Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူ ၁၀ ဦးကို ဓားနဲ့ထိုးသတ်တဲ့ တရားခံ နှစ်ဦးလုံး သေဆုံးပြီလို့ ကနေဒါ ရဲတပ်ဖွဲ့ ကြေညာ

မိုင်းလ်ဟာ အကြမ်းဖက် မှုခင်းတွေ ကျူးလွန်ဖူးသလို ပြစ်မှုမှတ်တမ်း ၅၉ ခုလောက် ရှိခဲ့သူ တစ်ဦးဖြစ်တာကြောင့် သူဘာကြောင့် လမ်းပေါ်မှာ လွတ်လွတ်လပ်လပ် သွားလာခွင့် ရနေခဲ့သလဲဆိုတဲ့ မေးခွန်းက အခုအချိန်မှာ အာဏာပိုင်တွေအတွက် ဖိစီးမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

လူ ၁၀ ဦးကို ဓားနဲ့ထိုးသတ်တဲ့ တရားခံ နှစ်ဦးလုံး သေဆုံးပြီလို့ ကနေဒါ ရဲတပ်ဖွဲ့ ကြေညာ
လူ ၁၀ ဦးကို ဓားနဲ့ထိုးသတ်တဲ့ တရားခံ နှစ်ဦးလုံး သေဆုံးပြီလို့ ကနေဒါ ရဲတပ်ဖွဲ့ ကြေညာ

ကနေဒါ နိုင်ငံမှာ လူ ၁၀ ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ တရားခံ နှစ်ဦးစလုံး သေဆုံးသွားပြီလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် မိုင်းလ်စ် ဆန်ဒါဆန်ကို ရော့စ်သန်မြို့နားမှာ ဖမ်းဆီးရမိပြီး မကြာခင်မှာပဲ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားတယ်လို့ ရဲတွေက ဆိုပါတယ်။ မိုင်းလ်စ်ဟာ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ထားတာလို့ ရဲတွေက ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဓားကိုင်ထားသူ တစ်ယောက်ဟာ ကားတစ်စီးကို ခိုးယူပြီး မောင်းပြေးသွားကြောင်း သတင်းရခဲ့တဲ့နောက် ရဲတွေက မိုင်းလ်စ် မောင်းသွားတဲ့ကားကို ဝင်တိုက်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အသက် ၃၀ အရွယ် ညီဖြစ်သူ ဒေမီယန် ဆန်ဒါဆန်ရဲ့ အလောင်းကိုတော့ လယ်ကွင်းတစ်ခုထဲမှာ လွန်ခဲ့တဲ့ ၂ ရက်က တွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အစ်ကိုက ညီကို သတ်ခဲ့တာလား ဆိုတာကိုလည်း ရဲတွေက ဆက်ပြီး စုံစမ်းနေဆဲပါ။

ညီအစ်ကို နှစ်ယောက်ဟာ ကနေဒါက နယ်ခံ တိုင်းရင်းသား မျိုးနွယ်စုတွေ စုဝေးနေထိုင်ရာ မြို့ငယ်တစ်ခုက နေရာ ၉ ခုလောက်မှာ တွေ့ရာလူကို ဓားနဲ့ လိုက်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ပြစ်မှု ကျူးလွန်တဲ့ ရည်ရွယ်ချက်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဆက်စ်ကတ်ချီဝမ်မြို့မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေအတွင်း လူ ၁၀ ဦး သေတဲ့အပြင် ၁၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မိုင်းလ်စ်ကို ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ခဲ့တဲ့နောက် သေဆုံးသူတွေရဲ့ မိသားစုဝင် တချို့က အခင်းဖြစ်ရာ နေရာထိ လာရောက်ခဲ့ပါတယ်။ နာကျင် ခံစားခဲ့ရတာတွေအတွက် အခုအချိန်မှာ စပြီး ကုစားနိုင်တော့မယ်လို့ မျှော်လင့်ကြောင်း ဇနီးနဲ့ သားဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ ဘရိုင်ယန် ဘန်းစ်က ပြောပါတယ်။

မိုင်းလ်ဟာ အကြမ်းဖက် မှုခင်းတွေ ကျူးလွန်ဖူးသလို ပြစ်မှုမှတ်တမ်း ၅၉ ခုလောက် ရှိခဲ့သူ တစ်ဦးဖြစ်တာကြောင့် သူဘာကြောင့် လမ်းပေါ်မှာ လွတ်လွတ်လပ်လပ် သွားလာခွင့် ရနေခဲ့သလဲဆိုတဲ့ မေးခွန်းက အခုအချိန်မှာ အာဏာပိုင်တွေအတွက် ဖိစီးမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

သူဟာ ဓားပြမှု၊ ရန်လိုတိုက်ခိုက်မှုတွေအတွက် ထောင်ဒဏ် ၄ နှစ်ကျော် ကျခံပြီးတဲ့နောက် ဖေဖော်ဝါရီ လကတည်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်မြောက်နေခဲ့တာလို့ ရဲတွေက ဆိုပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ခံဝန်ကတိတွေကို ချိုးဖောက်ခဲ့တာကြောင့် မေလကတည်းက ရဲတပ်ဖွဲ့ဟာ မိုင်းလ်စ်ကို ဝရမ်းပြန်ထုတ်ပြီး ရှာဖွေနေခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

နိုင်ငံတကာ

ကနေဒါဆီကနေ တင်သွင်းတဲ့ ကုန်စည်အမျိုးအစား အများအပြားအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။