Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်မြေပြင်နဲ့ ကွာဝေးတဲ့ ယူကရိန်း မြို့တစ်မြို့ကို ရုရှား ဒုံးကျည်တွေ ကျရောက်လို့ လူ ၂ ဒါဇင်လောက်သေဆုံး

ပျက်စီးသွားတဲ့ထဲမှာ ၉ ထပ် အဆောက်အအုံ တစ်ခုရဲ့ ကားပါကင် နေရာလည်း ပါဝင်ပါတယ်။ ဒုံးကျည်တွေဟာ လူပေါင်း ၃ သိန်းခွဲကျော် နေထိုင်ရာမြို့ရဲ့ အလယ်တည့်တည့်လောက်ကို ကျရောက်ခဲ့တာပါ။

စစ်မြေပြင်နဲ့ ကွာဝေးတဲ့ ယူကရိန်း မြို့တစ်မြို့ကို ရုရှား ဒုံးကျည်တွေ ကျရောက်လို့ လူ ၂ ဒါဇင်လောက်သေဆုံး
စစ်မြေပြင်နဲ့ ကွာဝေးတဲ့ ယူကရိန်း မြို့တစ်မြို့ကို ရုရှား ဒုံးကျည်တွေ ကျရောက်လို့ လူ ၂ ဒါဇင်လောက်သေဆုံး

ရှေ့တန်း စစ်မြေပြင်နဲ့ ကွာလှမ်းလွန်းတဲ့ ယူကရိန်း မြို့တစ်မြို့ကို ရုရှားဒုံးကျည်တွေ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူ ၂၃ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

ကိယက်ဗ်မြို့တော် အနောက်တောင်ဖက်က ဗစ်နစ်ရှားမြို့ကို ဇူလိုင် ၁၄ ရက်က ဒုံးကျည်တွေနဲ့ တိုက်ခိုက် ခံရတာဖြစ်ပြီး လူ ၂၃ ဦးထက်မနည်းသေ၊ ၁၀၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီမြို့ဟာ လောလောဆယ် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒွန်းဘက်စ် ဒေသနဲ့ အများကြီး ကွာလှမ်းနေပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ဒုံးကျည် ၃ စင်းဟာ အစိုးရ ရုံးဝင်းတစ်ခုနဲ့ အနီးအနားက လူနေအိမ်ခြေတွေကို တည့်တည့် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ပျက်စီးသွားတဲ့ထဲမှာ ၉ ထပ် အဆောက်အအုံ တစ်ခုရဲ့ ကားပါကင် နေရာလည်း ပါဝင်ပါတယ်။ ဒုံးကျည်တွေဟာ လူပေါင်း ၃ သိန်းခွဲကျော် နေထိုင်ရာမြို့ရဲ့ အလယ်တည့်တည့်လောက်ကို ကျရောက်ခဲ့တာပါ။

ရုရှားဟာ အရင်ကလည်း စစ်ပွဲနဲ့ အလှမ်းကွာဝေးတဲ့ ယူကရိန်း လူနေဧရိယာတွေကို တိုက်ခိုက်လေ့ရှိပြီး အကြောင်း အမျိုးမျိုးနဲ့ ဆင်ခြေပေးလေ့ ရှိပါတယ်။ အခုလည်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အရပ်သားတွေအပေါ် ပစ်မှတ်ထားခဲ့တယ် ဆိုတာကို ငြင်းဆိုနေပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့တော့ အတိအကျ မှတ်ချက် မပေးပါဘူး။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတရုံးကတော့ ဗင်နစ်ရှားမြို့ထဲ ကျရောက်ခဲ့တာဟာ Kalibr ခရုစ်ဒုံးကျည် အမျိုးအစားတွေဖြစ်ပြီး ပင်လယ်နက်မှာ ရှိနေတဲ့ ရုရှား ရေငုပ်သင်္ဘောကနေ လှမ်းပစ်ခဲ့တာလို့ ကြေညာထားပါတယ်။ မျက်မြင်တွေကတော့ ဗစ်နစ်ရှား မြို့လယ်က ကျယ်ပြန့်ပြီး လူစည်ကားတဲ့ ဧရိယာဟာ စစ်ဘေးသင့် နယ်မြေတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားတယ်လို့ ပြောပါတယ်။

ဥရောပ သမဂ္ဂက ဒီတိုက်ခိုက်မှုဟာ လူမဆန်တဲ့ လုပ်ရပ်မျိုး ဖြစ်တယ်လို့ ရှုတ်ချခဲ့ပြီး စစ်ပွဲမှာ အရပ်သား ပစ်မှတ်တွေကို ရှောင်ကြဉ်ဖို့ ရုရှားကို ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ အရင်ကလည်း စူပါမားကက်လို အရပ်သား ဧရိယာတွေကို ရုရှားဒုံးကျည်တွေ ထိမှန်ပြီး ယူကရိန်းမှာ လူတွေ ဒါဇင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။