Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေပိုင်နက် အငြင်းပွားနေတဲ့ ပင်လယ်ပြင်တွေမှာ ခေတ်အမီဆုံး တိုက်လေယာဉ်တွေ ဖြန့်ကျက်လာတဲ့ တရုတ်လေတပ်

စစ်ရေး သုတေသီတွေကတော့ ပိုင်နက် အငြင်းပွားရာ နယ်မြေတွေမှာ တရုတ်က J-20တွေ ဖြန့်ကျက်လာခြင်းဟာ ကိုယ်ပိုင် စစ်အင်အားအပေါ် ယုံကြည်မှု ရှိတာကြောင့်ရော၊ ဒေသတွင်း နိုင်ငံတွေကို ခြိမ်းခြောက်ဖို့ပါ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ပိုင်နက် အငြင်းပွားမှုတွေ ပြင်းထန်နေတဲ့ ရေပြင်မှာ တရုတ်က သူတို့ပိုင်ဆိုင်တဲ့ ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ်တွေကို စတင် ဖြန့်ကျက် အခြေစိုက်နေကြောင်း သိရပါတယ်။

တရုတ် အစိုးရ မီဒီယာတွေက တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ် ပင်လယ်တွေမှာ J-20 တိုက်လေယာဉ်တွေ ကင်းလှည့်ပျံသန်းတဲ့ တာဝန် ယူသွားမယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။ J-20တွေဟာ တရုတ်ရဲ့ လက်နက်တိုက်ထဲမှာတော့ ခေတ်အမီဆုံး၊ နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ်တွေပါ။

J-20တွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်စွမ်းရည် ပိုင်ဆိုင်ထားပြီး ပဉ္စမမျိုးဆက်အဖြစ် သတ်မှတ်ခံထားရတဲ့ နောက်ဆုံးပေါ် ဂျက်တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။ J-20တွေရဲ့ အစောပိုင်း ထုတ်လုပ်မှုတွေမှာ ရုရှားရဲ့ အင်ဂျင်တွေကို မှာယူသုံးစွဲခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရာနှုန်းပြည့် ပြည်တွင်းဖြစ် တည်ဆောက်တဲ့ J-20တွေကို တရုတ်လေတပ်က အသုံးပြုလာပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ်ပြင် တစ်ခုလုံးကို ပိုင်နက်နယ်မြေအဖြစ် သိမ်းသွင်း သတ်မှတ်ချင်တာကြောင့် ဒေသတွင်း နိုင်ငံငယ်တွေနဲ့ ပြဿနာ ဖြစ်နေပါတယ်။ အရှေ့တရုတ် ပင်လယ်မှာလည်း အစဉ်အဆက် ရေပိုင်နက် အငြင်းပွားမှုတွေ ရှိခဲ့ပြီးသားပါ။ အခုတော့ J-20လို မဟာဗျူဟာ စစ်လက်နက်တွေကို အဲဒီပင်လယ်ပြင်တွေဆီ ပို့ဆောင်လာတယ် ဆိုကတည်းက တရုတ်ဟာ ရေပိုင်နက် အငြင်းအခုံ ကိစ္စကို ပိုပြီး အလေးထား ကိုင်တွယ်လာမယ့် သဘောလို့ ယူဆရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ ပစိဖိတ် လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကင်းနမက်သ် ဝီလ်စ်ဘက်ချ်က အရှေ့တရုတ် ပင်လယ်ထဲမှာ အမေရိကန်ရဲ့ F-35တွေနဲ့ တရုတ်ရဲ့ J-20တွေ အနီးကပ် ပျံသန်းတာမျိုး မကြာခဏ ဖြစ်နေကြောင်း ပြောဆိုပြီး သီတင်းပတ် အနည်းငယ် အကြာမှာ တရုတ်က J-20တွေ ဖြန့်ကျက်ထားတဲ့ ကိစ္စကို အတည်ပြုခဲ့တာပါ။ F-35ရော၊ J-20တွေပါ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ခေတ်အမီဆုံး ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။

စစ်ရေး သုတေသီတွေကတော့ ပိုင်နက် အငြင်းပွားရာ နယ်မြေတွေမှာ တရုတ်က J-20တွေ ဖြန့်ကျက်လာခြင်းဟာ ကိုယ်ပိုင် စစ်အင်အားအပေါ် ယုံကြည်မှု ရှိတာကြောင့်ရော၊ ဒေသတွင်း နိုင်ငံတွေကို ခြိမ်းခြောက်ဖို့ပါ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

တရုတ်ဟာ အမေရိကန်ရဲ့ နည်းပညာ အမြင့်ဆုံး ကိုယ်ပျောက် တိုက်လေယာဉ်တွေဖြစ်တဲ့ F-22နဲ့ F-35တွေကို စိန်ခေါ်ဖို့ J-20တွေကို ထုတ်လုပ်ခဲ့တာပါ။ ဒါပေမဲ့ နည်းပညာပိုင်းမှာတော့ အမေရိကန်ရဲ့ လေယာဉ်တွေက သိသိသာသာ ရှေ့က ပြေးနေနိုင်ဆဲလို့ ယုံကြည်ရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။