Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကူးစက်မြန် အူရောင်ရောဂါ ဖြစ်ပွားနေတဲ့ ဒေသကို မြို့တော်က ဆေးပညာရှင်တွေ မြောက်ကိုရီးယား စေလွှတ်

အခုအခါ မြို့တော်က ကျန်းမာရေး ပညာရှင် အဖွဲ့ကို စေလွှတ်လိုက်ပြီ ဖြစ်သလို ဟွမ်ဟေးမှာ ပိုးသတ်ဆေး ဖြန်းတာ၊ သောက်သုံးရေ သန့်ရှင်းရေး စိစစ် ဆောင်ရွက်တာတွေကိုလည်း အစိုးရ အမိန့်နဲ့ ဖိဖိစီးစီး လုပ်ဆောင်နေကြောင်း သိရပါတယ်။

ကူးစက်မြန် အူရောင်ရောဂါ ဖြစ်ပွားနေတဲ့ ဒေသကို မြို့တော်က ဆေးပညာရှင်တွေ မြောက်ကိုရီးယား စေလွှတ်
ကူးစက်မြန် အူရောင်ရောဂါ ဖြစ်ပွားနေတဲ့ ဒေသကို မြို့တော်က ဆေးပညာရှင်တွေ မြောက်ကိုရီးယား စေလွှတ်

ကူးစက်နှုန်းမြန် အူရောင်ရောဂါတစ်မျိုး ပျံ့နှံ့ ဖြစ်ပွားနေတဲ့ ဒေသကို ပြုံယမ်း မြို့တော်က ကျန်းမာရေး ပညာရှင် အဖွဲ့တွေ သွားရောက် ကူညီဖို့ မြောက်ကိုရီးယား အစိုးရက စေလွှတ်လိုက်ကြောင်း သိရပါတယ်။

အာဏာပိုင်တွေက အဲဒီ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တခြား ကျန်းမာရေး ဝန်ထမ်းတွေ ပါဝင်တဲ့ အဖွဲ့အပြင် စုံစမ်းစစ်ဆေးရေး အရာရှိတွေကိုပါ ဟွမ်ဟေးဒေသဆီ စေလွှတ်ခဲ့ကြောင်း ပြောပါတယ်။ နိုင်ငံ တောင်ပိုင်းက ကမ်းရိုးတန်း ဒေသမှာ ဖြစ်ပွားနေတဲ့ အူရောင် ရောဂါ အစပြုတဲ့ အကြောင်းရင်းတွေကို အဲဒီ စုံစမ်းရေး အဖွဲ့က စစ်ဆေး ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ကိုဗစ် ကပ်ရောဂါဆိုးကြီးရဲ့ဒဏ်ကို အလူးအလဲ ခံစားခဲ့ရပြီး အကင်းမသေသေးတဲ့ အချိန်မှာပဲ နောက်ထပ် ကူးစက်ရောဂါ တစ်မျိုးရဲ့ ဖိစီး ထိုးနှက်မှုနဲ့ ကြုံလာရတာပါ။ အစိုးရ မီဒီယာတွေရဲ့ ဖော်ပြချက်အရ မိသားစုပေါင်း ၈၀၀ လောက်က အဲဒီ အမျိုးအမည် မကွဲပြားတဲ့ ရောဂါဆိုး ထိုးနှက်မှုကို ခံစားနေရတယ်လို့ သိရပါတယ်။

ရောဂါ အမျိုးအစားကို အတိအကျ ခန့်မှန်းဖို့ မလွယ်သေးပေမယ့် တောင်ကိုရီးယား ဆေးသုတေသန ပညာရှင်တွေကတော့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော၊ ဒါမှမဟုတ် အူရောင်ငန်းဖျား တစ်ခုခု ဖြစ်မယ်လို့ ခန့်မှန်းနေပါတယ်။ အူရောင် ရောဂါကြောင့် မြောက်ကိုရီးယားမှာ လူဘယ်နှယောက် အဖိတ်အစဉ် ရှိနေပြီလဲ ဆိုတာကိုတော့ အာဏာပိုင်တွေက ပွင့်ပွင့်လင်းလင်း မထုတ်ပြန်ပါဘူး။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ စားနပ်ရိက္ခာ ခေါင်းပါးပြတ်လပ်မှုနဲ့ ရောဂါဆိုးနှစ်ခုရဲ့ ဖိနှိပ်မှုတွေကို တပြိုင်တည်း ရင်ဆိုင်နေရတာပါ။ အစိုးရပိုင် KCNA သတင်းဌာနက အူရောင်ရောဂါ ကူးစက် လူနာတွေကို သီးသန့်ခွဲခြားတဲ့ Quarantine အစီအစဉ်တွေ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပြီး ရောဂါ ကွင်းဆက်ကို ဖြတ်တောက်ဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။

အခုအခါ မြို့တော်က ကျန်းမာရေး ပညာရှင် အဖွဲ့ကို စေလွှတ်လိုက်ပြီ ဖြစ်သလို ဟွမ်ဟေးမှာ ပိုးသတ်ဆေး ဖြန်းတာ၊ သောက်သုံးရေ သန့်ရှင်းရေး စိစစ် ဆောင်ရွက်တာတွေကိုလည်း အစိုးရ အမိန့်နဲ့ ဖိဖိစီးစီး လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

Facebook