Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းအတွက် အခိုင်အမာ ရပ်တည်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အနောက်အုပ်စု နိုင်ငံတွေ

ရုရှားက ယူကရိန်းနဲ့ အနောက်အုပ်စု NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဟာ ရုရှားရဲ့ လုံခြုံရေးကို ထိပါးရန်စဖို့ ကြိုးစားနေကြောင်း တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။ အထူးသဖြင့် ရုရှားရဲ့ အနောက်ဖက် နယ်နိမိတ် အလွန်မှာ NATOရဲ့ ဩဇာ ဖြန့်ကျက်လာခြင်းအပေါ် ရုရှားကလည်း စိုးရိမ်နေပါတယ်။

ရုရှားနဲ့ ဆက်ဆံရေး မြင့်တက်လာချိန်မှာ အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေက ယူကရိန်းအတွက် ခိုင်ခိုင်မာမာ ရပ်တည်ပေးမယ်လို့ သဘောထား ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ယူကရိန်းနဲ့ နယ်စပ်နားမှာ ရုရှားစစ်သည် တစ်သိန်းဝန်းကျင်လောက် အင်အား အလုံးအရင်းနဲ့ စုရုံးနေခြင်းကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ အခြေအနေ ဆိုးသထက် ဆိုးလာနေပါတယ်။ ရုရှားဟာ ၂၀၁၄ တုန်းက ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို စစ်အင်အားသုံး သိမ်းပိုက်ခဲ့ဖူးတဲ့ ဖြစ်စဉ်မျိုးလည်း ရှိနေပြန်ပါတယ်။

ယူကရိန်း-ရုရှား ပဋိပက္ခနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ရုရှား ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးမှုကလည်း အဆင် မချောခဲ့ပါဘူး။ ရုရှားက ယူကရိန်းနဲ့ အနောက်အုပ်စု NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဟာ ရုရှားရဲ့ လုံခြုံရေးကို ထိပါးရန်စဖို့ ကြိုးစားနေကြောင်း တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။ အထူးသဖြင့် ရုရှားရဲ့ အနောက်ဖက် နယ်နိမိတ် အလွန်မှာ NATOရဲ့ ဩဇာ ဖြန့်ကျက်လာခြင်းအပေါ် ရုရှားကလည်း စိုးရိမ်နေပါတယ်။

ဇန်နဝါရီ ၂၄ ရက်မှာတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဥရောပမှာရှိတဲ့ မဟာမိတ် နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဗီဒီယို ကွန်ဖရင့် ပြုလုပ်ပြီး ရုရှားကို ကိုင်တွယ်ရေးအတွက် ဘုံမဟာဗျူဟာတစ်ခု ရှာဖွေဖို့ ဆွေးနွေးခဲ့ပါတယ်။ တကယ်လို့သာ ယူကရိန်းကို ကျူးကျော်စစ် ပြုခဲ့မယ်ဆိုရင် ရုရှားကို ပြင်းပြင်းထန်ထန်၊ မြန်မြန်ဆန်ဆန် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့ ဗြိတိန်ကလည်း သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားကတော့ နယ်စပ်နားမှာ စစ်သည်တွေ အလုံးအရင်း ဖြန့်ကျက်ထားပေမယ့် ယူကရိန်းကို တိုက်ခိုက်မယ့် အစီအစဉ် မရှိဘူးလို့ ငြင်းဆိုထားဆဲပါ။ လောလောဆယ်တော့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ပိုလန်နဲ့ ဥရောပ သမဂ္ဂ အကြီးအကဲတွေ တွေ့ဆုံ ဆွေးနွေးပြီး ရုရှားရဲ့ ခြေလှမ်းတွေကို တုံ့ပြန်ဖို့ စီစဉ်နေပါတယ်။ ဒီတွေ့ဆုံ ဆွေးနွေးမှုဟာ အရမ်းကောင်းမွန်တဲ့ အနေအထားမျိုး ရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က ဆိုပါတယ်။

အခုအခါ NATOဟာ ယူကရိန်းနဲ့ အနီးတဝိုက်မှာ တပ်ကူတွေ ပိုမို ဖြန့်ကျက်ထားဖို့ စီစဉ်နေပြီး အမေရိကန်ကလည်း စစ်သည် ၈၅၀၀ လောက်ကို အသင့်အနေအထား တပ်လှန့်ပြီး ယူကရိန်းကို ကူညီဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ လတ်တလောမှာတော့ NATOရဲ့ နိုင်ငံစုံ ပူးပေါင်း မဟာမိတ် စစ်သည်တွေဟာ ယူကရိန်း နိုင်ငံ ပိုင်နက်ထဲထိ ဝင်ရောက် ဖြန့်ကျက်ဖို့တော့ အစီအစဉ် မရှိသေးကြောင်း NATO အဖွဲ့က ပြောပါတယ်။

အစောပိုင်းမှာ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပူတင်ဟာ ယူကရိန်းမှာ ရုရှားကို လိုလားထောက်ခံတဲ့ အစိုးရတစ်ရပ်ကို တင်မြှောက်သွားဖို့ ကြံစည်နေကြောင်း စွပ်စွဲထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။