Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အခြေအနေတွေ တိုးတက်နေတယ်လို့ သမ္မတ ဇီလန်စကီးပြော

အခုဆိုရင် ရုရှားလက်အောက် ရောက်နေတဲ့ မြို့ငယ်ရွာငယ်ပေါင်း ၃၀ ကျော်လောက်ထိ ယူကရိန်း တပ်တွေက လွတ်လပ်ရေး ဆောင်ယူပေးနိုင်ခဲ့ပြီလို့ ဇီလန်စကီးက ဆိုပါတယ်။ ယူကရိန်း တပ်တွေဟာ ခါကစ်ဗ် ဒေသမှာ အဓိက အာရုံစိုက်ပြီး တန်ပြန် ထိုးစစ်တွေ ဆင်နွှဲနေတာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အခြေအနေတွေ တိုးတက်နေတယ်လို့ သမ္မတ ဇီလန်စကီးပြော

ယူကရိန်းစစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေဟာ ရလဒ်ပိုင်း ဖြည်းဖြည်းနဲ့မှန်မှန် တိုးတက်နေပြီး အခုဆိုရင် ရုရှားလက်ထဲ ကျရောက်ခဲ့တဲ့ နယ်မြေ စတုရန်း ကီလိုမီတာ ၁၀၀၀ လောက် ပြန်လည် သိမ်းပိုက်ထားပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက်က စတင်တဲ့ ကျူးကျော်စစ်ပွဲ အပြီးမှာ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက နယ်မြေတွေကို သိမ်းပိုက်ထားခဲ့ပါတယ်။ ယူကရိန်း အနေနဲ့ ပိုင်နက် နယ်မြေတွေ ပြန်လည် ရရှိဖို့ တန်ပြန် ထိုးစစ် စတင်နိုင်အောင် လပေါင်း အတော်ကြာ စောင့်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ လကုန်ပိုင်းကစလို့ ရုရှား အသိမ်းပိုက်ခံ နယ်မြေတွေကို တစ်စထက်တစ်စ ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။

အခုဆိုရင် ရုရှားလက်အောက် ရောက်နေတဲ့ မြို့ငယ်ရွာငယ်ပေါင်း ၃၀ ကျော်လောက်ထိ ယူကရိန်း တပ်တွေက လွတ်လပ်ရေး ဆောင်ယူပေးနိုင်ခဲ့ပြီလို့ ဇီလန်စကီးက ဆိုပါတယ်။ ယူကရိန်း တပ်တွေဟာ ခါကစ်ဗ် ဒေသမှာ အဓိက အာရုံစိုက်ပြီး တန်ပြန် ထိုးစစ်တွေ ဆင်နွှဲနေတာ ဖြစ်ပါတယ်။

ခါကစ်ဗ်က နယ်မြေတွေမှာ ရုရှားက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေး အရာရှိ တစ်ဦးဖြစ်သူ ဗစ်တာလီ ဂန်ချက်ဗ်ကလည်း ယူကရိန်း တပ်တွေက သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရရှိလာနေကြောင်း ဝန်ခံခဲ့ပါတယ်။ အခုဆိုရင် ခါကစ်ဗ်မှာ ရှိနေတဲ့ ရုရှားရဲ့ ခံစစ်စည်းရိုးတွေ ကျိုးပျက်နေတယ်လို့ သူက ရုရှား ရုပ်မြင်သံကြား ဌာနတစ်ခုကို ပြောဆိုသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒီအတောအတွင်း ရုရှားက ခါကစ်ဗ်ကို တပ်ကူတွေ လေကြောင်း၊ ကုန်းကြောင်းကနေ ပို့ဆောင်ပေးနေပါတယ်။ ရုရှားဟာ တပ်ဖွဲ့ဝင် ၈၀ လောက် တင်ဆောင်နိုင်တဲ့ Mi-26 သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးတွေနဲ့ပါ စစ်ကူအင်အား ကတိုက်ကရိုက် ဖြည့်တင်းပေးနေပါတယ်။ ဒါပေမဲ့ လေ့လာသူတွေကတော့ ယူကရိန်းမှာ ဖြန့်ကျက်ထားတဲ့ ရုရှားတပ်ဖွဲ့ အတော်များများဟာ စိတ်ဓာတ်ရေးရာအရ ပြိုလဲစ ပြုနေပြီဖြစ်ပြီး ဒီအချက်ကို ပြင်ဆင် ကုစားဖို့ ခက်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

ဂန်ချက်ဗ်က ဘာလာလစ်ကာမြို့ကို ယူကရိန်းတပ်တွေ သိမ်းယူသွားပြီဆိုတဲ့ သတင်းကိုတော့ ငြင်းဆိုထားပါတယ်။ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာတော့ မြို့ထဲက အုပ်ချုပ်ရေးရုံးမှာ ယူကရိန်း စစ်သားတွေက နိုင်ငံတော် အလံ တက်လွှင့်နေတဲ့ ဗီဒီယိုတွေ ပျံ့နှံ့နေပေမယ့် ဂန်ချက်ဗ်က ဒီမြို့ဟာ ရုရှား ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲလို့ အခိုင်အမာ ပြောပါတယ်။

ယူကရိန်းက ခါကစ်ဗ်ကို ဖိဖိစီးစီး ထိုးစစ်ဆင်နေချိန် အတောအတွင်း တခြားတစ်ဖက်မှာတော့ ရုရှားက ယူကရိန်း ပိုင်နက်ထဲ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ ပိုမို တိုးမြှင့်လာနေတယ်လို့ သိရပါတယ်။ ဇီလန်စကီးက ယူကရိန်း အရှေ့မြောက်ပိုင်း၊ ဆူမီဒေသမှာ ရုရှား လေယာဉ်တွေ ဗုံးကြဲမှုကြောင့် ဆေးရုံတစ်ခု ပျက်စီးပြီး အများအပြား ထိခိုက် ဒဏ်ရာရခဲ့ကြောင်း စွပ်စွဲ ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။