Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား စမ်းသပ်နယ်မြေမှာ အဆောက်အအုံသစ်တွေ မြောက်ကိုရီးယားစစ်တပ် တည်ဆောက်နေ

ဂြိုဟ်တု ဓာတ်ပုံတွေအရ ပွန်ဂီရီမှာ လှုပ်ရှားမှုတွေ ပြန်တွေ့နေရသလို အသစ်ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေပါ တိုးလာတာ တွေ့ရကြောင်း အမေရိကန်ရဲ့ မြောက်ကိုရီးယားအရေး လေ့လာသူတွေက ပြောပါတယ်။

မြောက်ကိုရီးယား စစ်တပ်ရဲ့ နျူကလီးယားလက်နက် စမ်းသပ်နေကျ နေရာမှာ လှုပ်ရှားမှုတွေ ရှိနေတဲ့အပေါ် အမေရိကန်က သတိကြီးကြီး စောင့်ကြည့်နေပါတယ်။

အမေရိကန်နဲ့ ညှိနှိုင်းမှုတွေအပြီး ၂၀၁၈ ခုနှစ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက နျူကလီးယား စမ်းသပ်မှုတွေ ဆိုင်းငံ့ထားဖို့ သဘောတူခဲ့သလို ပွန်ဂီရီ နျူကလီးယား စမ်းသပ်ဇုန် နယ်မြေရဲ့ အစိတ်အပိုင်း တချို့ကို ဖြိုချခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေက လုံးဝ တိုးတက်မှု ရှိမလာတော့သလို မြောက်ကိုရီးယားကလည်း ဒုံးကျည်နဲ့ နျူကလီးယား လက်နက် နည်းပညာ စမ်းသပ်မှုတွေ ပြန်လည် အရှိန်မြှင့်လာခဲ့ပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေအရ ပွန်ဂီရီမှာ လှုပ်ရှားမှုတွေ ပြန်တွေ့နေရသလို အသစ်ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေပါ တိုးလာတာ တွေ့ရကြောင်း အမေရိကန်ရဲ့ မြောက်ကိုရီးယားအရေး လေ့လာသူတွေက ပြောပါတယ်။

လောလောဆယ် အခြေအနေမှာတော့ ပွန်ဂီရီမှာ နောက်ထပ် နျူကလီးယားလက်နက် စမ်းသပ်ဖို့ အဆင်သင့် မဖြစ်နိုင်သေးကြောင်း၊ ဒါပေမဲ့ လက်ရှိအတိုင်း ပြန်လည် တည်ဆောက်မှုတွေ ရှိနေဦးမယ်ဆိုရင် ဒီနှစ်ကုန်လောက်မှာ လက်နက် စမ်းသပ်နိုင်တဲ့ အခြေအနေထိ ရောက်သွားနိုင်ကြောင်း စောင့်ကြည့် လေ့လာသူတွေက မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယား အစိုးရရဲ့ သဘောထားကို အတိအကျ မသိရသေးပေမယ့် ပွန်ဂီရီကို အချိန်မရွေး နျူကလီးယားလက်နက် စမ်းသပ် ဖောက်ခွဲနိုင်တဲ့ နေရာတစ်ခုအဖြစ် ပြန်လည် ထားရှိချင်နေတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ပွန်ဂီရီဟာ မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တည်ရှိပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်း အဲဒီနေရာမှာ နျူကလီးယားလက်နက် စမ်းသပ် ဖောက်ခွဲမှု အနည်းဆုံး ၆ ကြိမ်လောက် လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။