Connect with us

Hi, what are you looking for?

ဗီဒီယို

ရုရှား လက်အောက် ကျရောက်ခဲ့တဲ့ နယ်မြေတချို့ကို ယူကရိန်း ပြန်လည် သိမ်းယူလာနိုင်

ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက နယ်မြေတချို့ကို ထိန်းချုပ် သိမ်းပိုက်ထားပါတယ်။ ယူကရိန်း စစ်တပ်ဟာ အဲဒီနယ်မြေတွေ ပြန်ရဖို့အတွက် တန်ပြန်ထိုးစစ် အစပြုဖို့ သီတင်းပတ်ပေါင်းများစွာ ပြင်ဆင်ခဲ့ပြီး မကြာသေးခင် ရက်ပိုင်းမှာတော့ တောင်ပိုင်း ဒေသတွေမှာ ထိုးစစ်တွေ စတင်နိုင်ခဲ့တာပါ။

နိုင်ငံ တောင်ပိုင်းမှာ စတင်ဆင်နွှဲနေတဲ့ တန်ပြန် စစ်ဆင်ရေးတွေအတွင်း ရုရှားလက်အောက် ကျရောက်နေတဲ့ မြို့တွေကို ဆက်တိုက် ပြန်လည် သိမ်းယူနေနိုင်ကြောင်း ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။

တစ်ပတ်လောက် အတွင်းမှာတင် နိုင်ငံတောင်ပိုင်းက မြို့ငယ် ၃ ခုဟာ ယူကရိန်း တပ်တွေ လက်အောက် ပြန်လည် ကျရောက်ခဲ့ပြီး ရုရှားရဲ့ ဒေသခံ လုံခြုံရေး အေဂျင်စီ တစ်ခုကိုလည်း ဖျက်စီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက နယ်မြေတချို့ကို ထိန်းချုပ် သိမ်းပိုက်ထားပါတယ်။ ယူကရိန်း စစ်တပ်ဟာ အဲဒီနယ်မြေတွေ ပြန်ရဖို့အတွက် တန်ပြန်ထိုးစစ် အစပြုဖို့ သီတင်းပတ်ပေါင်းများစွာ ပြင်ဆင်ခဲ့ပြီး မကြာသေးခင် ရက်ပိုင်းမှာတော့ တောင်ပိုင်း ဒေသတွေမှာ ထိုးစစ်တွေ စတင်နိုင်ခဲ့တာပါ။

အစောပိုင်းမှာ ယူကရိန်း အစိုးရက ထိုးစစ်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့ပေမယ့် အခုတော့ စစ်ဆင်ရေးတွေ အောင်မြင်နေကြောင်း ထုတ်ပြောလာခဲ့ပါတယ်။ အခုဆိုရင် ခါဆွန် ပြည်နယ်ထဲက မြို့ငယ် ၃ ခုမှာ ရုရှားအလံတွေ ဖြုတ်ချပြီး ယူကရိန်း အလံတွေ ပြန်လည် လွှင့်ထူနိုင်ခဲ့ပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတရုံးက ခါဆွန်မှာရှိတဲ့ မြို့နယ် အုပ်ချုပ်ရေးရုံး တစ်ခုမှာ ယူကရိန်း စစ်သားတွေက နိုင်ငံတော်အလံ တက်ပြီး လွှင့်ထူနေတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ထုတ်ပြန် ပြသခဲ့ပါတယ်။ ယူကရိန်းတပ်တွေ ပြန်လည် ထိန်းချုပ်လိုက်တဲ့ အဲဒီ ဗိုင်ဆော့ကိုပိုင်လာဆိုတဲ့ မြို့ငယ်လေးဟာ ပြည်နယ်မြို့တော် ခါဆွန်ရဲ့ မြောက်ဖက်မှာ တည်ရှိနေပါတယ်။

ယူကရိန်းဟာ နိုင်ငံအရှေ့ပိုင်း ဒေသတွေမှာ ရုရှားရဲ့ ကြမ်းတမ်းလှတဲ့ လက်နက်ကြီး ပစ်ခတ်မှုဒဏ်တွေကို အလူးအလဲ ခံစားခဲ့ရပြီးတဲ့နောက် အခုအခါ တန်ပြန် ထိုးစစ်တွေ ပြန်စနေပြီလို့လည်း သိရပါတယ်။ ယူကရိန်း သမ္မတရဲ့ အကြံပေး ပုဂ္ဂိုလ် မစ်ခ်ဟိုင်လို ပိုဒိုလ်ယက်ခ်က ရုရှား သိမ်းပိုက်ထားရာ ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ တခြားဒေသတွေက ပြည်သူတွေ အနေနဲ့ ဗုံးခိုကျင်းတွေ ကြိုတင် ပြင်ဆင်ထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ နောင်တစ်ချိန်မှာ ယူကရိန်းရဲ့ နယ်မြေ အားလုံးဟာ ယူကရိန်းလက်ထဲ ပြန်ရောက်လာစေရမယ်လို့လည်း သူက Twitterမှာ ရေးသားထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။