Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဥရောပတိုက်မှာ မျောက်ကျောက် ကူးစက်မှုတွေ အဆုံးသတ်သွားဖို့ WHO မျှော်လင့်

ဥရောပတိုက်ဟာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေကို အဆိုးဆုံး ကြုံတွေ့ခဲ့တဲ့ ဒေသကြီးလည်း ဖြစ်ပါတယ်။ အခုတော့ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ၊ စပိန်နဲ့ ဗြိတိန်တို့ အပါအဝင် ဥရောပ နိုင်ငံ တော်တော်များများမှာ ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ အားတက်စရာ သတင်းတွေ ဆက်တိုက် ကြားနေရပြီလို့ သိရပါတယ်။

ဥရောပတိုက်မှာ မျောက်ကျောက် ကူးစက်မှုတွေ အဆုံးသတ်သွားဖို့ WHO မျှော်လင့်
ဥရောပတိုက်မှာ မျောက်ကျောက် ကူးစက်မှုတွေ အဆုံးသတ်သွားဖို့ WHO မျှော်လင့်

ဥရောပတိုက်မှာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေ လုံးဝဥဿုံ ရပ်တန့်သွားဖို့ ဖြစ်နိုင်ခြေတွေ တွေ့မြင်နေရပြီဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က မှတ်ချက်ပေးခဲ့ပါတယ်။

မျောက်ကျောက် ရောဂါဟာ ဥရောပတိုက်မှာ ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပေမယ့် အခုအခါ ပျံ့နှံ့နှုန်း သိသိသာသာ ပြန်နှေးလာပြီလို့ WHOက ဩဂုတ် ၃၀ မှာ ထုတ်ပြန်ပါတယ်။ နိုင်ငံ တော်တော်များများမှာ နေ့အလိုက် ကူးစက် လူနာအသစ်တွေ တွေ့ရှိမှုဟာ တောက်လျှောက် ကျဆင်းလာနေတယ်လို့ WHOက ဆိုပါတယ်။

ဥရောပတိုက်ဟာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေကို အဆိုးဆုံး ကြုံတွေ့ခဲ့တဲ့ ဒေသကြီးလည်း ဖြစ်ပါတယ်။ အခုတော့ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ၊ စပိန်နဲ့ ဗြိတိန်တို့ အပါအဝင် ဥရောပ နိုင်ငံ တော်တော်များများမှာ ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ အားတက်စရာ သတင်းတွေ ဆက်တိုက် ကြားနေရပြီလို့ သိရပါတယ်။

အခုဆိုရင် မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်က လူအချင်းချင်း ကူးစက်မှုတွေကို ဥရောပတိုက်မှာတော့ ကွင်းဆက် ဖြတ်တောက်လာနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေပြီလို့ WHOရဲ့ ဥရောပ ဒေသဆိုင်ရာ ဒါရိုက်တာ ဟန်းစ်ကလုဂျ်က ပြောပါတယ်။ ဒါပေမဲ့ အမြစ်ပြတ်တဲ့ အဆင့်ထိ ရောက်ဖို့ဆိုရင် လက်ရှိ အားထုတ်မှုတွေကို အရှိန်ထပ်မြှင့်ဖို့ လိုသေးတယ်လို့ သူက ဆိုတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး Bavarian Nordic ဆေးသုတေသန ကုမ္ပဏီက တီထွင်ထားတဲ့ မျောက်ကျောက်ရောဂါ ကာကွယ်ဆေးကို ကူးစက်နိုင်ခြေ မြင့်မားတဲ့ လူ့အဖွဲ့အစည်းအတွင်း ကန့်သတ် ထိုးနှံပေးခြင်းက ထိရောက်တဲ့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေတယ်လို့လည်း ကလုဂျ်က ပြောပါတယ်။

မျောက်ကျောက်ဟာ ကျောက်ရောဂါ အမျိုးအစား တစ်ခုဖြစ်ပြီး လူတွေရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ အရည်တွေကို ထိတွေ့မိရာက လူသားအချင်းချင်း ကူးစက်တတ်ပါတယ်။ အမေရိကန်နဲ့ ဥရောပမှာတော့ လိင်တူ ဆက်ဆံတဲ့ အမျိုးသား အများစုမှာ ရောဂါ ဖြစ်ပွားနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ မျောက်ကျောက်ဟာ လိင်ကတစ်ဆင့်ပဲ ကူးစက်တတ်တဲ့ ရောဂါ အမျိုးအစား မဟုတ်ကြောင်း WHOက အလေးအနက် သတိပေး ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆေးသိပ္ပံ ပညာရှင် အတော်များများက WHO အနေနဲ့ တိုင်းရင်းဆေးတွေကို သုတေသနပြု လေ့လာချင်တယ်ဆိုတဲ့ စိတ်ကူးကို လက်ခံပေမယ့် အခုလို ညီလာခံမျိုး ဦးဆောင်ကျင်းပပြီး ယူဆောင်နိုင်မယ့် အကျိုးရလဒ် အပေါ်မှာတော့ အကြီးအကျယ် သံသယ မေးခွန်းထုတ်နေကြပါတယ်။

သတင်း

အခုဆိုရင် ဥရောပ ကောင်စီဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ အဖွဲ့အစည်း ၁၉ ခုထိကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။

နိုင်ငံတကာ

Sky Shieldမှာ NATO စစ်မဟာမိတ် အဖွဲ့ဝင် တစ်ဒါဇင်ကျော်လောက် ပါဝင်ဖို့သာ ကနဦး ညှိနှိုင်းထားပေမယ့် အခုအခါမှာတော့ ဘက်မလိုက် နိုင်ငံနှစ်ခုပါ လာရောက် ချိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ

လူကာရှန်ကိုက သူအာဏာရလာချိန် ဘီလားရုစ်မှာ အကျဉ်းသား ၅၀၀၀၀ လောက် ရှိခဲ့ရာက အခုဆိုရင် ၂၂၀၀၀ လောက်သာ ကျန်တော့ကြောင်း၊ မီဒီယာတွေက စွပ်စွဲ ရေးသားသလို သူဟာ ပြည်သူတွေကို ထောင်ချပြီး ဖိနှိပ်နေတဲ့ အာဏာရှင် တစ်ဦးသာ သေချာရင် သိပ်ပြီး အားမကောင်းလှတဲ့ အာဏာရှင်မျိုး...