Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းမှာ ရလဒ်ဆိုးခဲ့တဲ့ ရုရှား စစ်ဦးစီးတွေ ရာထူးက ထုတ်ပယ်ခံနေရ

ရုရှားရဲ့ တပ်ပေါင်းစု ကွပ်ကဲရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂီရာဆီမော့ဗ်ရဲ့ ရာထူးနဲ့ ပတ်သက်လို့ ကောလာဟလတချို့ ထွက်ပေါ်နေပေမယ့် သူ့ရဲ့ မူလရာထူးမှာ ဆက်ရှိမရှိ ဆိုတာကို ဗြိတိန် ထောက်လှမ်းရေးက အတည်မပြုနိုင်ပါဘူး။

ယူကရိန်းက အခြေအနေ မဟန်တဲ့ စစ်မျက်နှာတွေမှာ ဦးစီးနေတဲ့ ရုရှား စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ ဆက်တိုက် ထုတ်ပယ် ခံနေရကြောင်း သိရပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ စွမ်းဆောင်ရည်ပိုင်း အားနည်းချက်တွေ ရှိနေတယ်လို့ ယူဆတဲ့ တပ်မှူးတွေ၊ ဗိုလ်ချုပ်တွေကို သည်းမခံတော့ဘဲ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ခပ်စိပ်စိပ် ရာထူးက ဖယ်ရှားပစ်နေတယ်လို့ ဗြိတိန် ထောက်လှမ်းရေးတွေက ပြောပါတယ်။

အထူးသဖြင့် အမှတ် ၁ တင့်ကားတပ်ရင်းကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ် ဆာဟီ ကစ်ဆဲလ်၊ ပင်လယ်နက် ရေတပ်ခွဲကို ဦးစီးနေတဲ့ ဒုတိယ သေနာပတိ အီဂေါ် အိုစီပေါ့ဗ်တို့လို နာမည်ကြီး စစ်ဘက် အရာရှိတွေဟာ ရာထူး တာဝန်တွေက ရပ်ဆိုင်း ခံထားရကြောင်း သိရပါတယ်။

ကစ်ဆဲလ်ဟာ ယူကရိန်းရဲ့ ခါကစ်ဗ်မြို့ကို သိမ်းပိုက်နိုင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ရာထူးက ဖယ်ရှားခံရတယ်လို့ ယုံကြည်ရပါတယ်။ အိုစီပေါ့ဗ် ထုတ်ပယ် ခံရတာကတော့ ဧပြီလတုန်းက စစ်သင်္ဘော Moskva နှစ်မြှုပ်ခံရတဲ့ ကိစ္စကြောင့် တာဝန်ခံလိုက်ရတာ ဖြစ်ဖွယ် ရှိပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရဲ့ တပ်ပေါင်းစု ကွပ်ကဲရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂီရာဆီမော့ဗ်ရဲ့ ရာထူးနဲ့ ပတ်သက်လို့ ကောလာဟလတချို့ ထွက်ပေါ်နေပေမယ့် သူ့ရဲ့ မူလရာထူးမှာ ဆက်ရှိမရှိ ဆိုတာကို ဗြိတိန် ထောက်လှမ်းရေးက အတည်မပြုနိုင်ပါဘူး။

ပူတင်ရဲ့ အမိန့်အရ ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့တာ အခုဆိုရင် ၃ လပြည့်တော့မှာ ဖြစ်ပေမယ့် အခြေအနေတွေက ရုရှား အစိုးရ မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် ယူကရိန်း အစိုးရရဲ့ ဦးဆောင်မှု၊ ပြည်သူတွေ ကိုယ်တိုင် စစ်ပွဲမှာ စေတနာ့ ဝန်ထမ်းအဖြစ် ပါဝင်ခုခံ တိုက်ခိုက်မှု၊ NATO မဟာမိတ် နိုင်ငံတွေရဲ့ လက်နက်နဲ့ ငွေကြေး ထောက်ပံ့မှုတွေကြောင့် ယူကရိန်းဟာ အင်အား ပိုမို သာလွန်တဲ့ ရုရှားကို စစ်မျက်နှာ အများစုမှာ ကြံ့ကြံ့ခံ တွန်းလှန်ထားနိုင်ဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook