Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စက်ဘီးပေါ်က ပြုတ်ကျခဲ့တဲ့ ဘိုင်ဒန်

သမ္မတဟာ စက်ဘီးပေါ်က အဆင်းမှာ ခြေနင်းနဲ့ ခြေထောက် ငြိမိရာက လဲကျသွားခဲ့တာလို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။ ဘိုင်ဒန် အနေနဲ့ နည်းနည်းပါးပါး နာသွားတာကလွဲလို့ ထိခိုက်မှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

စက်ဘီးပေါ်က ပြုတ်ကျခဲ့တဲ့ ဘိုင်ဒန်
စက်ဘီးပေါ်က ပြုတ်ကျခဲ့တဲ့ ဘိုင်ဒန်

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ လူအများရှေ့မှာ စက်ဘီးထွက်စီးရာက ပြုတ်ကျပြီး နည်းနည်း အနာတရ ဖြစ်ခဲ့ပါတယ်။

ဇွန်လ ၁၈ ရက်က ဒယ်လာဝဲလ်မှာရှိတဲ့ ရီဟိုဘို့သ် ကမ်းခြေတဝိုက်မှာ မနက်ပိုင်း စက်ဘီးစီးရင်း မတော်တဆ ဖြစ်ခဲ့တာပါ။ သူဟာ သမ္မတကတော် ဂျီလ်ဘိုင်ဒန်နဲ့အတူ စက်ဘီးစီးလာရာက ရပ်တန့်လိုက်ပြီး စက်ဘီးပေါ်က အဆင်းမှာ ဟန်ချက်ပျက် လဲကျသွားတာပါ။

သမ္မတဟာ စက်ဘီးပေါ်က အဆင်းမှာ ခြေနင်းနဲ့ ခြေထောက် ငြိမိရာက လဲကျသွားခဲ့တာလို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။ ဘိုင်ဒန် အနေနဲ့ နည်းနည်းပါးပါး နာသွားတာကလွဲလို့ ထိခိုက်မှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

အမေရိကန် သမ္မတက ရုတ်တရက် လဲကျသွားတော့ အနားတဝိုက်မှာ ရှိနေတဲ့ အထူး လုံခြုံရေး အေးဂျင့်တွေ ပြာယာခတ်ကုန်တာကိုလည်း ဗီဒီယို မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ညနေပိုင်းမှာတော့ ဘိုင်ဒန်ဟာ ဒယ်လာဝဲလ်က ဘုရားကျောင်း တစ်ခုကို သွားရောက်ခဲ့သလို ဒေသခံ တချို့နဲ့လည်း ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မနက်က စက်ဘီးမှောက်ထားတာ အခြေအနေ ဘယ်လိုလဲလို့ သတင်းထောက် တစ်ယောက်က လှမ်းမေးတော့ ဘိုင်ဒန်က ခုန်ပြပြီး အခြေအနေ ကောင်းပါတယ်လို့ တုံ့ပြန်သွားပါတယ်။ ကလေး တစ်ယောက်ကလည်း နိုင်ငံကို အုပ်ချုပ်ရတဲ့ ခံစားချက်ကို မေးကြည့်တဲ့အခါ ဘိုင်ဒန်က တခြား အလုပ်တွေလိုပဲ ဖြစ်ကြောင်း၊ တချို့ အပိုင်းတွေကတော့ နည်းနည်းခက်ကြောင်း ရယ်ရယ်မောမော ဖြေကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကာတာ အစိုးရက လက်ဆောင်ပေးထားတဲ့ ဇိမ်ခံလေယာဉ်ကြီးကို အမေရိကန် လွတ်လပ်ရေးနေ့မှာ သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် စတင် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကာတာက လှူဒါန်းထားပြီး အမေရိကန် သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် အသုံးပြုဖို့ လျာထားတဲ့ လေယာဉ်ကို အတွင်းပိုင်း မွမ်းမံမှုတွေ စတင်နေပြီလို့ အမေရိကန် လေတပ်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သူဟာ အရမ်းဆိုးရွား ပြင်းထန်တဲ့ ဆီးကြိတ်ကင်ဆာ ခံစားနေရကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။