Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သိမ်းပိုက်နယ်မြေတွေကို နိုင်ငံပိုင်နက်ထဲ သွတ်သွင်းဖို့ ရုရှား ကတိုက်ကရိုက် အားထုတ်လာ

အခုအခါမှာတော့ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ရုရှားထိန်းချုပ် နယ်မြေတွေမှာ ရုရှားက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေး အရာရှိတွေက လူထုဆန္ဒခံယူပွဲတွေ ကျင်းပပြီး ရုရှားနိုင်ငံနဲ့ ပေါင်းစည်းဖို့ သင့်မသင့် ဆုံးဖြတ်သွားမယ်လို့ ပြောကြားခဲ့ကြပါတယ်။

သိမ်းပိုက်နယ်မြေတွေကို နိုင်ငံပိုင်နက်ထဲ သွတ်သွင်းဖို့ ရုရှား ကတိုက်ကရိုက် အားထုတ်လာ
သိမ်းပိုက်နယ်မြေတွေကို နိုင်ငံပိုင်နက်ထဲ သွတ်သွင်းဖို့ ရုရှား ကတိုက်ကရိုက် အားထုတ်လာ

ရုရှား တပ်တွေ သိမ်းပိုက်ထားပြီး ရုရှားလိုလားတဲ့ သူပုန်တွေ အဓိက လှုပ်ရှားနေတဲ့ ယူကရိန်း နယ်မြေ ၄ ခုဟာ ရုရှားနိုင်ငံနဲ့ ပေါင်းစည်းရေး လူထုဆန္ဒ ခံယူပွဲတွေ ကျင်းပဖို့ ကတိုက်ကရိုက် အားထုတ်လာကြပါတယ်။

ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ရုရှားရဲ့ စစ်ဆင်ရေးတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဦးကျိုးစ ပြုလာသလို အခုဆိုရင် ယူကရိန်းရဲ့ တန်ပြန် ထိုးစစ်ဒဏ်ကြောင့် ရုရှားက သိမ်းပိုက် နယ်မြေတွေကိုတောင် စွန့်လွှတ်နေရပါပြီ။ ယူကရိန်း တပ်တွေဟာ ခါကစ်ဗ်ဒေသ တစ်ခုလုံးနီးပါးကို ပြန်သိမ်းယူခဲ့တဲ့နောက် ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားရာ လူဟန့်စ်ခ် ဒေသကိုပါ စတင် ထိုးစစ်ဆင်နေပြီ ဖြစ်ပါတယ်။

အခုအခါမှာတော့ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ရုရှားထိန်းချုပ် နယ်မြေတွေမှာ ရုရှားက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေး အရာရှိတွေက လူထုဆန္ဒခံယူပွဲတွေ ကျင်းပပြီး ရုရှားနိုင်ငံနဲ့ ပေါင်းစည်းဖို့ သင့်မသင့် ဆုံးဖြတ်သွားမယ်လို့ ပြောကြားခဲ့ကြပါတယ်။

ဒီလုပ်ရပ်ဟာ ယူကရိန်းရဲ့ စစ်မြေပြင် အသာရမှု ရေချိန်ကို ပိုမို သိသာလာစေခဲ့ပါတယ်။ လက်ရှိ အခြေအနေအရ ယူကရိန်းဟာ ကိုယ့်ပိုင်နက် နယ်မြေတွေကိုပဲ ပြန်တိုက်ယူနေတာ ဖြစ်ပေမယ့် ရုရှားနဲ့ ပေါင်းစည်းကြောင်း ကြေညာလိုက်ရင်တော့ ရုရှားပိုင်နက်ထိ ကျူးကျော်တဲ့ သဘောထားမျိုး သက်ရောက်သွားပါမယ်။ အဲဒီအခါ ရုရှားက ပိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ခွင့် ရှိလာပါမယ်။ ယူကရိန်း နယ်မြေတွေကို ရုရှား လက်အောက်ခံအဖြစ် ပြောင်းလဲဖို့ အသည်းအသန် ကြိုးစားလာတယ် ဆိုတာဟာ ရုရှားလိုလားတဲ့ သူပုန်တွေကိုယ်တိုင် စိတ်မလုံခြုံတော့ခြင်းကို ထင်ဟပ်စေပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းက ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၂၀ ညပိုင်းမှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားပေမယ့် ရုတ်တရက် ဘာမှ အကြောင်းမပြဘဲ အစီအစဉ် ရွှေ့ဆိုင်းသွားပါတယ်။ ရုရှားဟာ ၂၀၁၄ တုန်းက ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို စစ်အင်အားသုံး သိမ်းယူခဲ့သလို လူဟန့်စ်ခ်နဲ့ ဒွန်းဘက်စ် နယ်မြေတွေကိုလည်း လွတ်လပ်ရေး အသိအမှတ်ပြုကြောင်း ကြေညာပြီး အဲဒီနေရာတွေမှာ ရုရှားတပ်တွေ ဖြန့်ကျက်စေခဲ့ပါတယ်။

အခုတော့ ယူကရိန်း စစ်တပ်တွေဟာ လူဟန့်စ်ခ် နယ်စပ်ကို စတင်ခြိမ်းခြောက်လာသလို ဒွန်းဘက်စ်ကို ပြန်သိမ်းယူဖို့ထိပါ ပစ်မှတ် ထားလာကြပါပြီ။ ဒီအခြေအနေတွေက ရုရှားကို အကြီးအကျယ် ခေါင်းခြောက်စေခဲ့ပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံတကာ အသိုက်အဝန်းက ခရိုင်းမီးယားကို ရုရှား သိမ်းပိုက်ခဲ့တဲ့ ကိစ္စအပေါ် လုံးဝ အသိအမှတ် မပြုပါဘူး။ အခုလည်း ယူကရိန်း နယ်မြေတွေက ရုရှားနဲ့ ပေါင်းစည်းမယ်ဆိုတဲ့ ကိစ္စဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီမယ့်သဘော မရှိပါဘူး။

အခုဆိုရင် ယူကရိန်းဟာ သူပုန်တွေ ထိန်းချုပ်ထားရာ ဒေသတွေကို NATO မဟာမိတ် အဖွဲ့က ထောက်ပံ့တဲ့ စစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပါတယ်။ တကယ်လို့ အဲဒီ နယ်မြေတွေကို ရုရှားပိုင်နက်အဖြစ် သတ်မှတ်လိုက်မယ် ဆိုရင်တော့ ရုရှားရဲ့ အချုပ်အခြာ အာဏာကို NATOရဲ့ လက်နက်တွေ အသုံးပြုပြီး ထိပါးတဲ့ သဘောမျိုး သက်ရောက်သွားမှာပါ။ ရုရှားကလည်း ဒီအခြေအနေမျိုးကို ဖန်တီးနေတာ ဖြစ်ပါတယ်။

အခုအခါ ဒွန်းဘက်စ်နဲ့ လူဟန့်စ်ခ်တို့ အပါအဝင် ဒေသ ၄ ခုလောက်က ရုရှားခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေဟာ လူထုဆန္ဒ ခံယူပွဲတွေကို စက်တင်ဘာ ၂၃ ရက်ကနေ ၂၇ ရက်အတွင်း ကျင်းပသွားနိုင်ဖို့ တက်သုတ်ရိုက် စီစဉ်နေတယ်လို့ ဆိုပါတယ်။ အဲဒီ ဆန္ဒခံယူပွဲတွေမှာ ဒေသခံတွေက ကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းကနေဖြစ်စေ ပါဝင် မဲပေးနိုင်မယ်လို့ ရုရှား မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ရုရှား ခန့်အပ်တဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ ကိုယ့်စိတ်ကြိုက် ပုံဖော် ဖန်တီးထားတဲ့ ဆန္ဒခံယူပွဲတွေ ကျင်းပဖို့ ကြိုးစားနေတာ လပေါင်းအတော် ကြာခဲ့ပြီး အခုတော့ ပိုပြီး ကသုတ်ကရက် စီစဉ်လာကြတာပါ။ အဲဒီ ဆန္ဒခံယူပွဲတွေရဲ့ လွတ်လပ်မှုနဲ့ ပွင့်လင်းမြင်သာမှုအတွက် ဘာအာမခံချက်မှ မရှိနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။