Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေနစ်နေတဲ့ ကားပေါ်တက်ပြီး Selfie ဓာတ်ပုံ ရိုက်နေခဲ့တဲ့ အမျိုးသမီး

အမျိုးသမီးဟာ သူ့ကို ကယ်ဖို့ လူတွေ အလုပ်ရှုပ်နေချိန်မှာ Selfie ရိုက်နေခဲ့တာနဲ့ ပတ်သက်လို့ တချို့ကလည်း ပူပူညံညံ အပြစ်ဖို့နေကြပါတယ်။ အနီးအနားမှာ ရှိနေသူ တချို့ဟာ ဖြစ်စဉ် တစ်ခုလုံးကို ဗီဒီယို မှတ်တမ်းတင် ရိုက်ကူးထားနိုင်ခဲ့ကြပါတယ်။

ကနေဒါက အမျိုးသမီး တစ်ဦးဟာ ရေနစ်နေတဲ့ ကားရဲ့ ကိုယ်ထည်ပေါ် တက်ပြီး Selfie ဓာတ်ပုံ ရိုက်နေခဲ့တာကြောင့် အတော်လေး လူပြောများနေပါတယ်။

အော့တာဝါမြို့က ရီဂျူမြစ်ဟာ ရေခဲနေပြီး အမျိုးသမီး မောင်းနှင်သွားတဲ့ ကားက မြစ်ထဲမှာ နစ်သွားခဲ့တာပါ။ အမျိုးသမီးက မြစ်ရဲ့ အပေါ်ယံ ရေခံ မျက်နှာပြင်ဟာ သူ့ရဲ့ အဝါရောင် ကားလေးရဲ့ အလေးချိန်ကို ခံနိုင်ရည် ရှိမယ်လို့ ထင်မှတ်ခဲ့ပေမယ့် လက်တွေ့မှာတော့ ကားက ရေခဲထဲ ကျွံကျပြီး နစ်မြုပ်သွားပါတယ်။

အဲဒီအချိန်မှာ အမျိုးသမီးက ကားထဲက ထွက်လာပြီး ရေထဲ တအိအိ နစ်မြုပ်နေတဲ့ ကားပေါ် တက်ရပ်ရင်း Selfie ဓာတ်ပုံ ရိုက်ခဲ့တာပါ။ အနီးအနားမှာ ရှိနေသူတွေက သူ့ကို ကူညီကယ်ဆယ်ဖို့ အသည်းအသန် လုပ်နေကြတဲ့အချိန် ကာယကံရှင်ကတော့ စိတ်အေးလက်အေးနဲ့ Selfie ရိုက်နေခဲ့တာ ဖြစ်ပါတယ်။

နောက်တော့ လူတစ်ယောက်က အမျိုးသမီးဆီ ကယက်လှေငယ် တစ်စီးကို ကြိုးချည်ပြီး တွန်းပို့ပေးခဲ့ပါတယ်။ သူက လှေပေါ်မှာ လိုက်လာပြီး ကမ်းပေါ်ကို ဘေးကင်းကင်း ပြန်ရောက်လာခဲ့ပါတယ်။ အမျိုးသမီးက ကမ်းဖက်ကို ပြန်ရောက်ချိန်မှာပဲ သူ့ရဲ့ကားက တစ်စီးလုံး စုန်းစုန်းမြုပ် ပျောက်ကွယ်သွားပါတော့တယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီးဟာ သူ့ကို ကယ်ဖို့ လူတွေ အလုပ်ရှုပ်နေချိန်မှာ Selfie ရိုက်နေခဲ့တာနဲ့ ပတ်သက်လို့ တချို့ကလည်း ပူပူညံညံ အပြစ်ဖို့နေကြပါတယ်။ အနီးအနားမှာ ရှိနေသူ တချို့ဟာ ဖြစ်စဉ် တစ်ခုလုံးကို ဗီဒီယို မှတ်တမ်းတင် ရိုက်ကူးထားနိုင်ခဲ့ကြပါတယ်။

အော့တာဝါ ရဲတပ်ဖွဲ့ကတော့ ခပ်မြန်မြန် နစ်မြုပ်သွားတဲ့ ကားကို အမြန် မစွန့်ခွာခဲ့တာဟာ အန္တရာယ် များလွန်းတဲ့ လုပ်ရပ်လို့ မှတ်ချက်ပေးပြီး ဒုက္ခကြုံနေသူကို ဝိုင်းဝန်း ကူညီကြတဲ့ ဒေသခံတွေကို ချီးကျူးသွားခဲ့ပါတယ်။ မီဒီယာတွေက အမျိုးသမီးရဲ့ နာမည်ကို မဖော်ပြပေမယ့် သူဟာ အန္တရာယ် ရှိလောက်တဲ့ လုပ်ရပ်မျိုး ကျူးလွန်တဲ့ စွဲချက် တစ်ခုအတွက်တော့ ရဲတွေဆီမှာ ဖြေရှင်းရဦးမယ်လို့ ဆိုပါတယ်။

အခု သီတင်းပတ် အစောပိုင်းက နစ်မြုပ်ခဲ့တဲ့ ကားကတော့ အခုအချိန်ထိ မြစ်ထဲမှာပဲ ရှိနေပြီး ပြန်ဆယ်ယူဖို့ အခက်အခဲတချို့ ကြုံနေသေးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook