Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားမှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ ထောင်ဂဏန်းလောက် အဖမ်းခံရ

ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို စတင် ကျူးကျော် တိုက်ခိုက်ခဲ့တဲ့နောက် နာရီပိုင်း အတွင်းမှာပဲ မော်စကိုမြို့ခံတွေ အမြောက်အမြားက လမ်းတွေပေါ် ထွက်လာပြီး စစ်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံက မြို့ကြီးတွေမှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ ထောင်ဂဏန်းလောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို စတင် ကျူးကျော် တိုက်ခိုက်ခဲ့တဲ့နောက် နာရီပိုင်း အတွင်းမှာပဲ မော်စကိုမြို့ခံတွေ အမြောက်အမြားက လမ်းတွေပေါ် ထွက်လာပြီး စစ်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ တခြား မြို့ကြီးတွေမှာလည်း အလားတူ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မြို့ပေါင်း ၅၁ ခုမှာ ဆန္ဒပြသူ ၁၃၉၁ ဦးထက်မနည်း အဖမ်းခံခဲ့ရကြောင်း ရုရှား မီဒီယာတွေက ဖော်ပြပါတယ်။ မော်စကို တစ်မြို့တည်းမှာတင် လူ ၇၀၀ ကျော် အဖမ်းခံခဲ့ရပြီး ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ စိန့်ပီတာစဘာ့ဂ်မှာလည်း လူ ၃၄၀ ကျော် ထိန်းသိမ်း ခံခဲ့ရပါတယ်။

ဆန္ဒပြသူတွေက ယူကရိန်းကို တိုက်ခိုက်တာဟာ ရုရှားရဲ့ စစ်ပွဲ မဟုတ်ဘဲ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ စစ်ပွဲသာ ဖြစ်တယ်လို့ အော်ဟစ်ခဲ့ကြပါတယ်။ ယူကရိန်းကို ရုရှားက စတင် ကျူးကျော်တာနဲ့ ရုရှားရဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြကြဖို့ အွန်လိုင်းကနေ ဆော်ဩခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ လက်ဗ် ပိုနိုမက်ဗ်ယော့ဗ် ဦးဆောင်တဲ့ စစ်ဆန့်ကျင်ရေး အဆိုပြုချက်မှာ တစ်ရက်အတွင်း ရုရှားနိုင်ငံသား ၃ သိန်းနီးပါး ပါဝင် လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ဒါ့အပြင် ဂျာနယ်လစ် ၂၅၀ ကျော်၊ သိပ္ပံပညာရှင် ၂၅၀ ကျော်နဲ့ မော်စကို မြူနီစီပယ် အဖွဲ့ဝင် ၁၉၀ ကျော်တို့ကလည်း သီးခြားစီ လူစု လက်မှတ်ထိုးပြီး ကျူးကျော်စစ်ကို ကန့်ကွက်ကြောင်း အသီးသီး သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်။

မော်စကိုမှာတော့ ဆန္ဒပြသူ တချို့က တရားမဝင်တဲ့ စစ်ပွဲကို အစပြုခဲ့တဲ့ ပူတင်ကို ဖမ်းဆီးသင့်ကြောင်း အော်ဟစ်နေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရုရှားဟာ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ စည်းမျဉ်းတွေ ပိုမို တင်းကျပ်လာသလို အဖမ်းအဆီးလည်း ကြမ်းလာပေမယ့် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ ရုရှား အာဏာပိုင်တွေကတော့ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ သတ်မှတ် ဥပဒေတွေကို ချိုးဖောက်ရာ ရောက်ခဲ့ရင် ဖမ်းဆီး အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

Facebook