Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်ပနိုင်ငံတွေကို ထွက်ပြေးလာတဲ့ ယူကရိန်း စစ်ရှောင် ဒုက္ခသည် တစ်သန်းကျော်ရှိလာ

ကုလသမဂ္ဂ လက်အောက်ခံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အကြီးအကဲဖြစ်သူ ဖိလစ်ပို ဂရန်ဒီကလည်း ယူကရိန်းမှာ သေနတ်သံတွေ အမြန်ဆုံး တိတ်ဆိတ်သွားဖို့ လိုအပ်နေပြီး လိုအပ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ အလျင်အမြန် ပေးပို့နိုင်ဖို့ အရေးကြီးနေကြောင်း Twitterမှာ ရေးသားထားပါတယ်။

စစ်ဘေးကြောင့် နိုင်ငံကို စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ယူကရိန်း ဒုက္ခသည် တစ်သန်းကျော်လောက် ရှိလာပြီလို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

စစ်ပွဲစပြီး ၇ ရက် အတွင်းမှာတင် စစ်ဘေးဒုက္ခသည် သန်းဂဏန်းထိ ရောက်ရှိလာတာလို့ ကုလသမဂ္ဂက ဆိုပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ဥရောပမှာ ကြုံခဲ့တဲ့ ရွှေ့ပြောင်း ဒုက္ခသည် ဂယက်မှာ နေရပ်စွန့်ခွာသူ ၁.၃ သန်းလောက်ထိ များပြားခဲ့ကြောင်း၊ ယူကရိန်းက ဒီစံချိန်ကို ၇ ရက်တည်းနဲ့ လိုက်မီလုနီးပါး ဖြစ်လာကြောင်း BBC သတင်းထောက် လီဝစ် ဂွတ်ဒေါလ်က ပြောပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အကြီးအကဲဖြစ်သူ ဖိလစ်ပို ဂရန်ဒီကလည်း ယူကရိန်းမှာ သေနတ်သံတွေ အမြန်ဆုံး တိတ်ဆိတ်သွားဖို့ လိုအပ်နေပြီး လိုအပ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ အလျင်အမြန် ပေးပို့နိုင်ဖို့ အရေးကြီးနေကြောင်း Twitterမှာ ရေးသားထားပါတယ်။

ယူကရိန်း စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ စုစုပေါင်းဟာ ၁၂ သန်းလောက်ထိ များပြားလာနိုင်တယ်လို့လည်း ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ခန့်မှန်းထားပါတယ်။ လတ်တလောမှာ ယူကရိန်း ဒုက္ခသည်တွေကို ပိုလန်က အများဆုံး လက်ခံပေးထားပြီး ဆလိုဗေးကီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ မော်လ်ဒိုဗာနဲ့ တခြား ဥရောပ နိုင်ငံတွေကလည်း ဒုက္ခသည်တွေ လက်ခံပေးနေကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။