Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား စစ်သင်္ဘောကို ယူကရိန်း နှစ်မြှုပ်နိုင်အောင် ကူညီခဲ့တယ်ဆိုတဲ့ သတင်းတွေကို အမေရိကန် ငြင်းဆို

Moskva ဆိုတာဟာ ရုရှားဘာသာ စကားအရ မြို့တော် မော်စကိုကို ရည်ညွှန်းတဲ့ နာမည်ဖြစ်ပါတယ်။ ရုရှားရဲ့ မဟာဗျူဟာ အကျဆုံး စစ်ရေး အင်အားစု တစ်ခုဖြစ်တဲ့ ပင်လယ်နက် ရေတပ်ဖွဲ့မှာတော့ ဒီသင်္ဘောကြီးဟာ တပ်ဦးက အောင်လံလွှင့်ရာ ရေယာဉ်လည်း ဖြစ်ပါတယ်။

ရုရှားရေတပ်ရဲ့ အရေးအပါဆုံး စစ်သင်္ဘောကြီး တစ်စီးကို ယူကရိန်းက ပစ်ခတ် နှစ်မြှုပ်နိုင်ဖို့ ပံ့ပိုး ကူညီခဲ့ကြောင်း သတင်းတွေကို အမေရိကန်က တရားဝင် ငြင်းဆိုသွားပါတယ်။

NBCနဲ့ CNNလို သတင်းဌာနတွေက ဧပြီ ၁၄ ရက်က ရုရှားရဲ့ Moskva စစ်သင်္ဘောကြီးကို တိုက်ခိုက်ရာမှာ ယူကရိန်း စစ်တပ်ဟာ အမေရိကန်ရဲ့ စစ်ရေး အကူအညီတွေ ရယူခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဖွဲ့မှာ ဂုဏ်အယူရဆုံး စစ်သင်္ဘောကြီးဖြစ်တဲ့ Moskvaရဲ့ တည်နေရာကို တိတိကျကျ အတည်ပြုဖို့ အမေရိကန်ဆီက အကူအညီကို ယူကရိန်း စစ်တပ်က ရယူခဲ့တာလို့ ဆိုပါတယ်။

နောက်တော့ ယူကရိန်းက Neptune ဒုံးကျည်တွေကို အသုံးပြုပြီး Moskvaကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ စစ်သင်္ဘောကြီးဟာ အကြီးအကျယ် ထိခိုက်ပျက်စီးသွားပြီး နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ ပင်လယ်ထဲ နစ်မြုပ်သွားခဲ့ပါတယ်။

ရုရှားကတော့ Moskvaဟာ မတော်တဆ မီးလောင်မှု တစ်ခုကနေ လက်နက်ထားသိုရာ နေရာဆီ မီးကူးစက်ရာက ပေါက်ကွဲမှုဖြစ်ပြီး နစ်မြုပ်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ ယူကရိန်း လက်ချက်ကြောင့် စစ်သင်္ဘော နစ်မြုပ်တယ် ဆိုတာကို ရုရှားက ဝန်မခံပါဘူး။

Public Service Announcement

Public Service Announcement

အခုအခါ စစ်သင်္ဘော နစ်မြုပ်မှုမှာ အမေရိကန်ရဲ့ စနက်လည်း မကင်းဘူးဆိုတဲ့ သတင်းတွေ ထွက်လာပြီး အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက ငြင်းဆိုသွားခဲ့ပါတယ်။ သမ္မတရဲ့ စီးတော်လေယာဉ် Air Force Oneပေါ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ဆာကီက အဲဒီ သတင်းဖော်ပြချက်တွေက တိကျမှု မရှိပါဘူးလို့ ဖြေရှင်းသွားခဲ့ပါတယ်။

Moskvaရဲ့ တည်နေရာကို တိတိကျကျ ပစ်မှတ်ထားနိုင်အောင် ယူကရိန်းဆီ သတင်းအချက်အလက်တွေ ပေးပို့တာမျိုး အမေရိကန် အနေနဲ့ မလုပ်ခဲ့ကြောင်း၊ ဒီစစ်သင်္ဘောကြီးကို တိုက်ခိုက် နှစ်မြှုပ်တဲ့ ယူကရိန်းရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်မှာ အမေရိကန်က ပါဝင်စွက်ဖက်မှု တစ်စုံတရာ မရှိခဲ့ကြောင်း ဆာကီက ပြောကြားသွားပါတယ်။

ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီကလည်း ယူကရိန်းက Moskvaကို တိုက်ခိုက်မယ်ဆိုတာ အမေရိကန် အနေနဲ့ ကြိုတင် သတင်းရတာမျိုး မရှိခဲ့ကြောင်း၊ ယူကရိန်း စစ်ထောက်လှမ်းရေးကသာ ဒီသင်္ဘောရဲ့ တည်နေရာကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ကြောင်း သီးခြား ငြင်းဆိုသွားခဲ့ပါတယ်။

Moskva ဆိုတာဟာ ရုရှားဘာသာ စကားအရ မြို့တော် မော်စကိုကို ရည်ညွှန်းတဲ့ နာမည်ဖြစ်ပါတယ်။ ရုရှားရဲ့ မဟာဗျူဟာ အကျဆုံး စစ်ရေး အင်အားစု တစ်ခုဖြစ်တဲ့ ပင်လယ်နက် ရေတပ်ဖွဲ့မှာတော့ ဒီသင်္ဘောကြီးဟာ တပ်ဦးက အောင်လံလွှင့်ရာ ရေယာဉ်လည်း ဖြစ်ပါတယ်။

အမေရိကန်ဟာ ရုရှားနဲ့ စစ်ခင်း တိုက်ခိုက်နေတဲ့ ယူကရိန်းအတွက် ဒေါ်လာ ၄ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စစ်လက်နက်တွေ ဝယ်ယူ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သလို သမ္မတ ဂျိုးဘိုင်ဒန်က နောက်ထပ် ဒေါ်လာ ၃၃ ဘီလီယံတန် အကူအညီပေးရေး အစီအမံတွေအတွက် လွှတ်တော်ဆီ တင်ပြ တောင်းဆိုထားပါတယ်။

အမေရိကန် အနေနဲ့ ယူကရိန်းကို ပေါ်ပေါ်ထင်ထင် ကူညီနေပေမယ့် ရုရှားနဲ့ စစ်ပွဲမှာ တိုက်ရိုက် ပါဝင်မှာ မဟုတ်ဘူးလို့တော့ ဘိုင်ဒန်က အခိုင်အမာ ပြောကြားထားပါတယ်။ ဒါ့အပြင် ပိုလန်က ယူကရိန်းဆီ Mig-29 တိုက်လေယာဉ် ၂၈ စီး လက်လွှဲပေးမယ့် ကိစ္စကိုပါ ဘိုင်ဒန်က ကြားဝင် ဟန့်တားခဲ့ဖူးပါတယ်။ ဒီကိစ္စသာ လက်တွေ့ ဖြစ်လာရင် တတိယ ကမ္ဘာစစ်တောင် စတင်လာနိုင်တာကြောင့် ကြားဝင် တားဆီးခဲ့တာလို့ ဘိုင်ဒန်က အကြောင်းပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။