Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူကြိုက်မများခဲ့တဲ့ ဝန်ကြီးချုပ်ကို သမ္မတအဖြစ် သီရိလင်္ကာ လွှတ်တော် တင်မြှောက်

အသက် ၇၃ နှစ်အရွယ် သမ္မတသစ်ကတော့ နိုင်ငံဟာ အရမ်းခက်ခဲတဲ့ အခြေအနေကို ကြုံတွေ့နေရချိန်မှာ နိုင်ငံရေးအမြင် ကွဲပြားမှုတွေကို မေ့ထားပြီး အားလုံးအတူ လက်တွဲ အလုပ်လုပ်ကြဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။ ရွေးကောက်ပွဲ ရလဒ်အရ သူဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလထိ သမ္မတ ရာထူးကို တာဝန်ယူခွင့် ရနေမယ်လို့လည်း သိရပါတယ်။

လူကြိုက်မများခဲ့တဲ့ ဝန်ကြီးချုပ်ကို သမ္မတအဖြစ် သီရိလင်္ကာ လွှတ်တော် တင်မြှောက်
လူကြိုက်မများခဲ့တဲ့ ဝန်ကြီးချုပ်ကို သမ္မတအဖြစ် သီရိလင်္ကာ လွှတ်တော် တင်မြှောက်

ဆန့်ကျင် ဝေဖန်မှုတွေ အတော်လေး ပြင်းထန်နေတဲ့ ကြားထဲကပဲ သီရိလင်္ကာ လွှတ်တော်ဟာ ဝန်ကြီးချုပ်ဟောင်း ရာနေးလ် ဝစ်ခ်ရမ်မီဆင်ဟီကို သမ္မတသစ်အဖြစ် ရွေးချယ် တင်မြှောက်လိုက်ကြောင်း သိရပါတယ်။

စီးပွားရေး ကျပ်တည်းပြီး အကြွေးနွံနစ်နေတဲ့ ကျွန်းနိုင်ငံငယ်မှာ အရင်သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာက ရာထူးက နုတ်ထွက်ခဲ့ရပြီး ပြည်ပကို ထွက်ပြေး တိမ်းရှောင်သွားတဲ့နောက် လွှတ်တော်က သမ္မတသစ်တစ်ဦး ခန့်အပ်ဖို့ အဆောတလျင် ကြိုးစားခဲ့ရပါတာပါ။ ဝစ်ခ်ရမ်မီဆင်ဟီဟာ ရာဂျာပက်ဆာရဲ့ မဟာမိတ် တစ်ဦးလို့ ရှုမြင်ခံရပြီး သူ့ရဲ့ လုပ်ရပ်ကိုင်ရည်အပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပေမယ့် အခုလို သမ္မတအဖြစ် ခန့်အပ် ခံလိုက်ရတာကြောင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားခဲ့တဲ့ ပြည်သူတွေက မကျေမနပ် ဖြစ်နေကြပါတယ်။

ဝစ်ခ်ရမ်မီဆင်ဟီ အနေနဲ့လည်း သမ္မတ ရာထူးကို လက်ခံယူရတာဟာ ဗြဟ္မာ့ဦးခေါင်း ကိုင်ရသလို ဖြစ်နေနိုင်ပြီး ဗရုတ်သုက္ခ ပြဿနာပေါင်းစုံ လုံးထွေးနေတဲ့ နိုင်ငံကို ဦးဆောင်ရတော့မှာပါ။ သူဟာ အာဏာရ ပါတီရဲ့ လွှတ်တော်တွင်း ထောက်ခံမှုကို ရရှိထားတဲ့နောက် အဓိက ပြိုင်ဘက်ဖြစ်သူ ဒူလုစ် အလာဟက်ပါရူမာကို ၁၃၄ မဲ၊ ၈၂ မဲနဲ့ အသာစီးယူ အနိုင်ရခဲ့ပါတယ်။

ရာဂျာပက်ဆာ ရာထူးက နုတ်ထွက်သွားတဲ့နောက် သီရိလင်္ကာက ဆန္ဒပြပွဲတွေ ပြန်ငြိမ်သက်သွားပေမယ့် လွှတ်တော်မှာ သမ္မတ ရွေးချယ်ပွဲ ပြီးဆုံးသွားတဲ့နောက် နောက်ထပ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ သီရိလင်္ကာဟာ အကြွေးနွံ နစ်နေပြီး နိုင်ငံခြားငွေ သိုလှောင်နိုင်စွမ်းလည်း မရှိတော့တာကြောင့် သွင်းကုန်တွေ မတင်သွင်းနိုင်တော့ဘဲ ပြည်တွင်းမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြား အခြေခံ လူသုံးကုန်တွေ ခေါင်းပါး ပြတ်လပ်နေပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၇၃ နှစ်အရွယ် သမ္မတသစ်ကတော့ နိုင်ငံဟာ အရမ်းခက်ခဲတဲ့ အခြေအနေကို ကြုံတွေ့နေရချိန်မှာ နိုင်ငံရေးအမြင် ကွဲပြားမှုတွေကို မေ့ထားပြီး အားလုံးအတူ လက်တွဲ အလုပ်လုပ်ကြဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။ ရွေးကောက်ပွဲ ရလဒ်အရ သူဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလထိ သမ္မတ ရာထူးကို တာဝန်ယူခွင့် ရနေမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။