Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၁၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဓားထိုးမှု တရားခံ ၂ ယောက်ကို ကနေဒါ ရဲတပ်ဖွဲ့ လိုက်ရှာနေ

ဓားထိုးမှုတွေ ကျူးလွန်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ မနက်ပိုင်းမှာ ပထမဆုံး ဓားထိုးမှု ဖြစ်ခဲ့တဲ့နောက် မြို့အနှံ့မှာ စုစုပေါင်း အလားတူ တိုက်ခိုက်မှု ၁၃ ခုအတွက် တိုင်ကြားမှုတွေ လက်ခံ ရရှိလာတယ်လို့ ရဲတွေက ဆိုပါတယ်။

၁၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဓားထိုးမှု တရားခံ ၂ ယောက်ကို ကနေဒါ ရဲတပ်ဖွဲ့ လိုက်ရှာနေ
၁၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဓားထိုးမှု တရားခံ ၂ ယောက်ကို ကနေဒါ ရဲတပ်ဖွဲ့ လိုက်ရှာနေ

လူ ၁၀ ယောက်ထက် မနည်းကို ဓားနဲ့ထိုးသတ်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ တရားခံ ၂ ဦးကို အပူတပြင်း ရှာဖွေနေကြောင်း ကနေဒါ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၄ ရက်က ကနေဒါနိုင်ငံ အလယ်ပိုင်း ဆက်စ်ကက်ချီဝမ်မြို့မှာ ဓားနဲ့ ရမ်းကား တိုက်ခိုက်ခဲ့တဲ့ မှုခင်းတွေ ဖြစ်ပွားပြီး အနည်းဆုံး ၁၀ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ရဲတွေက သံသယ တရားခံတွေအဖြစ် ဒေမီယန် ဆန်ဒါဆန်နဲ့ မိုင်းလ်စ် ဆန်ဒါဆန်ဆိုသူ နှစ်ဦးရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန် ကြေညာထားပါတယ်။

နှစ်ယောက်စလုံးဟာ လက်နက် ကိုင်ဆောင်ထားပြီး အရမ်း အန္တရာယ်များတယ်လို့ ယုံကြည်ရကြောင်း၊ သူတို့ကိုတွေ့ရင် ခပ်ဝေးဝေးကနေ တိမ်းရှောင်ပြီး ရဲတပ်ဖွဲ့ဆီ ဆက်သွယ်စေလိုကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ သံသယ တရားခံ နှစ်ဦးဟာ အနက်ရောင် Nissan Rogue ကားတစ်စီးနဲ့ လှည့်လည် သွားလာနေတယ်လို့လည်း ယုံကြည်ရပါတယ်။

ကနေဒါ တော်ဝင် မြင်းစီး ရဲတပ်ဖွဲ့ရဲ့ ဆက်စ်ကက်ချီဝမ်၊ အယ်လ်ဘာတာနဲ့ မန်နီတိုဘာ မြို့ခံ ရဲဌာနအားလုံး ပူးပေါင်းပြီး သံသယရှိသူတွေကို လိုက်ရှာနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူက လူတွေ အစုလိုက် အပြုံလိုက် ဓားထိုးခံရပြီး သေဆုံးခဲ့ရတဲ့ မှုခင်းကြောင့် စိတ်နှလုံး တုန်လှုပ် ကြေကွဲမိကြောင်း Twitterမှာ ရေးသားထားပါတယ်။ မှုခင်းဖြစ်ပွားရာ ဒေသတဝိုက်မှာ နေထိုင်တဲ့ ပြည်သူတွေ အနေနဲ့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေ ညွှန်ကြားထားတဲ့ အကြံပြုချက်တွေအတိုင်း အတိအကျ လိုက်နာကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

ဓားထိုးမှုတွေ ကျူးလွန်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ မနက်ပိုင်းမှာ ပထမဆုံး ဓားထိုးမှု ဖြစ်ခဲ့တဲ့နောက် မြို့အနှံ့မှာ စုစုပေါင်း အလားတူ တိုက်ခိုက်မှု ၁၃ ခုအတွက် တိုင်ကြားမှုတွေ လက်ခံ ရရှိလာတယ်လို့ ရဲတွေက ဆိုပါတယ်။

လောလောဆယ်မှာတော့ ကွင်းဆင်း ကျန်းမာရေး စောင့်ရှောက်မှု ဌာနနှစ်ခုကို အရေးပေါ် ဖွင့်လှစ်ပြီး မှုခင်းတွေကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက် ခံစားခဲ့ရတဲ့ ဒေသခံတွေကို ကူညီပေးနေပါတယ်။ မြို့ထဲမှာ လုံခြုံရေး တိုးမြှင့်ချထားပြီး နေရာအနှံ့ ရဲကားတွေ ပတ္တရောင်လှည့်ပြီး စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် ကနေဒါရဲ့ ပို့ကုန်အမျိုးအစား တချို့ကို အမေရိကန်က တင်သွင်းခွင့် ပိတ်ပစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ကုန်စည်တွေအပေါ် လက်တုံ့ပြန်ပြီး အခွန်တိုးကောက်မယ့် အစီအစဉ်ဟာ စက်တင်ဘာ ၈ ရက်မှာ စတင် အသက်ဝင်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လုပ်ငန်း အခြေမစိုက်ရင် လေယာဉ်တွေ ရောင်းချခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ ကနေဒါ လေယာဉ်ကုမ္ပဏီ Bombardierကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

Facebook