Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းက တက္ကသိုလ် နှစ်ခုကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်

ဒီမိုကရေစီ ပြည့်ဝတဲ့ နိုင်ငံတိုင်းက ပညာရေး အဖွဲ့အစည်းတွေ အနေနဲ့ ရုရှားရဲ့ ကျူးလွန်မှုကို အကြမ်းဖက် လုပ်ရပ် အနေနဲ့ ဝိုင်းဝန်း ရှုတ်ချပေးကြဖို့လည်း မြို့တော်ဝန်က တိုက်တွန်း တောင်းဆိုသွားပါတယ်။

ယူကရိန်းက တက္ကသိုလ် နှစ်ခုကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်
ယူကရိန်းက တက္ကသိုလ် နှစ်ခုကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်

ယူကရိန်းက တက္ကသိုလ် နှစ်ခုကို ရုရှားက ဒုံးကျည်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

မိုင်ကိုလက်ဗ်မြို့မှာ ဇူလိုင် ၁၅ ရက်က တက္ကသိုလ် နှစ်ခုရဲ့ ပရဝုဏ်ထဲကို ရုရှားဒုံးကျည် ၁၀ စင်းထက်မနည်း ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်း အစိုးရက တက္ကသိုလ် တစ်ခုကို ဒုံးကျည် ထိမှန်ချိန် အနက်ရောင် မီးခိုးလုံးကြီးတွေ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန် ပြသခဲ့ပါတယ်။

မြို့တော်ဝန် ဗစ်တာလီ ကင်မ်က အကြမ်းဖက် ရုရှားစစ်တပ်ဟာ မြို့ရဲ့ အကြီးဆုံး တက္ကသိုလ် နှစ်ခုကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အခုဆိုရင် ရုရှားဟာ ပညာရေး အဆောက်အအုံတွေကိုပါ ပေါ်ပေါ်ထင်ထင် ပစ်မှတ် ထားလာပြီဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဒီမိုကရေစီ ပြည့်ဝတဲ့ နိုင်ငံတိုင်းက ပညာရေး အဖွဲ့အစည်းတွေ အနေနဲ့ ရုရှားရဲ့ ကျူးလွန်မှုကို အကြမ်းဖက် လုပ်ရပ် အနေနဲ့ ဝိုင်းဝန်း ရှုတ်ချပေးကြဖို့လည်း မြို့တော်ဝန်က တိုက်တွန်း တောင်းဆိုသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒုံးကျည်တွေ ကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက် သေပျောက်မှု ဘယ်လောက် များသလဲဆိုတာ မသိရသေးပေမယ့် ကနဦး သတင်းတွေအရ လူ ၂ ယောက် ဆေးရုံ ရောက်သွားတယ်လို့တော့ သိရပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ယူကရိန်းက အရပ်ဖက် အဆောက်အအုံတွေကို ခပ်စိပ်စိပ် တိုက်ခိုက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်ရပ်တိုင်းမှာလည်း ရုရှားစစ်တပ်က အကြောင်းပြချက် မျိုးစုံပေးပြီး သူတို့ရဲ့ လုပ်ရပ်ကို ကာကွယ်ခဲ့ပါတယ်။

မကြာသေးခင်ကလည်း ယူကရိန်း အနောက်အလယ်ပိုင်းမှာ တည်ရှိပြီး စစ်မြေပြင်နဲ့ ကွာဝေးတဲ့ ဗင်နစ်စီယာမြို့က မြို့တော်ခန်းမကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ၂၃ ဦး သေဆုံးပြီး ၁၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။