Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကပ်ရောဂါ ကာလအတွင်း ကင်မ်ဂျုံအန်းလည်း ဖျားနာခဲ့တယ်လို့ မြောက်ကိုရီးယား အတည်ပြု

ကင်မ်ယိုဂျောင်က ကပ်ရောဂါ တားဆီးတိုက်ဖျက်ရေး သတ်မှတ် စည်းမျဉ်းတွေကို အစိုးရက ပယ်ဖျက်ပေးလိုက်ပြီလို့ ကြေညာခဲ့သလို ရောဂါဆိုးကြောင့် အသေအပျောက် ၇၄ ဦးသာ ရှိခဲ့တယ် ဆိုတာကလည်း တကယ့် ထူးခြား အံ့ဖွယ် အခြေအနေ တစ်ခုလို့ ညွှန်းဆိုသွားပါတယ်။

ကပ်ရောဂါ ကာလအတွင်း ကင်မ်ဂျုံအန်းလည်း ဖျားနာခဲ့တယ်လို့ မြောက်ကိုရီးယား အတည်ပြု
ကပ်ရောဂါ ကာလအတွင်း ကင်မ်ဂျုံအန်းလည်း ဖျားနာခဲ့တယ်လို့ မြောက်ကိုရီးယား အတည်ပြု

တစ်နိုင်ငံလုံး ကပ်ရောဂါ ဖိစီးခဲ့တဲ့ ကာလအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းလည်း ဖျားနာမှု ဝေဒနာ ခံစားခဲ့ရကြောင်း သိရပါတယ်။

ကင်မ်ဂျုံအန်းရဲ့ ညီမလည်းဖြစ်၊ အစိုးရ အဖွဲ့ထဲမှာ ဩဇာ အထက်မြက်ဆုံး အမျိုးသမီးလို့ သတ်မှတ် ခံထားရသူလည်းဖြစ်တဲ့ ကင်မ်ယိုဂျောင်က သူ့အစ်ကိုလည်း အဖျားဝေဒနာ ခံစားခဲ့ရကြောင်း ထုတ်ဖော် အတည်ပြုခဲ့ပါတယ်။ ဒါဟာ ဆိုးရွားလှတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကင်မ်ဂျုံအန်း ကိုယ်တိုင် ခံစားခဲ့ရတယ်လို့ မြောက်ကိုရီးယား အစိုးရဖက်က ပထမဆုံးအကြိမ် အရိပ်အမြွက် ထုတ်ပြောလာတာ ဖြစ်ပါတယ်။

ကင်မ်ယိုဂျောင်က ကင်မ်ဂျုံအန်းဟာ ကိုဗစ်ရောဂါ ကူးစက် ခံရပါတယ်လို့တော့ တိုက်ရိုက် မပြောဘဲ ကပ်ရောဂါ ကာလ အတောအတွင်းမှာ ဖျားနာခဲ့တယ်လို့သာ မှတ်ချက် ပေးသွားခဲ့ပါတယ်။ မြောက်ကိုရီးယားမှာ ရောဂါလက္ခဏာ ပြသတဲ့ ကိုဗစ် သံသယ လူနာတိုင်းကို ဖျားနာတယ်လို့ သုံးနှုန်းလေ့ ရှိပါတယ်။ မြောက်ကိုရီးယားမှာ ကပ်ရောဂါ ကူးစက်မှုတွေဟာ တောင်ကိုရီးယားရဲ့ ပယောဂ မကင်းဘူးလို့လည်း ကင်မ်ယိုဂျောင်က စွပ်စွဲပါတယ်။

တောင်ကိုရီးယားဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဝါဒဖြန့် လက်ကမ်းစာစောင်တွေ ပို့ဆောင်ခဲ့ကြောင်း၊ အဲဒီ စာစောင်တွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ ကပ်ငြိနေအောင် ရည်ရွယ်ချက်ရှိရှိ ကြံစည်ထားကြောင်း ကင်မ်ယိုဂျောင်က ပြောပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယား အာဏာပိုင်တွေကတော့ ဒီစကားတွေဟာ လုံးဝ အခြေအမြစ် မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်ယိုဂျောင်က မြောက်ကိုရီးယားဟာ ကပ်ရောဂါဒဏ်ကို ထိခိုက် ခံစားခဲ့ရပေမယ့် သူ့အစ်ကိုရဲ့ ဦးဆောင်မှုနဲ့အတူ အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့ပြီလို့လည်း ကြေညာပါတယ်။ လျှို့ဝှက် သိုသိပ်လွန်းပြီး ပြည်တွင်းမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာ ခန့်မှန်းဖို့ မလွယ်လှတဲ့ မြောက်ကိုရီးယား နိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ စတင် တွေ့ရှိနေကြောင်း မေလမှာ အတည်ပြု ကြေညာခဲ့ပါတယ်။ အစိုးရ ထုတ်ပြန်တဲ့ စာရင်းတွေအရ ကပ်ရောဂါ ကာလမှာ လူပေါင်း သန်းနဲ့ချီ ဖျားနာမှု လက္ခဏာတွေ ပြပေမယ့် သေဆုံးသူ အရေအတွက်ကတော့ အရမ်းနည်းပါးနေတာ တွေ့ရပါတယ်။ ကူးစက်မှုနဲ့ အသေအပျောက် အချိုးအစား အကြီးအကျယ် ကွာဟနေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာ သုတေသီတွေက သံသယနဲ့ ထောက်ပြတာမျိုးတွေလည်း ရှိနေပါတယ်။

ကင်မ်ယိုဂျောင်က ဗိုင်းရပ်စ်ပါတဲ့ လက်ကမ်းစာစောင်တွေကို နယ်စပ်ဖြတ်ကျော်ပြီး ရည်ရွယ်ချက်ရှိရှိ ပို့ဆောင်ခဲ့တဲ့ တောင်ကိုရီးယားရဲ့ လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်းလို့ ရှုတ်ချခဲ့ပါတယ်။ ဒါဟာ ကူးစက်ရောဂါ တစ်ခုကို ကြားခံပစ္စည်းတွေ အသုံးပြုပြီး ဖြန့်ဝေတဲ့ သဘောမျိုးလို့လည်း ကင်မ်ယိုဂျောင်က ပြောကြားခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

ကင်မ်ယိုဂျောင်က ကပ်ရောဂါ တားဆီးတိုက်ဖျက်ရေး သတ်မှတ် စည်းမျဉ်းတွေကို အစိုးရက ပယ်ဖျက်ပေးလိုက်ပြီလို့ ကြေညာခဲ့သလို ရောဂါဆိုးကြောင့် အသေအပျောက် ၇၄ ဦးသာ ရှိခဲ့တယ် ဆိုတာကလည်း တကယ့် ထူးခြား အံ့ဖွယ် အခြေအနေ တစ်ခုလို့ ညွှန်းဆိုသွားပါတယ်။

KCNAရဲ့ ဖော်ပြချက်အရ ဧပြီလ နှောင်းပိုင်းကစလို့ မြောက်ကိုရီးယားမှာ ကိုဗစ် လက္ခဏာတွေ ပြသပြီး ဖျားနာသူ ၄.၈ သန်းလောက် ရှိခဲ့ပြီး ၇၄ ဦးသာ သေဆုံးခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားဟာ ကိုဗစ် ကာကွယ်ဆေးတွေ မတင်သွင်းခဲ့တဲ့ လက်ကျန် ကမ္ဘာ့နိုင်ငံ နှစ်ခုထဲမှာ ပါဝင်ပါတယ်။ ကပ်ရောဂါ ဖိစီးနေတဲ့ ကာလမှာလည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြည်တွင်းဖြစ် ဆေးဝါးတွေကို အားကိုးစေခဲ့ပြီး တင်းကျပ်တဲ့ Lockdown သတ်မှတ်ချက်မျိုးတွေ ပြဋ္ဌာန်း ကိုင်တွယ်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ နျူကလီးယား လက်နက်တွေကို ထာဝရ ထိန်းသိမ်းထားဖို့ သံန္နိဋ္ဌာန် ချထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Facebook