခဲ့တဲ့ အခါမှာ မရှိဘူးလို့ တုံးတိတိ ပြန်ဖြေခဲ့ကြောင်း ပြောပါတယ်။ အာဏာရ ကွန်ဆာဗေးတစ် ပါတီထဲမှာလည်း ဂျွန်ဆန်ရဲ့ ဦးဆောင်မှုအပေါ် စိန်ခေါ် မေးခွန်းထုတ်သူတွေ ရှိလာမလားဆိုတဲ့ မေးခွန်းတွေ ပျံ့နှံ့နေပါတယ်။ ဒီကိစ္စမျိုး အထမြောက်လာဖို့ဆိုရင် ကွန်ဆာဗေးတစ် အမတ် ၃၆၀ ထဲက အနည်းဆုံး ၅၄ ဦး စုပေါင်းပြီး ဂျွန်ဆန်ကို အယုံအကြည်မရှိတော့ကြောင်း လွှတ်တော်ဆီ စာရေးသား အသိပေးဖို့ လိုပါတယ်။

ဘူးလေးရာ ဖရုံဆင့် ဆိုသလို ဂျွန်ဆန်ရဲ့ အကြံပေးဟောင်း တစ်ဦးကလည်း ဝန်ကြီးချုပ်ဟာ Lockdownကာလ ပါတီတွေနဲ့ ပတ်သက်လို့ လွှတ်တော်ကို လိမ်ညာခဲ့ကြောင်း စွပ်စွဲခဲ့ပြန်ပါတယ်။ ဒါပေမဲ့ ဂျွန်ဆန်ကတော့ ဒီကိစ္စကို ငြင်းဆိုခဲ့ပြီး လူတွေက ကိုယ့်ဖာသာ အရက်ပုလင်းတွေ ယူလာတဲ့ကိစ္စ သူ့ကို ကြိုအသိမပေးခဲ့ဘူးလို့ ပြောပါတယ်။

အခုတော့ အတိုက်အခံ အင်အားစုတွေက ဂျွန်ဆန် နုတ်ထွက်ပေးဖို့ ပိုမို ဖိအားပေး တောင်းဆိုနေကြပါပြီ။ ပြီးတော့ ဂျွန်ဆန်ဟာ ပြည်သူတွေကိုတော့ ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် အင်မတန် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန် ကန့်သတ်ပြီး ကိုယ်တိုင်ကျတော့ ထင်ရာစိုင်းနေကြောင်း စွပ်စွဲခဲ့ပါတယ်။

ဂျွန်ဆန်ဟာ ကွန်ဆာဗေးတစ် ပါတီ အတွင်းပိုင်းမှာလည်း သူ့အပေါ် ပုန်ကန်လိုမှုတွေ မြင့်တက်လာတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီး လူသိများတဲ့ ကွန်ဆာဗေးတစ် အမတ်တစ်ဦးကလည်း လေဘာပါတီဆီ ဘက်ပြောင်းသွားခဲ့ကြောင်း သိရပါတယ်။

You May Also Like

သတင်း

ဗြိတိန် အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနှင့် ယမန်နေ့(မတ်လ ၂၀ရက်)တွေ့ဆုံမှုအပြီး ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

မြန်မာ ပါဝင်တဲ့ အာဆီယံ အဖွဲ့အစည်းမှာ လောလောဆယ် အင်ဒိုနီးရှားက အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူထားပါတယ်။

နိုင်ငံတကာ

ဩစတြေးလျဟာ လက်ရှိ အသုံးပြုနေဆဲဖြစ်ပြီး ခေတ်နောက်ကျနေတဲ့ ဒီဇယ်အင်ဂျင်သုံး ရေငုပ်သင်္ဘောတွေရဲ့ နေရာမှာ မျိုးဆက်သစ်၊ နည်းပညာ အမြင့်ဆုံး နျူကလီးယား ရေငုပ်သင်္ဘောတွေနဲ့ အစားထိုးသွားနိုင်မှာ ဖြစ်ပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်မှ စ၍ ပစ်ခတ်မှုများ၊ ဖောက်ခွဲတိုက်ခိုက်မှုများအပါအဝင် နိုင်ငံတဝန်း၌ ပဋိပက္ခများ၊ ပြင်းထန အကြမ်းဖက်မှုများဖြစ်ပေါ်နေခဲ့ကြောင်း ဆက်လက်ဖော်ပြ သည်။