Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံတောင်ပိုင်း ဒေသတွေကို ပြန်သိမ်းယူဖို့ အင်အား သန်းနဲ့ချီတဲ့ စစ်တပ်မျိုး စုရုံးသွားမယ်လို့ ယူကရိန်းပြော

ယူကရိန်းဟာ NATO အဖွဲ့ဝင် နိုင်ငံတွေဆီကနေ တာဝေးပစ် လက်နက်ကြီး စနစ်တွေ လက်ခံ ရရှိလာတဲ့နောက် စိတ်ဓာတ်ရေးရာ တက်ကြွနေပေမယ့် အရေအတွက် အနေနဲ့တော့ မျှော်လင့်ထားသလောက် မရသေးဘူးလို့လည်း သိရပါတယ်။

နိုင်ငံတောင်ပိုင်း ဒေသတွေကို ပြန်သိမ်းယူဖို့ အင်အား သန်းနဲ့ချီတဲ့ စစ်တပ်မျိုး စုရုံးသွားမယ်လို့ ယူကရိန်းပြော
နိုင်ငံတောင်ပိုင်း ဒေသတွေကို ပြန်သိမ်းယူဖို့ အင်အား သန်းနဲ့ချီတဲ့ စစ်တပ်မျိုး စုရုံးသွားမယ်လို့ ယူကရိန်းပြော

နိုင်ငံတောင်ပိုင်းက နယ်မြေတွေကို ပြန်သိမ်းယူဖို့အတွက် အင်အား သန်းနဲ့ချီ များပြားပြီး NATO စစ်လက်နက်တွေ တပ်ဆင်ထားတဲ့ စစ်တပ်မျိုး ပြန်စုစည်းနေကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ရုရှားတပ်တွေဟာ ရုရှား အရှေ့ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်လာတဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နယ်မြေတွေ တော်တော်များများ သိမ်းယူလာနိုင်ခဲ့ပါတယ်။ တောင်ပိုင်း ဒေသတွေမှာ ယူကရိန်းရဲ့ ခုခံမှုတွေ အားကောင်းနေဆဲ ဖြစ်ပေမယ့် အရှေ့ဖျား ဒေသမှာတော့ ရုရှားက သိသိသာသာ အသာစီး ရလာခဲ့ပါတယ်။

ယူကရိန်း ကာကွယ်ရေး ဝန်ကြီး အိုလက်ဆီ ရက်ဇ်နီကော့ဗ်က NATO စစ်မဟာမိတ်အဖွဲ့ ထောက်ပံ့ပေးထားတဲ့ လက်နက်တွေကို အသုံးပြုပြီး အင်အား တစ်သန်းလောက်ရှိတဲ့ စစ်တပ်မျိုး ပြန်စုဝေးသွားမယ်လို့ ပြောပါတယ်။ ပင်လယ်နက် ကမ်းရိုးတန်း ဒေသတွေကို ပြန်လည် သိမ်းယူရေးဟာ ယူကရိန်းရဲ့ စီးပွားရေးအတွက် အသက်သွေးကြော လိုအပ်ချက် တစ်ခု ဖြစ်တယ်လို့လည်း သူက ဆိုတယ်။

ဒါပေမဲ့ စစ်ရေး လေ့လာ သုံးသပ်သူတွေကတော့ ဝန်ကြီးရဲ့ စကားဟာ စိတ်ဓာတ် မြှင့်တင်ရေး ကြွေးကြော်မှုတစ်ခု သက်သက်သာ ဖြစ်ဟန်ရှိပြီး ခိုင်မာတဲ့ အစီအမံမျိုး မဟုတ်လောက်ဘူးလို့ သုံးသပ်ထားကြပါတယ်။ ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းက လူဟန့်စ်ခ်ဒေသ တစ်ခုလုံးကို သိမ်းပိုက်ထားလိုက်ပြီး ဒွန်းဘက်စ်မှာလည်း နယ်မြေတွေ တစ်စတစ်စ တိုးချဲ့ သိမ်းယူနေချိန်မှာ ရက်ဇ်နီကောဗ့်က အခုလို ပြောဆိုလာတာပါ။

Public Service Announcement

Public Service Announcement

ရက်ဇ်နီကော့ဗ်က ယူကရိန်းတပ်တွေအတွက် NATOက စစ်လက်နက် ထောက်ပံ့ပေးမှုတွေ အရှိန်ပိုမြှင့်ဖို့ လိုအပ်နေကြောင်းလည်း ဆိုပါတယ်။ NATOဆီက လက်နက်တွေ များများနဲ့ မြန်မြန် ရရှိမှသာ ယူကရိန်း စစ်သည်တွေရဲ့ အသက်ကို ကယ်တင်နိုင်မှာ ဖြစ်ကြောင်း၊ ယူကရိန်းဟာ နေ့တိုင်းနေ့တိုင်း ဟောင်ဝစ်ဇာ အမြောက်အသစ်ကြီးတွေ ရောက်လာမှာကို စောင့်ဆိုင်းနေကြောင်း၊ နှောင့်နှေးလေလေ၊ ရာနဲ့ချီတဲ့ စစ်သည်တွေရဲ့ အသက်အတွက် စိုးရိမ်ရလေလေဖြစ်ကြောင်း သူက ပြောပါတယ်။

အခုဆိုရင် ယူကရိန်းမှာ လက်နက်ကိုင် တပ်ဖွဲ့ဝင် ၇ သိန်းလောက် ရှိနေပြီး အမျိုးသား လုံခြုံရေး အစောင့်တပ်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်တွေပါ ပေါင်းစည်းလိုက်ရင် အင်အား သန်းနဲ့ချီ ရှိလာနိုင်ကြောင်းလည်း ရက်ဇ်နီကောဗ့်က တွက်ချက်ပြခဲ့ပါသေးတယ်။

ဗြိတိန်နိုင်ငံ၊ တော်ဝင် ယူနိုက်တက် စစ်မှုထမ်း သုတေသနဌာနရဲ့ အကြီးတန်း သုတေသီ ဒေါက်တာ ဂျက်ဝက်တ်လင်းကတော့ ယူကရိန်းဟာ တန်ပြန်ထိုးစစ်အတွက် စစ်အင်အား တစ်သန်းလောက် စုစည်းဖို့ လက်တွေ့မှာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။

တန်ပြန်ထိုးစစ်တစ်ခု စီစဉ်တဲ့အခါ ရန်သူကို အငိုက်မိသွားမယ့် အခင်းအကျင်းတွေ မဖြစ်မနေ လိုအပ်ကြောင်း၊ ဒါကြောင့် စစ်အင်အား ဘယ်လောက် ရှိပါတယ်ဆိုပြီး လူသိရှင်ကြား ကြေညာနေတာမျိုး အဓိပ္ပါယ် မရှိလှဘဲ ရုရှားကို ခြိမ်းခြောက်တဲ့ သဘောလောက်သာ ဆောင်နိုင်ကြောင်း သူက ဆိုပါတယ်။

ယူကရိန်းဟာ NATO အဖွဲ့ဝင် နိုင်ငံတွေဆီကနေ တာဝေးပစ် လက်နက်ကြီး စနစ်တွေ လက်ခံ ရရှိလာတဲ့နောက် စိတ်ဓာတ်ရေးရာ တက်ကြွနေပေမယ့် အရေအတွက် အနေနဲ့တော့ မျှော်လင့်ထားသလောက် မရသေးဘူးလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။