Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဒုံးကျည် စမ်းသပ်မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား လိမ်ညာထားတယ်လို့ တောင်ကိုရီးယားဆို

မြောက်ကိုရီးယားဟာ သူတို့ အထူးတလည် အလေးထားတဲ့ ဒုံးကျည် စီမံကိန်း အထမမြောက်သေးတာကို ဝန်မခံချင်တဲ့အတွက် Hwasong-15 တစ်စင်းကို Hwasong-17အဖြစ် အယောင်ဆောင် ပစ်ခတ်ပြခဲ့တာ ဖြစ်လိမ့်မယ်လို့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက ပြောပါတယ်။

နောက်ဆုံး စမ်းသပ်ခဲ့တဲ့ မဟာဗျူဟာ ဒုံးကျည် (ICBM) ပစ်လွှတ်မှုမှာ မြောက်ကိုရီးယား အစိုးရဟာ သတင်း အချက်အလက်တွေ လိမ်လည် ထုတ်ပြန်ခဲ့ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ မတ်လ ၂၄ ရက်တုန်းက အကြီးစား ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ပါတယ်။ ဒီဒုံးကျည် စမ်းသပ်မှုကို မြောက်ကိုရီးယား စစ်တပ်က အလေးပေး ကြေညာခဲ့ပြီး နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်း ကိုယ်တိုင် အနီးကပ် သွားရောက် ကွပ်ကဲနေပုံ မှတ်တမ်း ဗီဒီယိုတွေကို ဟောလိဝုဒ် ရုပ်ရှင် Trailerဆန်ဆန် ရိုက်ကူး ပြသခဲ့ပါသေးတယ်။

မြောက်ကိုရီးယားက အဲဒီဒုံးကျည်ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ Hwasong-17 အမျိုးအစား ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ကင်မ်ကိုယ်တိုင် ပါဝင်ထားတဲ့ ဗီဒီယိုဟာ မြောက်ကိုရီးယားရဲ့ လက်နက် အင်အားကို ထုတ်ပြတဲ့ ဝါဒဖြန့် အစီအမံ တစ်ခု ဖြစ်ဖွယ် ရှိပါတယ်။

ဒါပေမဲ့ အဲဒီဒုံးကျည်ဟာ Hwasong-17 မဟုတ်ဘဲ ၂၀၁၇ တုန်းက မြောက်ကိုရီးယား စမ်းသပ်ခဲ့ဖူးတဲ့ ICBM အမျိုးအစားဟောင်း Hwasong-15သာ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ထောက်လှမ်းရေး ဌာနတွေက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ မတ်လ ၁၆ ရက်တုန်းက မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတစ်ခု မအောင်မြင်ခဲ့တာကို ပြန်လည် ဖာထေးဖို့ ဖြန့်ခဲ့တဲ့ သတင်းတု ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အဲဒီတုန်းက လေထုထဲ ပျံတက်ပြီး မကြာခင်မှာ ပေါက်ကွဲသွားတဲ့ ဒုံးကျည်ကသာ တကယ့် Hwasong-17 ဖြစ်ဖွယ် ရှိပါတယ်။

မြောက်ကိုရီးယားဟာ သူတို့ အထူးတလည် အလေးထားတဲ့ ဒုံးကျည် စီမံကိန်း အထမမြောက်သေးတာကို ဝန်မခံချင်တဲ့အတွက် Hwasong-15 တစ်စင်းကို Hwasong-17အဖြစ် အယောင်ဆောင် ပစ်ခတ်ပြခဲ့တာ ဖြစ်လိမ့်မယ်လို့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက ပြောပါတယ်။

ပင်လယ် သမုဒ္ဒရာထဲ ကျရောက်ခဲ့တဲ့ ဒုံးကျည် အစိတ်အပိုင်းတွေကို ဆယ်ယူပြီးတဲ့ အချိန်မှာ တောင်ကိုရီးယား ဒုံးကျည် ပညာရှင်တွေက ဒါဟာ Hwasong-17 ဟုတ်ပါ့မလားလို့ စပြီး သံသယ ဝင်လာကြတာပါ။ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ ယန်မွန်ဂျင်က မြောက်ကိုရီးယား အစိုးရ အနေနဲ့ ဒုံးကျည် စမ်းသပ်မှုမှာ လိမ်လည်ခဲ့တယ် ဆိုရင်လည်း သူတို့ရဲ့ သဘောထားနဲ့ အကျပ်အတည်းကို နားလည်နိုင်ကြောင်း ပြောပါတယ်။

Hwasong-17 စမ်းသပ်မှု မအောင်မြင်ခဲ့ဘူးဆိုတဲ့ အရှိတရားက မြောက်ကိုရီးယား ပြည်သူတွေ အမြင်မှာ ကြီးမားတဲ့ ကျရှုံးမှုတစ်ခု ဖြစ်သွားနိုင်တယ်လို့ သူက ဆိုပါတယ်။ မြောက်ကိုရီးယား အနေနဲ့ နိုင်ငံရဲ့ စစ်အင်အား တောင့်တင်းမှုကို ပြသပြီး ပြည်သူတွေရဲ့ ထောက်ခံမှုကို ရယူဖို့ ကြိုးစားနေတာကြောင့် ဒီအဆုံးအရှုံးကို ဖုံးကွယ်ဖို့ နည်းလမ်းစုံ ကြိုးစားမှာပဲလို့လည်း ယန်က သုံးသပ်သွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဖက်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ အနိမ့်ပျံနေတဲ့ ဒုံးကျည်တစ်စင်းဟာ ကမ်းရိုးတန်း တစ်နေရာမှာ တည်ဆောက်ထားတဲ့ ပစ်မှတ် အဆောက်အအုံဆီ ဦးတည်နေတာကို တွေ့ရပါတယ်။