Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပြည်ပနိုင်ငံတွေကို ထွက်ပြေးလာတဲ့ ယူကရိန်း စစ်ရှောင် ဒုက္ခသည် တစ်သန်းကျော်ရှိလာ

ကုလသမဂ္ဂ လက်အောက်ခံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အကြီးအကဲဖြစ်သူ ဖိလစ်ပို ဂရန်ဒီကလည်း ယူကရိန်းမှာ သေနတ်သံတွေ အမြန်ဆုံး တိတ်ဆိတ်သွားဖို့ လိုအပ်နေပြီး လိုအပ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ အလျင်အမြန် ပေးပို့နိုင်ဖို့ အရေးကြီးနေကြောင်း Twitterမှာ ရေးသားထားပါတယ်။

စစ်ဘေးကြောင့် နိုင်ငံကို စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ယူကရိန်း ဒုက္ခသည် တစ်သန်းကျော်လောက် ရှိလာပြီလို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

စစ်ပွဲစပြီး ၇ ရက် အတွင်းမှာတင် စစ်ဘေးဒုက္ခသည် သန်းဂဏန်းထိ ရောက်ရှိလာတာလို့ ကုလသမဂ္ဂက ဆိုပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ဥရောပမှာ ကြုံခဲ့တဲ့ ရွှေ့ပြောင်း ဒုက္ခသည် ဂယက်မှာ နေရပ်စွန့်ခွာသူ ၁.၃ သန်းလောက်ထိ များပြားခဲ့ကြောင်း၊ ယူကရိန်းက ဒီစံချိန်ကို ၇ ရက်တည်းနဲ့ လိုက်မီလုနီးပါး ဖြစ်လာကြောင်း BBC သတင်းထောက် လီဝစ် ဂွတ်ဒေါလ်က ပြောပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အကြီးအကဲဖြစ်သူ ဖိလစ်ပို ဂရန်ဒီကလည်း ယူကရိန်းမှာ သေနတ်သံတွေ အမြန်ဆုံး တိတ်ဆိတ်သွားဖို့ လိုအပ်နေပြီး လိုအပ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ အလျင်အမြန် ပေးပို့နိုင်ဖို့ အရေးကြီးနေကြောင်း Twitterမှာ ရေးသားထားပါတယ်။

ယူကရိန်း စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ စုစုပေါင်းဟာ ၁၂ သန်းလောက်ထိ များပြားလာနိုင်တယ်လို့လည်း ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ခန့်မှန်းထားပါတယ်။ လတ်တလောမှာ ယူကရိန်း ဒုက္ခသည်တွေကို ပိုလန်က အများဆုံး လက်ခံပေးထားပြီး ဆလိုဗေးကီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ မော်လ်ဒိုဗာနဲ့ တခြား ဥရောပ နိုင်ငံတွေကလည်း ဒုက္ခသည်တွေ လက်ခံပေးနေကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။