Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံပိုင်နက် ၅ ပုံ ၁ ပုံလောက် ရုရှား သိမ်းပိုက်တာ ခံထားရကြောင်း ယူကရိန်း သမ္မတပြော

ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့ အားလုံးဟာ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ဆင်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်နေကြတယ်လို့ အွန်လိုင်း ဗီဒီယို မိန့်ခွန်းမှာ ဇီလန်စကီးက ပြောသွားပါတယ်။ အခုဆိုရင် ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းက ဆီဗာရိုဒွန်းနက်စ်ခ်မြို့ကို ပစ်မှတ်ထားပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေကြောင်း သိရပါတယ်။

Volodymyr Zelenskyy
Volodymyr Zelenskyy

နိုင်ငံ ပိုင်နက်ရဲ့ ၅ ပုံ ၁ ပုံလောက်ဟာ ရုရှား ထိန်းချုပ်မှု အောက်ကို ကျရောက်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို စတင် ကျူးကျော်ခဲ့တဲ့ စစ်ပွဲကာလ ရက် ၁၀၀ ပြည့်ဖို့ နီးကပ်လာချိန်မှာ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ ဇီလန်စကီးက အခုလို မှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။ လူဇင်ဘာ့ဂ် နိုင်ငံက လွှတ်တော် အမတ်တွေကို မိန့်ခွန်း ပြောကြားချိန်မှာ ဇီလန်စကီးက ကျူးကျော်သူ ရုရှားတပ်တွေဟာ ယူကရိန်း နယ်မြေ စုစုပေါင်းရဲ့ ၅ ပုံ ၁ ပုံလောက်ကို ထိန်းချုပ်ထားသလို ရှေ့တန်း စစ်မျက်နှာ အရှည်အလျားကလည်း ကီလိုမီတာ ၁၀၀၀ လောက်ထိ များပြားလာပြီလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့ အားလုံးဟာ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ဆင်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်နေကြတယ်လို့ အွန်လိုင်း ဗီဒီယို မိန့်ခွန်းမှာ ဇီလန်စကီးက ပြောသွားပါတယ်။ အခုဆိုရင် ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းက ဆီဗာရိုဒွန်းနက်စ်ခ်မြို့ကို ပစ်မှတ်ထားပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေကြောင်း သိရပါတယ်။

ဗြိတိန် စစ်ထောက်လှမ်းရေးက ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းက မြို့ရွာတွေကို လက်နက်ကြီး ပစ်ကူအင်အား မတန်တဆ အသုံးပြု တိုက်ခိုက်ပြီး တစ်ရစ်ချင်းစီ ရှေ့တိုး သိမ်းပိုက်နေတယ်လို့ သုံးသပ်ထားပါတယ်။ ဇီလန်စကီးကတော့ ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့တွေဟာ အစွမ်းရှိသမျှ ခုခံနေသလို ကျူးကျော်သူ ရုရှားတပ်တွေကိုလည်း တန်ပြန်တိုက်စစ်ဖွင့်နေကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီအတောအတွင်း အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေက ယူကရိန်းအတွက် တာလတ်ပစ် ဒုံးကျည်တွေ အပါအဝင် နောက်ထပ် ခေတ်မီ စစ်လက်နက် အသစ်တွေ ထောက်ပံ့ပေးသွားမယ်လို့ ကြေညာထားပါတယ်။ ယူကရိန်းအတွက် အသစ်လက်ခံ ရရှိမယ့် စစ်လက်နက်တွေဟာ ရုရှား ပိုင်နက်ထဲထိ ရောက်အောင် ပစ်ခတ်နိုင်ဖွယ် ရှိတာကြောင့် ဒီကိစ္စက ရုရှားအတွက် အကြီးအကျယ် ဒေါသထွက်စရာ ဖြစ်နေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။