Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအရေး စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ရုရှားက ဘီလားရုစ် ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းကို စစ်တိုက်ဖို့ အစီအစဉ် မရှိကြောင်း ငြင်းဆိုထားပေမယ့် အမေရိကန်နဲ့ NATO မဟာမိတ် နိုင်ငံတွေကတော့ အပြည့်အဝ မယုံကြည်ရဲကြပါဘူး။ အမေရိကန် အစိုးရရဲ့ ထိပ်တန်း အရာရှိကြီး တချို့ကလည်း ရုရှားဟာ ရက်ပိုင်းအတွင်း ယူကရိန်းကို ထိုးစစ် ဆင်လာနိုင်ကြောင်း ခန့်မှန်း သုံးသပ်ထားကြပါတယ်။

ယူကရိန်း နိုင်ငံကို ကျူးကျော် တိုက်ခိုက်လာနိုင်တဲ့အပေါ် နိုင်ငံတကာ စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာပဲ ရုရှားက ဘီလားရုစ်နဲ့ ပူးပေါင်းပြီး အင်အား အလုံးအရင်းနဲ့ စစ်ရေးလေ့ကျင့်မှုတွေ စတင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်ပြီး နောက်ထပ် ၁၀ ရက် ကြာမြင့်မယ့် စစ်ရေး လေ့ကျင့်မှုတွေဟာ လက်ရှိ ဒေသတွင်း တင်းမာမှုတွေကို ပိုမို ဆိုးရွားလာစေနိုင်ကြောင်း အမေရိကန်က ဝေဖန်ထားပါတယ်။ ဘီလားရုစ်ဟာ ရုရှားရဲ့ အမာခံ မဟာမိတ် နိုင်ငံတစ်ခုဖြစ်ပြီး ယူကရိန်းနဲ့လည်း နယ်နိမိတ် ရှည်ရှည်လျားလျား ထိစပ်နေပါတယ်။

ယူကရိန်း အစိုးရကလည်း ဘီလားရုစ်နဲ့ ရုရှားရဲ့ စစ်ရေး လေ့ကျင့်မှုကို ရှုတ်ချခဲ့ပါတယ်။ ရုရှားဟာ ယူကရိန်း နိုင်ငံ တဝိုက်မှာ စစ်သည် ၁ သိန်း ဝန်းကျင်လောက် ဖြန့်ကျက်ထားပြီး အခု စစ်ရေးလေ့ကျင့်မှုအတွက် စစ်သည် ၃ သောင်းလောက်ကို ဘီလားရုစ်ဆီ ခွဲဝေ ပို့ဆောင်ခဲ့ပါတယ်။ ဒါဟာ စစ်အေးခေတ် နောက်ပိုင်း ဘီလားရုစ် နိုင်ငံမှာ ရုရှားစစ်သည် ဦးရေ အများဆုံး ဖြန့်ကျက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အခုဆိုရင် ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နိုင်တဲ့ အခြေအနေမျိုး တအုံနွေးနွေးနဲ့ ကြာမြင့်နေတာ သီတင်းပတ် တော်တော်များများ ရှိခဲ့ပါပြီ။ အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေကတော့ ဒီပြဿနာကို သံတမန်ရေး နည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့ ကြိုးစားနေကြဆဲပါ။

Public Service Announcement

Public Service Announcement

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး လစ်ဇ် ထရုစ်ကလည်း ယူကရိန်း ကိစ္စ ဆွေးနွေးဖို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီယို လက်ဗ်ရော့ဗ်နဲ့ အခု သီတင်းပတ်ထဲ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ရုရှား အစိုးရကို သံတမန်ရေး နည်းလမ်းတွေ အသုံးပြုဖို့ တိုက်တွန်းမှာဖြစ်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုကို ရုရှားက နောက်တစ်ကြိမ် ထပ်ကျူးကျော်မယ်ဆိုရင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံရမယ်လို့လည်း သတိပေးသွားမှာဖြစ်ကြောင်း ထရုစ်က ဆိုပါတယ်။ ရုရှားဟာ ၂၀၁၄ တုန်းကလည်း ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ဝင်ရောက် သိမ်းပိုက်ခဲ့ဖူးပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းကို စစ်တိုက်ဖို့ အစီအစဉ် မရှိကြောင်း ငြင်းဆိုထားပေမယ့် အမေရိကန်နဲ့ NATO မဟာမိတ် နိုင်ငံတွေကတော့ အပြည့်အဝ မယုံကြည်ရဲကြပါဘူး။ အမေရိကန် အစိုးရရဲ့ ထိပ်တန်း အရာရှိကြီး တချို့ကလည်း ရုရှားဟာ ရက်ပိုင်းအတွင်း ယူကရိန်းကို ထိုးစစ် ဆင်လာနိုင်ကြောင်း ခန့်မှန်း သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook