Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘောလီဘောမယ်တွေကို နှာခေါင်းစည်းတပ်ပြီး ပြိုင်ပွဲဝင်စေလို့ ဝေဖန်ခံနေရတဲ့ တရုတ် လက်ရွေးစင်အသင်း

တရုတ်မှာ ကိုဗစ်ကူးစက်မှု မြင့်တက်လာတဲ့ နေရာတွေကို တင်းတင်းကျပ်ကျပ် Lockdown ချတာမျိုး၊ နှာခေါင်းစည်းတွေ တပ်ဆင်စေတာမျိုး၊ အသွားအလာ ကန့်သတ်ပစ်တာမျိုး နည်းလမ်းတွေ ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။

ဘောလီဘောမယ်တွေကို နှာခေါင်းစည်းတပ်ပြီး ပြိုင်ပွဲဝင်စေလို့ ဝေဖန်ခံနေရတဲ့ တရုတ် လက်ရွေးစင်အသင်း
ဘောလီဘောမယ်တွေကို နှာခေါင်းစည်းတပ်ပြီး ပြိုင်ပွဲဝင်စေလို့ ဝေဖန်ခံနေရတဲ့ တရုတ် လက်ရွေးစင်အသင်း

လက်ရွေးစင် ဘော်လီဘောမယ်တွေကို N95 နှာခေါင်းစည်းတွေ ဝတ်ပြီး ပြိုင်ပွဲဝင်စေခဲ့တဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်အပေါ် တရုတ်နိုင်ငံမှာ အပြင်းအထန် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

သုံးစွဲသူတွေက လက်ရွေးစင် အမျိုးသမီးတွေ နှာခေါင်းစည်းတပ်ပြီး ယှဉ်ပြိုင်နေပုံကို တွေ့ခဲ့ရတဲ့နောက် သန်းနဲ့ချီ များပြားတဲ့ တရုတ်နိုင်ငံသားတွေက တာဝန်ရှိသူတွေရဲ့ အညှာအတာ ကင်းမဲ့မှုအပေါ် ဒေါသတကြီး ပြစ်တင်လာခဲ့ကြပါတယ်။

တရုတ်အစိုးရဟာ ကိုဗစ်ရောဂါ ကူးစက်မှုတွေကို တင်းကျပ်တဲ့ နည်းလမ်းတွေနဲ့ ထိန်းချုပ်မယ့် မူဝါဒကို လက်ကိုင်ပြုနေဆဲဖြစ်ပြီး ဒီဆုံးဖြတ်ချက်အပေါ် အရင်ကတည်းက ဆန့်ကျင် မေးခွန်းထုတ်မှုတွေ ရှိနေခဲ့ပြီးသားပါ။ အခုလိုမျိုး ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်နေရတဲ့ အခြေအနေမှာ အသက်ရှူ မွန်းကျပ်စေမယ့် N95 နှာခေါင်းစည်းတွေ တပ်ခိုင်းထားတာကတော့ အရမ်းလွန်လွန်းတယ်လို့ တရုတ်နိုင်ငံသားတွေက ပြောပါတယ်။

ဒီကိစ္စဟာ အားကစားမယ်တွေရဲ့ ကျန်းမာရေး ကဏ္ဍကို လျစ်လျူရှုထားတဲ့ လုပ်ရပ်မျိုးလို့ အင်တာနက် သုံးစွဲသူတွေက အပြင်းအထန် မှတ်ချက်ပြု ရေးသားခဲ့ကြပါတယ်။ ဒီအခြေအနေတွေကို သတိပြုမိသွားတဲ့နောက် အာရှဖလား ပြိုင်ပွဲမှာ အီရန်နဲ့ ယှဉ်ပြိုင်နေတဲ့ အမျိုးသမီး အသင်းကို ဒုတိယ Set အရောက်မှာ နှာခေါင်းစည်းတွေ ဖယ်ရှားဖို့ အသင်း တာဝန်ရှိသူတွေက ခွင့်ပြုလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Weiboပေါ်မှာ ဝေဖန်သံတွေ ဆူညံသွားတဲ့နောက် တရုတ် ဘော်လီဘော အဖွဲ့ချုပ်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ချ တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အရင်က ဒီအခြေအနေမျိုးတွေနဲ့ ပတ်သက်လို့ အတွေ့အကြုံ မရှိဖူးတာကြောင့် ဘော်လီဘောမယ်တွေကို ပွဲစဉ် ယှဉ်ပြိုင်နေရင်း နှာခေါင်းစည်း ဝတ်မိစေခဲ့တာသာ ဖြစ်တယ်လို့ အဖွဲ့ချုပ်က ရှင်းလင်းပါတယ်။

ပရိသတ်တွေကတော့ ဒါဟာ တရုတ် အာဏာပိုင်တွေက ကပ်ရောဂါ ထိန်းချုပ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလွန်အကျွံတွေ လျှောက်လုပ်ပြနေတဲ့ နောက်ထပ် ပြယုဂ် တစ်ခုသာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ တချို့ကလည်း ကစားသမားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ လုပ်ရပ်အတွက် တစ်ယောက်ယောက်ကတော့ တာဝန်ယူသင့်တယ်လို့ တောင်းဆိုနေကြပါတယ်။

တရုတ်မှာ ကိုဗစ်ကူးစက်မှု မြင့်တက်လာတဲ့ နေရာတွေကို တင်းတင်းကျပ်ကျပ် Lockdown ချတာမျိုး၊ နှာခေါင်းစည်းတွေ တပ်ဆင်စေတာမျိုး၊ အသွားအလာ ကန့်သတ်ပစ်တာမျိုး နည်းလမ်းတွေ ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။

အားကစားသမားတွေကို နှာခေါင်းစည်းဝတ်ပြီး ယှဉ်ပြိုင်စေတဲ့ ကိစ္စက အခုတစ်ကြိမ် ပထမဆုံးတော့ မဟုတ်ပါဘူး။ အခုနှစ် အစောပိုင်းက ကနေဒါနဲ့ ရုရှားတို့ရဲ့ ရေခဲပြင် ဟော်ကီ ပွဲစဉ် မတိုင်ခင် နှစ်ဖက်ကစားသမားတွေကို ဆေးစစ်စေပေမယ့် ရလဒ်က ပြိုင်ပွဲ စချိန်ထိ ထွက်မလာသေးဘဲ နှောင့်နှေးနေပါတယ်။ ဒီတော့ နှစ်ဖက် အားကစား အဖွဲ့ချုပ်တွေ ညှိနှိုင်းပြီး ကြိုတင် သတိထားတဲ့ သဘောနဲ့ နှစ်သင်းလုံး နှာခေါင်းစည်းတွေ ဝတ်ပြီး ပြိုင်ပွဲစခဲ့ပါတယ်။ ဒါပေမဲ့ မိနစ်ပိုင်းလောက် အကြာမှာ ဆေးစစ်ရလဒ် ထွက်လာပြီး အားလုံး ကင်းရှင်းကြောင်း အတည်ပြုခဲ့တဲ့အတွက် နှာခေါင်းစည်းတွေ ချွတ်ပြီး ဆက်လက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။