Connect with us

Hi, what are you looking for?

သတင်း

တရုတ်နိုင်ငံဆိုင်ရာစစ်ကောင်စီသံအမတ် ကူမင်းလေဆိပ်မှာ သေဆုံး

ဦးမျိုးသန့်ဖေဟာ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် အတွင်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခံရသူဖြစ်ပါတယ်။

တရုတ်နိုင်ငံဆိုင်ရာစစ်ကောင်စီသံအမတ် ကူမင်းလေဆိပ်မှာ သေဆုံး
တရုတ်နိုင်ငံဆိုင်ရာစစ်ကောင်စီသံအမတ် ကူမင်းလေဆိပ်မှာ သေဆုံး

တရုတ်နိုင်ငံမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက သံအမတ် ဦးမျိုးသန့်ဖေဟာ မနေ့က ရုတ်တရက်ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ကူမင်းမြို့မှာ ဒေသစံတော်ချိန် ၁၂နာရီ ၃၃ မိနစ်မှာ ရုတ်တရက်ကွယ်လွန်သွားတယ်ဆိုတာကို ဒီနေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာမှာ ဝမ်းနည်းကြောင်းထည့်ထားတာတွေ့ရပါတယ်။

ဦးမျိုးသန့်ဖေနဲ့နီးစပ်သူတွေရဲ့ဖေ့ဘွတ်ခ်မှာ ဝမ်းနည်းကြောင်းရေးသားချက်တွေအရ အစည်းအဝေးတစ်ခုကို အသွား ကူမင်းလေဆိပ်မှာ ရုတ်တရက်လဲကျသေဆုံးသွားတာလို့သိရပါတယ်။ သေဆုံးသွားသူ ဦးမျိုးသန့်ဖေဟာ နှလုံးရောဂါခံရှိတယ်လို့လည်း အသိတွေက ရေးသားထားကြပါတယ်။

ဦးမျိုးသန့်ဖေဟာ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် အတွင်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခံရသူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အုပ်စု သြဇာခံ တရုတ်သံအမတ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။