Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းမြို့တော်အနီးမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေ

ရုရှား စစ်တပ်တွေက ကိယက်ဗ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ အသံတွေဟာ မိုင်ပေါင်း အတော်များများ ဝေးကွာတဲ့ နေရာတွေကတောင် ကြားနေရပါတယ်။

ယူကရိန်းနိုင်ငံရဲ့ မြို့တော်ကိယက်ဗ်နားမှာ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းကစလို့ တစ်ညလုံး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့ပါတယ်။

မြို့လယ်ရင်ပြင်နဲ့ မလှမ်းမကမ်းမှာလည်း ပေါက်ကွဲသံတွေ ဆက်တိုက် ကြားနေရတယ်လို့ ကိယက်ဗ်မှာ ရှိနေတဲ့ သတင်းထောက်တွေက ပြောပါတယ်။ ရုရှား စစ်တပ်တွေက ကိယက်ဗ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ အသံတွေဟာ မိုင်ပေါင်း အတော်များများ ဝေးကွာတဲ့ နေရာတွေကတောင် ကြားနေရပါတယ်။

ကိယက်ဗ် လွတ်လပ်ရေး သတင်းဌာနရဲ့ ဖော်ပြချက်အရ မြို့တော် တိရစ္ဆာန်ရုံနား တဝိုက်မှာဆို လက်နက်ကြီးကျည် အလုံး ၅၀ လောက် ကျရောက် ပေါက်ကွဲခဲ့သလို စက်သေနတ် အကြီးစား ပစ်ခတ်သံတွေလည်း ဆူညံနေကြောင်း သိရပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို စတင်ကျူးကျော်ဖို့ အမိန့်ပေးခဲ့ပြီး ယူကရိန်းနိုင်ငံရဲ့ အရှေ့ဖက်၊ တောင်ဖက်နဲ့ မြောက်ဖက်ကနေ ရုရှားတပ်တွေ အလုံးအရင်း ထိုးစစ် ဆင်လာခဲ့ပါတယ်။ ဒီစစ်ပွဲမှာ သေဆုံးသူ ရာထောင်ချီ များပြားနိုင်ပေမယ့် အရေအတွက် အတိအကျ ခန့်မှန်းဖို့ ခက်နေဆဲပါ။

Public Service Announcement

Public Service Announcement

ရုရှားနဲ့ ယူကရိန်းရဲ့ စစ်အင်အားက အဆပေါင်းများစွာ ကွာဟလွန်းတာကြောင့် ထိုးစစ်ဒဏ်ကို ယူကရိန်းက ရေရှည် တောင့်ခံထားနိုင်မှာ မဟုတ်ကြောင်း စစ်ရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ယူကရိန်း ခုခံရေး တပ်တွေဟာ ရုရှားကို မျှော်လင့်ထားတာထက် ပိုပြီး မာမာထန်ထန် တွန်းလှန်နေကြဆဲပါ။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သူဟာ နိုင်ငံထဲမှာပဲ ရှိနေသေးပြီး ပြည်ပကို ထွက်ပြေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အခုအခါမှာ ရုရှားတပ်တွေက ကိယက်ဗ်ကို ဝင်ရောက်သိမ်းပိုက်ဖို့ တာဆူနေပြီလို့ ဇီလန်စကီးက ဝန်ခံခဲ့ပြီး ပြည်သူတွေအတွက် ခက်ခဲတဲ့ ညတစ်ညကို ဖြတ်သန်းကြရလိမ့်မယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေကတော့ ရုရှား သမ္မတ ပူတင်၊ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်တို့ကိုပါ ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ကြေညာထားပါတယ်။ ရုရှား တပ်တွေက ယူကရိန်းကို သဲကြီးမဲကြီး ထိုးစစ်ဆင်နေချိန်မှာ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ကတော့ ရုရှား တပ်ဖွဲ့ဝင်တွေ အနေနဲ့ ယူကရိန်းကို ဆက်မတိုက်တော့ဘဲ စစ်တန်းလျား ပြန်ပေးကြဖို့ တိုက်တွန်း ပန်ကြားနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။