Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ လက်နက်ဖျက်သိမ်းရေး ညီလာခံမှာ သဘာပတိ ဖြစ်လာတဲ့ မြောက်ကိုရီးယား

အပြည်ပြည်ဆိုင်ရာ လက်နက် ဖျက်သိမ်းရေး ညီလာခံရဲ့ သဘောတူညီမှုတွေအရ အဖွဲ့ဝင် ၆၅ နိုင်ငံဟာ အက္ခရာစဉ်အတိုင်း အလှည့်ကျ သဘာပတိ တာဝန်ယူရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ဒုံးကျည်တွေ ဆက်တိုက် စမ်းသပ်ပြနေသလို ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားဗုံး စမ်းသပ်မယ့် အလားအလာတွေလည်း မြင်နေရပါတယ်။

လက်နက်ဖျက်သိမ်းရေးညီလာခံ
လက်နက်ဖျက်သိမ်းရေးညီလာခံ

အပြည်ပြည်ဆိုင်ရာ လက်နက် ဖျက်သိမ်းရေး ညီလာခံရဲ့ သဘာပတိအဖြစ် မြောက်ကိုရီးယား နိုင်ငံက တာဝန်ယူလိုက်တဲ့အပေါ် ဝေဖန်မှုတွေ အတော်လေး ပြင်းပြင်းထန်ထန် ထွက်ပေါ်နေပါတယ်။

မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ စည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး နျူကလီးယားနဲ့ တိုက်ချင်းပစ် ဒုံးကျည် လက်နက်တွေ ဆက်တိုက် စမ်းသပ်နေတာကြောင့် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ကြုံနေရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အခုတော့ အဲဒီနိုင်ငံက ကုလသမဂ္ဂရဲ့ လက်နက် ဖျက်သိမ်းရေးဆိုင်ရာ အဓိက အဖွဲ့အစည်းမှာ သဘာပတိ နေရာ ရောက်လာခဲ့ပါပြီ။

အပြည်ပြည်ဆိုင်ရာ လက်နက် ဖျက်သိမ်းရေး ညီလာခံရဲ့ သဘောတူညီမှုတွေအရ အဖွဲ့ဝင် ၆၅ နိုင်ငံဟာ အက္ခရာစဉ်အတိုင်း အလှည့်ကျ သဘာပတိ တာဝန်ယူရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ဒုံးကျည်တွေ ဆက်တိုက် စမ်းသပ်ပြနေသလို ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားဗုံး စမ်းသပ်မယ့် အလားအလာတွေလည်း မြင်နေရပါတယ်။

အပြည်ပြည်ဆိုင်ရာ လက်နက် ဖျက်သိမ်းရေး ညီလာခံရဲ့ ဦးဆောင် သဘာပတိအဖြစ် မြောက်ကိုရီးယားကို တာဝန် ပေးလိုက်တဲ့အပေါ် ဝေဖန်သံတွေ ဆူညံနေပေမယ့် ကုလသမဂ္ဂ၊ ဂျနီဗာမြို့ဆိုင်ရာ မြောက်ကိုရီးယား ဌာနေ ကိုယ်စားလှယ် ဟန်တေဆွန်ကတော့ တခြားနိုင်ငံတွေလိုပဲ မြောက်ကိုရီးယားကလည်း နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လက်နက် ဖျက်သိမ်းရေး ကဏ္ဍတွေမှာ အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက်သွားဖို့ ဆန္ဒရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ အခုလို အလှည့်ကျ သဘာပတိနေရာ ရရှိခဲ့တဲ့အတွက်လည်း မြောက်ကိုရီးယားက ဂုဏ်ယူ ဝမ်းမြောက်မိတယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ဒုံးကျည်တချို့ စမ်းသပ် ပစ်လွှတ်ခဲ့ပြီး အဲဒီထဲက တစ်စီးဟာ တာဝေးပျံသန်းနိုင်တဲ့ အကြီးစား ပဲ့ထိန်းဒုံးလို့ ယုံကြည်ရပါတယ်။ အနောက် မဟာမိတ် နိုင်ငံတွေကတော့ မြောက်ကိုရီးယားရဲ့ လက်နက် စမ်းသပ်မှုတွေကို အပြင်းအထန် ရှုတ်ချပြီး ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားအောင် ကြံဆောင်နေတဲ့ လုပ်ရပ်မျိုးလို့ စွပ်စွဲ ဝေဖန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

Facebook