Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် အခိုင်အမာ ရပ်တည်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အနောက်အုပ်စု နိုင်ငံတွေ

ရုရှားက ယူကရိန်းနဲ့ အနောက်အုပ်စု NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဟာ ရုရှားရဲ့ လုံခြုံရေးကို ထိပါးရန်စဖို့ ကြိုးစားနေကြောင်း တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။ အထူးသဖြင့် ရုရှားရဲ့ အနောက်ဖက် နယ်နိမိတ် အလွန်မှာ NATOရဲ့ ဩဇာ ဖြန့်ကျက်လာခြင်းအပေါ် ရုရှားကလည်း စိုးရိမ်နေပါတယ်။

ရုရှားနဲ့ ဆက်ဆံရေး မြင့်တက်လာချိန်မှာ အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေက ယူကရိန်းအတွက် ခိုင်ခိုင်မာမာ ရပ်တည်ပေးမယ်လို့ သဘောထား ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ယူကရိန်းနဲ့ နယ်စပ်နားမှာ ရုရှားစစ်သည် တစ်သိန်းဝန်းကျင်လောက် အင်အား အလုံးအရင်းနဲ့ စုရုံးနေခြင်းကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ အခြေအနေ ဆိုးသထက် ဆိုးလာနေပါတယ်။ ရုရှားဟာ ၂၀၁၄ တုန်းက ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို စစ်အင်အားသုံး သိမ်းပိုက်ခဲ့ဖူးတဲ့ ဖြစ်စဉ်မျိုးလည်း ရှိနေပြန်ပါတယ်။

ယူကရိန်း-ရုရှား ပဋိပက္ခနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ရုရှား ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးမှုကလည်း အဆင် မချောခဲ့ပါဘူး။ ရုရှားက ယူကရိန်းနဲ့ အနောက်အုပ်စု NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဟာ ရုရှားရဲ့ လုံခြုံရေးကို ထိပါးရန်စဖို့ ကြိုးစားနေကြောင်း တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။ အထူးသဖြင့် ရုရှားရဲ့ အနောက်ဖက် နယ်နိမိတ် အလွန်မှာ NATOရဲ့ ဩဇာ ဖြန့်ကျက်လာခြင်းအပေါ် ရုရှားကလည်း စိုးရိမ်နေပါတယ်။

ဇန်နဝါရီ ၂၄ ရက်မှာတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဥရောပမှာရှိတဲ့ မဟာမိတ် နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဗီဒီယို ကွန်ဖရင့် ပြုလုပ်ပြီး ရုရှားကို ကိုင်တွယ်ရေးအတွက် ဘုံမဟာဗျူဟာတစ်ခု ရှာဖွေဖို့ ဆွေးနွေးခဲ့ပါတယ်။ တကယ်လို့သာ ယူကရိန်းကို ကျူးကျော်စစ် ပြုခဲ့မယ်ဆိုရင် ရုရှားကို ပြင်းပြင်းထန်ထန်၊ မြန်မြန်ဆန်ဆန် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့ ဗြိတိန်ကလည်း သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားကတော့ နယ်စပ်နားမှာ စစ်သည်တွေ အလုံးအရင်း ဖြန့်ကျက်ထားပေမယ့် ယူကရိန်းကို တိုက်ခိုက်မယ့် အစီအစဉ် မရှိဘူးလို့ ငြင်းဆိုထားဆဲပါ။ လောလောဆယ်တော့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ပိုလန်နဲ့ ဥရောပ သမဂ္ဂ အကြီးအကဲတွေ တွေ့ဆုံ ဆွေးနွေးပြီး ရုရှားရဲ့ ခြေလှမ်းတွေကို တုံ့ပြန်ဖို့ စီစဉ်နေပါတယ်။ ဒီတွေ့ဆုံ ဆွေးနွေးမှုဟာ အရမ်းကောင်းမွန်တဲ့ အနေအထားမျိုး ရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က ဆိုပါတယ်။

အခုအခါ NATOဟာ ယူကရိန်းနဲ့ အနီးတဝိုက်မှာ တပ်ကူတွေ ပိုမို ဖြန့်ကျက်ထားဖို့ စီစဉ်နေပြီး အမေရိကန်ကလည်း စစ်သည် ၈၅၀၀ လောက်ကို အသင့်အနေအထား တပ်လှန့်ပြီး ယူကရိန်းကို ကူညီဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ လတ်တလောမှာတော့ NATOရဲ့ နိုင်ငံစုံ ပူးပေါင်း မဟာမိတ် စစ်သည်တွေဟာ ယူကရိန်း နိုင်ငံ ပိုင်နက်ထဲထိ ဝင်ရောက် ဖြန့်ကျက်ဖို့တော့ အစီအစဉ် မရှိသေးကြောင်း NATO အဖွဲ့က ပြောပါတယ်။

အစောပိုင်းမှာ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပူတင်ဟာ ယူကရိန်းမှာ ရုရှားကို လိုလားထောက်ခံတဲ့ အစိုးရတစ်ရပ်ကို တင်မြှောက်သွားဖို့ ကြံစည်နေကြောင်း စွပ်စွဲထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။