Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာပြည်သူများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်ထောက်ခံအားပေးသွားမည်ဟု ကနေဒါ ထုတ်ပြန်

ရှစ်လေးလုံး အရေးတော်ပုံနှစ်ပတ်လည်နေ့တွင် အမေရိကန်သံရုံးကလည်း မြန်မာပြည်သူများနှင့် အတူဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

(အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ယနေ့ (သြဂုတ် ၈)က (၃၄)နှစ်မြောက် ၈လေးလုံးအထိမ်းအမှတ် မြန်မာ့စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြချီတက်ပွဲ ကျင်းပနေစဥ်၊ ဓာတ်ပုံ - Kyaw Soe Latt Photography)
(အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ယနေ့ (သြဂုတ် ၈)က (၃၄)နှစ်မြောက် ၈လေးလုံးအထိမ်းအမှတ် မြန်မာ့စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြချီတက်ပွဲ ကျင်းပနေစဥ်၊ ဓာတ်ပုံ - Kyaw Soe Latt Photography)

ဒီမိုကရေစီစနစ်အား လိုလားတောင့်တ မျှော်မှန်းနေကြသည့် မြန်မာပြည်သူ ပြည်သားများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်၊ ထောက်ခံအားပေးသွားမည်ဟု ကနေဒါသံရုံးက ထုတ်ပြန်သည်။

ယနေ့ကျရောက် (၃၄) နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့တွင် ကနေဒါက ၎င်းတို့၏ ရပ်တည် ချက်ကို ထပ်မံအသိပေးခြင်းဖြစ်ပြီး ဒီမိုကရေစီ ထောက်ခံဆန္ဒပြပွဲများ၌ ကျဆုံးခဲ့ကြသည့် ထောင်ပေါင်းများစွာသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများ နှင့် ပြည်သူ့ဝန်ထမ်းများ အားလုံးကို ချီးကျူးဂုဏ်ပြုပြီး အောက်မေ့သတိရကြောင်းဖော်ပြသည်။

မိမိတို့၏ လူ့အခွင့်အရေး၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ အသင်းအဖွဲ့များ ဖွဲ့စည်းပိုင်ခွင့် စသည်တို့အတွက် ဆောင်ရွက်ကြရင်း ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း ခံခဲ့ရသူတို့အတွက်လည်း ဝမ်းနည်းပူဆွေးပြီး ယခင်နှင့် ယခု အချိန်အထိ လွတ်လပ်၍ အေးချမ်းသာယာသော နိုင်ငံတော် အတွက် ကြိုးပမ်းနေကြသူအားလုံးကိုလည်း ဂုဏ်ပြုကြောင်း ဖော်ပြသည်။

ရှစ်လေးလုံး အရေးတော်ပုံနှစ်ပတ်လည်နေ့တွင် အမေရိကန်သံရုံးကလည်း မြန်မာပြည်သူများနှင့် အတူဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

နိုင်ငံတကာ

အမေရိကန်ရဲ့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီ ဟိုချူးလ်က လက်ရှိ အချိန်ထိ စုံစမ်းသိရှိထားသမျှ အချက်အလက်တွေအရ ဒီဖြစ်စဉ်ဟာ အကြမ်းဖက်မှု တခုခုနဲ့ ဆက်စပ်တာမျိုး မရှိဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

သတင်း

ယနေ့(နိုဝင်ဘာ ၈ ရက်)ကျရောက်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အနိုင်ရပါတီ NLD က တိုင်းရင်းသား ပြည်သူလူထုက အပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဟု ဖော်ပြသည်။

သတင်း

စတုတ္ထမြောက် အ​ရေးယူဒဏ်ခတ်ခံရ​သောပုဂ္ဂိုလ်မှာ Yatanarpon Aviation Services ၏ ဒါရိုက်တာဖြစ်ပြီး Mottama Holdings နဲ့ လက်တွဲလုပ်ကိုင်သူ စစ်တိုင်း​အောင်ဖြစ်သည်။ ၎င်းသည်လည်း ကျော်မင်းဦးကဲ့သို့ အရပ်သားပြည်သူများကို ဖိနှိပ်ရာတွင်ပါဝင်ခဲ့သူဖြစ်သည်။