Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား စမ်းသပ်နယ်မြေမှာ အဆောက်အအုံသစ်တွေ မြောက်ကိုရီးယားစစ်တပ် တည်ဆောက်နေ

ဂြိုဟ်တု ဓာတ်ပုံတွေအရ ပွန်ဂီရီမှာ လှုပ်ရှားမှုတွေ ပြန်တွေ့နေရသလို အသစ်ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေပါ တိုးလာတာ တွေ့ရကြောင်း အမေရိကန်ရဲ့ မြောက်ကိုရီးယားအရေး လေ့လာသူတွေက ပြောပါတယ်။

မြောက်ကိုရီးယား စစ်တပ်ရဲ့ နျူကလီးယားလက်နက် စမ်းသပ်နေကျ နေရာမှာ လှုပ်ရှားမှုတွေ ရှိနေတဲ့အပေါ် အမေရိကန်က သတိကြီးကြီး စောင့်ကြည့်နေပါတယ်။

အမေရိကန်နဲ့ ညှိနှိုင်းမှုတွေအပြီး ၂၀၁၈ ခုနှစ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက နျူကလီးယား စမ်းသပ်မှုတွေ ဆိုင်းငံ့ထားဖို့ သဘောတူခဲ့သလို ပွန်ဂီရီ နျူကလီးယား စမ်းသပ်ဇုန် နယ်မြေရဲ့ အစိတ်အပိုင်း တချို့ကို ဖြိုချခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေက လုံးဝ တိုးတက်မှု ရှိမလာတော့သလို မြောက်ကိုရီးယားကလည်း ဒုံးကျည်နဲ့ နျူကလီးယား လက်နက် နည်းပညာ စမ်းသပ်မှုတွေ ပြန်လည် အရှိန်မြှင့်လာခဲ့ပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေအရ ပွန်ဂီရီမှာ လှုပ်ရှားမှုတွေ ပြန်တွေ့နေရသလို အသစ်ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေပါ တိုးလာတာ တွေ့ရကြောင်း အမေရိကန်ရဲ့ မြောက်ကိုရီးယားအရေး လေ့လာသူတွေက ပြောပါတယ်။

လောလောဆယ် အခြေအနေမှာတော့ ပွန်ဂီရီမှာ နောက်ထပ် နျူကလီးယားလက်နက် စမ်းသပ်ဖို့ အဆင်သင့် မဖြစ်နိုင်သေးကြောင်း၊ ဒါပေမဲ့ လက်ရှိအတိုင်း ပြန်လည် တည်ဆောက်မှုတွေ ရှိနေဦးမယ်ဆိုရင် ဒီနှစ်ကုန်လောက်မှာ လက်နက် စမ်းသပ်နိုင်တဲ့ အခြေအနေထိ ရောက်သွားနိုင်ကြောင်း စောင့်ကြည့် လေ့လာသူတွေက မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယား အစိုးရရဲ့ သဘောထားကို အတိအကျ မသိရသေးပေမယ့် ပွန်ဂီရီကို အချိန်မရွေး နျူကလီးယားလက်နက် စမ်းသပ် ဖောက်ခွဲနိုင်တဲ့ နေရာတစ်ခုအဖြစ် ပြန်လည် ထားရှိချင်နေတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ပွန်ဂီရီဟာ မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တည်ရှိပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်း အဲဒီနေရာမှာ နျူကလီးယားလက်နက် စမ်းသပ် ဖောက်ခွဲမှု အနည်းဆုံး ၆ ကြိမ်လောက် လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook