Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

စက်ဘီးပေါ်က ပြုတ်ကျခဲ့တဲ့ ဘိုင်ဒန်

သမ္မတဟာ စက်ဘီးပေါ်က အဆင်းမှာ ခြေနင်းနဲ့ ခြေထောက် ငြိမိရာက လဲကျသွားခဲ့တာလို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။ ဘိုင်ဒန် အနေနဲ့ နည်းနည်းပါးပါး နာသွားတာကလွဲလို့ ထိခိုက်မှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

စက်ဘီးပေါ်က ပြုတ်ကျခဲ့တဲ့ ဘိုင်ဒန်
စက်ဘီးပေါ်က ပြုတ်ကျခဲ့တဲ့ ဘိုင်ဒန်

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ လူအများရှေ့မှာ စက်ဘီးထွက်စီးရာက ပြုတ်ကျပြီး နည်းနည်း အနာတရ ဖြစ်ခဲ့ပါတယ်။

ဇွန်လ ၁၈ ရက်က ဒယ်လာဝဲလ်မှာရှိတဲ့ ရီဟိုဘို့သ် ကမ်းခြေတဝိုက်မှာ မနက်ပိုင်း စက်ဘီးစီးရင်း မတော်တဆ ဖြစ်ခဲ့တာပါ။ သူဟာ သမ္မတကတော် ဂျီလ်ဘိုင်ဒန်နဲ့အတူ စက်ဘီးစီးလာရာက ရပ်တန့်လိုက်ပြီး စက်ဘီးပေါ်က အဆင်းမှာ ဟန်ချက်ပျက် လဲကျသွားတာပါ။

သမ္မတဟာ စက်ဘီးပေါ်က အဆင်းမှာ ခြေနင်းနဲ့ ခြေထောက် ငြိမိရာက လဲကျသွားခဲ့တာလို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။ ဘိုင်ဒန် အနေနဲ့ နည်းနည်းပါးပါး နာသွားတာကလွဲလို့ ထိခိုက်မှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

အမေရိကန် သမ္မတက ရုတ်တရက် လဲကျသွားတော့ အနားတဝိုက်မှာ ရှိနေတဲ့ အထူး လုံခြုံရေး အေးဂျင့်တွေ ပြာယာခတ်ကုန်တာကိုလည်း ဗီဒီယို မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ညနေပိုင်းမှာတော့ ဘိုင်ဒန်ဟာ ဒယ်လာဝဲလ်က ဘုရားကျောင်း တစ်ခုကို သွားရောက်ခဲ့သလို ဒေသခံ တချို့နဲ့လည်း ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မနက်က စက်ဘီးမှောက်ထားတာ အခြေအနေ ဘယ်လိုလဲလို့ သတင်းထောက် တစ်ယောက်က လှမ်းမေးတော့ ဘိုင်ဒန်က ခုန်ပြပြီး အခြေအနေ ကောင်းပါတယ်လို့ တုံ့ပြန်သွားပါတယ်။ ကလေး တစ်ယောက်ကလည်း နိုင်ငံကို အုပ်ချုပ်ရတဲ့ ခံစားချက်ကို မေးကြည့်တဲ့အခါ ဘိုင်ဒန်က တခြား အလုပ်တွေလိုပဲ ဖြစ်ကြောင်း၊ တချို့ အပိုင်းတွေကတော့ နည်းနည်းခက်ကြောင်း ရယ်ရယ်မောမော ဖြေကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

အမေရိကန် အထက်လွှတ်တော်အမတ် ဘရိုင်ယန် ရှက်ဇ်က မီးလောင်ပြင် နေရာတချို့ကို သွားရောက်ခဲ့ပြီး လေက အခုရက်ပိုင်းမှာ နည်းနည်း ပြန်ငြိမ်သွားပေမယ့် နောက်ထပ် အသေအပျောက်ဦးရေ တိုးလာနိုင်ခြေတွေ ရှိနေသေးကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ ဘိုင်ဒန်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး အလျင်စလို တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

နိုင်ငံတကာ

၂၀၁၉ ခုနှစ်တုန်းက ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ်လို့ တရားဝင် ကြေညာခဲ့ဖူးတာရဲ့ ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဘိုင်ဒန်က နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်မယ်ဆိုတာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။