Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဥရောပတိုက်မှာ မျောက်ကျောက် ကူးစက်မှုတွေ အဆုံးသတ်သွားဖို့ WHO မျှော်လင့်

ဥရောပတိုက်ဟာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေကို အဆိုးဆုံး ကြုံတွေ့ခဲ့တဲ့ ဒေသကြီးလည်း ဖြစ်ပါတယ်။ အခုတော့ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ၊ စပိန်နဲ့ ဗြိတိန်တို့ အပါအဝင် ဥရောပ နိုင်ငံ တော်တော်များများမှာ ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ အားတက်စရာ သတင်းတွေ ဆက်တိုက် ကြားနေရပြီလို့ သိရပါတယ်။

ဥရောပတိုက်မှာ မျောက်ကျောက် ကူးစက်မှုတွေ အဆုံးသတ်သွားဖို့ WHO မျှော်လင့်
ဥရောပတိုက်မှာ မျောက်ကျောက် ကူးစက်မှုတွေ အဆုံးသတ်သွားဖို့ WHO မျှော်လင့်

ဥရောပတိုက်မှာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေ လုံးဝဥဿုံ ရပ်တန့်သွားဖို့ ဖြစ်နိုင်ခြေတွေ တွေ့မြင်နေရပြီဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က မှတ်ချက်ပေးခဲ့ပါတယ်။

မျောက်ကျောက် ရောဂါဟာ ဥရောပတိုက်မှာ ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပေမယ့် အခုအခါ ပျံ့နှံ့နှုန်း သိသိသာသာ ပြန်နှေးလာပြီလို့ WHOက ဩဂုတ် ၃၀ မှာ ထုတ်ပြန်ပါတယ်။ နိုင်ငံ တော်တော်များများမှာ နေ့အလိုက် ကူးစက် လူနာအသစ်တွေ တွေ့ရှိမှုဟာ တောက်လျှောက် ကျဆင်းလာနေတယ်လို့ WHOက ဆိုပါတယ်။

ဥရောပတိုက်ဟာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေကို အဆိုးဆုံး ကြုံတွေ့ခဲ့တဲ့ ဒေသကြီးလည်း ဖြစ်ပါတယ်။ အခုတော့ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ၊ စပိန်နဲ့ ဗြိတိန်တို့ အပါအဝင် ဥရောပ နိုင်ငံ တော်တော်များများမှာ ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ အားတက်စရာ သတင်းတွေ ဆက်တိုက် ကြားနေရပြီလို့ သိရပါတယ်။

အခုဆိုရင် မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်က လူအချင်းချင်း ကူးစက်မှုတွေကို ဥရောပတိုက်မှာတော့ ကွင်းဆက် ဖြတ်တောက်လာနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေပြီလို့ WHOရဲ့ ဥရောပ ဒေသဆိုင်ရာ ဒါရိုက်တာ ဟန်းစ်ကလုဂျ်က ပြောပါတယ်။ ဒါပေမဲ့ အမြစ်ပြတ်တဲ့ အဆင့်ထိ ရောက်ဖို့ဆိုရင် လက်ရှိ အားထုတ်မှုတွေကို အရှိန်ထပ်မြှင့်ဖို့ လိုသေးတယ်လို့ သူက ဆိုတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး Bavarian Nordic ဆေးသုတေသန ကုမ္ပဏီက တီထွင်ထားတဲ့ မျောက်ကျောက်ရောဂါ ကာကွယ်ဆေးကို ကူးစက်နိုင်ခြေ မြင့်မားတဲ့ လူ့အဖွဲ့အစည်းအတွင်း ကန့်သတ် ထိုးနှံပေးခြင်းက ထိရောက်တဲ့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေတယ်လို့လည်း ကလုဂျ်က ပြောပါတယ်။

မျောက်ကျောက်ဟာ ကျောက်ရောဂါ အမျိုးအစား တစ်ခုဖြစ်ပြီး လူတွေရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ အရည်တွေကို ထိတွေ့မိရာက လူသားအချင်းချင်း ကူးစက်တတ်ပါတယ်။ အမေရိကန်နဲ့ ဥရောပမှာတော့ လိင်တူ ဆက်ဆံတဲ့ အမျိုးသား အများစုမှာ ရောဂါ ဖြစ်ပွားနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ မျောက်ကျောက်ဟာ လိင်ကတစ်ဆင့်ပဲ ကူးစက်တတ်တဲ့ ရောဂါ အမျိုးအစား မဟုတ်ကြောင်း WHOက အလေးအနက် သတိပေး ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဥရောပတိုက်ရဲ့ ကာကွယ်ရေး အစီအမံအတွက် တာဝေးပစ် ဒုံးကျည်တွေ ထုတ်လုပ်ရေးမှာ စုစုပေါင်း ဒေါ်လာ ၅၀ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံ တစ်ဒါဇင်လောက်က သဘောတူထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေရဲ့ နောက်ဆုံးယှဉ်ပြိုင်တဲ့ ပွဲမှာတော့ ဆွစ်ဇာလန် အသင်းက ကိုလံဘီယာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ဆီ တက်လှမ်းလာခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ကွာတားဖိုင်နယ်ရောက် ၈ သင်းမှာ ဥရောပက ၆ သင်းထိ ပါဝင်လာနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နည်းပညာ လုပ်ငန်းစုတွေအပေါ် အခွန်ကောက်ယူမှု စည်းမျဉ်းသစ် သတ်မှတ်မယ့် ဘယ်ဥရောပ နိုင်ငံကိုမဆို သွင်းကုန်အခွန်အခ ၁၀၀ ရာခိုင်နှုန်း သတ်မှတ် ကောက်ယူသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

သတင်း

ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။