Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆန္ဒပြသူတွေကို တရုတ်စစ်တပ်က တင့်ကားတွေနဲ့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ ဗီဒီယိုရဲ့ ဖော်ပြချက် မှားယွင်းနေတယ်လို့ဆို

ဗီဒီယိုကို ဖြန့်ဝေသူတွေက အဲဒီ တင့်ကားတွေဟာ ဆန္ဒပြမှုတွေ ကြုံတွေ့နေတဲ့ ဘဏ်တွေကို ကာကွယ်ပေးပြီး ဆန္ဒပြ ပြည်သူတွေကို ခြိမ်းခြောက်ဖို့ မြို့ထဲ ဝင်လာတာလို့ ရေးသားထားကြပါတယ်။

ဆန္ဒပြသူတွေကို တရုတ်စစ်တပ်က တင့်ကားတွေနဲ့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ ဗီဒီယိုရဲ့ ဖော်ပြချက် မှားယွင်းနေတယ်လို့ဆို
ဆန္ဒပြသူတွေကို တရုတ်စစ်တပ်က တင့်ကားတွေနဲ့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ ဗီဒီယိုရဲ့ ဖော်ပြချက် မှားယွင်းနေတယ်လို့ဆို

ဆန္ဒပြတဲ့ ပြည်သူတွေကို တရုတ်စစ်တပ်က တင့်ကားတွေနဲ့ အင်အားပြ ခြိမ်းခြောက်နေတယ်ဆိုတဲ့ ဗီဒီယိုတွေဟာ သတင်းအချက်အလက် မှားယွင်း ဖော်ပြနေတာလို့ Newsweek သတင်းဌာနက အချက်အလက် ဆန်းစစ် ဖော်ပြသွားပါတယ်။

Twitterနဲ့ တခြား လူမှုကွန်ရက် မီဒီယာ တချို့မှာ မကြာသေးခင် ရက်ပိုင်းကစလို့ တရုတ်နိုင်ငံ ပိုင်နက်လို့ ယူဆရတဲ့ မြို့တစ်မြို့ထဲမှာ တင့်ကားတွေ မောင်းနှင်သွားလာနေတဲ့ ဗီဒီယိုတွေ ပျံ့နှံ့လာပါတယ်။ ဗီဒီယိုကို ဖြန့်ဝေသူတွေက အဲဒီ တင့်ကားတွေဟာ ဆန္ဒပြမှုတွေ ကြုံတွေ့နေတဲ့ ဘဏ်တွေကို ကာကွယ်ပေးပြီး ဆန္ဒပြ ပြည်သူတွေကို ခြိမ်းခြောက်ဖို့ မြို့ထဲ ဝင်လာတာလို့ ရေးသားထားကြပါတယ်။ ပြီးတော့ ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို တရုတ် စစ်တပ်က အင်အားသုံး ဖြိုခွင်းခဲ့တဲ့ သမိုင်းဝင် ဖြစ်ရပ်ကြီးနဲ့ ခိုင်းနှိုင်းပြီး ဒီဗီဒီယိုတွေကို ဒုတိယ တီယန်နန်မန် ဖြစ်စဉ် ဆိုတာမျိုး ညွှန်းဆို ရေးသားတာတွေလည်း တွေ့နေရပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟီနန်ဒေသမှာ ဧပြီလကစလို့ ဘဏ်တွေက ဖောက်သည်တွေရဲ့ ငွေတွေကို ပြန်မထုတ်ပေးတာကြောင့် ငွေအပ်ထားတဲ့ ပြည်သူတွေ အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကမှ ဟီနန် အာဏာပိုင်တွေက ဘဏ်အပ်ငွေတွေကို အကန့်အသတ်နဲ့ တဖြည်းဖြည်း ပြန်ထုတ်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဗီဒီယိုကို ဖြန့်ဝေသူတွေက ဟီနန်မှာ ပြည်သူတွေက မကျေမနပ် ဆန္ဒပြနေကြတဲ့နောက် တရုတ်စစ်တပ်က တင့်ကားတွေကို မြို့ထဲထိ စေလွှတ်ပြီး ပြည်သူတွေကို ခြိမ်းခြောက်နေတာလို့ ရေးသားထားကြပါတယ်။ ဒါပေမဲ့ တင့်ကားတွေရဲ့ နောက်ခံမြင်ကွင်းတွေအရ ဗီဒီယိုကို ရိုက်ကူးထားတာဟာ ဟီနန်မှာ မဟုတ်ကြောင်း အချက်အလက် စိစစ်သူတွေက ထောက်ပြကြပါတယ်။

Public Service Announcement

Public Service Announcement

တင့်ကားတွေရဲ့ အနောက်ဖက်မှာ အဝါရောင် နီယွန်မီးတွေ ထွန်းညှိထားတဲ့ အဆောက်အအုံကြီး တစ်ခုကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရပြီး အဲဒါက ရီကျိုးမြို့မှာ ရှိနေတဲ့ ရီဟိုတယ် ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နွယ်ဖွား လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဂျနီဖာကျန်းကလည်း ဗီဒီယို ရိုက်ထားတဲ့ နေရာဟာ ရှန်ဒေါင်းဒေသက ရီကျိုးမြို့သာဖြစ်ပြီး ဟီနန်မှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။ ဟီနန်နဲ့ ရှန်ဒေါင်းတို့ဟာ ကီလိုမီတာ ၅၀၀ လောက် ကွာဝေးပါတယ်။

ဒစ်ဂျစ်တယ် ငွေကြေး စနစ်ကို ထောက်ခံ အားပေးသူတွေကတော့ ဒီဗီဒီယိုတွေကို အွန်လိုင်းပေါ်မှာ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေပြီး ဘဏ်တွေမှာ ငွေအပ်မယ့်အစား ဒစ်ဂျစ်တယ် ငွေကြေးအတွက် ပိုမို မြှုပ်နှံကြဖို့ ဝါဒဖြန့်နေပါတယ်။ NewsWeek သတင်းဌာနကတော့ ဒီဗီဒီယိုတွေဟာ လက်ရှိ လူပြောများနေသလို ဘဏ်တွေကို မကျေနပ်တဲ့ ဟီနန် ပြည်သူတွေကို ခြိမ်းခြောက်ဖို့ လမ်းပေါ် တက်လာတာ မဟုတ်ကြောင်း စိစစ် ဖော်ပြထားပါတယ်။ နောက်ပြီး တင့်ကားတွေနားမှာ ရှိနေတဲ့ လမ်းသွားလမ်းလာတွေကလည်း ဆန္ဒပြသူတွေသာဆိုရင် ဖရိုဖရဲ လူစုကွဲသွားနိုင်ပေမယ့် ဗီဒီယိုထဲမှာတော့ အေးအေးဆေးဆေး ငေးမော ကြည့်ရှုနေရုံသာ ရှိတယ်လို့ ထောက်ပြထားပါတယ်။

NewsWeekက အခုထိ အကြောင်းရင်း မသိရသေးတာကတော့ လူနေဧရိယာထဲကို တင့်ကားတွေ ဘာကြောင့် မောင်းဝင်လာသလဲ ဆိုတဲ့ ကိစ္စပါပဲ။ ဇွန်လတုန်းက ရီကျိုးမြို့နားမှာ တရုတ်က စစ်ရေးလေ့ကျင့်မှုတချို့ ပြုလုပ်ခဲ့တယ်လို့ သတင်းရထားပေမယ့် ဒီတင့်ကားတွေနဲ့ ဆက်စပ်သလား ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။ တချို့ကလည်း တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ထူထောင်မှု နှစ်ပတ်လည် အခမ်းအနား ကျင်းပမယ့် ဩဂုတ် ၁ ရက်အတွက် ပြင်ဆင်နေတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

တရုတ်ရဲ့ မီဒီယာ လွတ်လပ်ခွင့် ကန့်သတ်ချက်တွေအရ ပြည်တွင်းမှာ ဖြစ်ပျက်နေတာတွေကို တိတိကျကျ သိရှိနိုင်ဖို့တော့ ခက်ခဲတတ်ပါတယ်။ ဟီနန်မှာ ဘဏ်တွေအပေါ် ဒေသခံ ပြည်သူတွေက မကျေမနပ် ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် တရုတ် အစိုးရ မီဒီယာတွေကတော့ ဒီကိစ္စတွေကို အတော်ကြီး သိုသိုသိပ်သိပ် ဖုံးဖိထားဟန် ရှိပါတယ်။ လူနေ ဧရိယာမှာ တင့်ကားတွေ မောင်းနှင်နေတဲ့ ဗီဒီယိုနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးကို NewsWeekက ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တစ်ခုခု အကြောင်းပြန်တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook