Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်း နျူကလီးယား ဓာတ်အားပေး စက်ရုံနား ရုရှားဒုံးကျည် ကျရောက်ပေါက်ကွဲ

ကံကောင်း ထောက်မစွာနဲ့ လက်ရှိ အချိန်မှာ စက်ရုံရဲ့ နျူကလီးယား ဓာတ်ပေါင်းဖို ၃ ခုစလုံး ပုံမှန်ဆက်လက် လည်ပတ်နေနိုင်ကြောင်း၊ ဒုံးကျည် ကျရောက် ပေါက်ကွဲပေမယ့် ထိခိုက် သေကြေမှုတော့ မရှိခဲ့ကြောင်း ကုမ္ပဏီက ပြောပါတယ်။

နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခုနားကို ရုရှားဒုံးကျည် ကျရောက် ပေါက်ကွဲတဲ့ မှတ်တမ်း ဗီဒီယို တစ်ခုကို ယူကရိန်းက ထုတ်ပြန်လိုက်ပါတယ်။

ယူကရိန်းတောင်ပိုင်း၊ မိုင်ကိုလိုင်ဗ် ဒေသမှာ တည်ရှိတဲ့ ဓာတ်အားပေး စက်ရုံနားကို ရုရှားတပ်တွေက ဒုံးကျည်နဲ့ လှမ်းပစ်ခဲ့တာလို့ ယူကရိန်း အစိုးရက စွပ်စွဲပါတယ်။ ရုရှားရဲ့ ဒုံးကျည်ဟာ ယူကရိန်း အစိုးရပိုင် စွမ်းအင် ကုမ္ပဏီ အန်နာဂိုအက်တမ် ပိုင်ဆိုင်တဲ့ ပစ်ဗ်ဒန်နော့ခ်ခရိန့်စ်ခ် ဓာတ်အားပေး စက်ရုံနဲ့ ပေ ၁၀၀၀ လောက် အကွာမှာ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

ညပိုင်းမှာ ကျရောက်ခဲ့တဲ့ ဒုံးကျည်ဟာ နျူကလီးယား ဓာတ်ပေါင်းဖိုတွေနဲ့ ကိုက်ရာဂဏန်းလောက်ပဲ ကွာဝေးတဲ့ နေရာမှာ ပေါက်ကွဲမှု ဖြစ်စေခဲ့ကြောင်း အန်နာဂိုအက်တမ်က ထုတ်ပြန်ပါတယ်။ ပေါက်ကွဲမှုကြောင့် အနားမှာရှိတဲ့ ရေအားလျှပ်စစ် စက်ရုံငယ် တစ်ခုနဲ့ ဓာတ်အားပေးလိုင်းတွေလည်း ပျက်စီးခဲ့ပါတယ်။

ကံကောင်း ထောက်မစွာနဲ့ လက်ရှိ အချိန်မှာ စက်ရုံရဲ့ နျူကလီးယား ဓာတ်ပေါင်းဖို ၃ ခုစလုံး ပုံမှန်ဆက်လက် လည်ပတ်နေနိုင်ကြောင်း၊ ဒုံးကျည် ကျရောက် ပေါက်ကွဲပေမယ့် ထိခိုက် သေကြေမှုတော့ မရှိခဲ့ကြောင်း ကုမ္ပဏီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ကျူးကျော်သူ ရုရှားတပ်တွေရဲ့ အဆင်အခြင် ကင်းမဲ့လွန်းတဲ့ နောက်ထပ် လုပ်ရပ်တစ်ခုကို တွေ့ခဲ့ရတာဖြစ်ကြောင်း၊ ဒီနေရာမှာ နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးတစ်ခု ရှိနေတာကို ရုရှားတွေ မမေ့သင့်ကြောင်း၊ ရုရှားရဲ့ လုပ်ရပ်က တစ်ကမ္ဘာလုံးအတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်ခဲ့ပြီး ဒီအခြေအနေတွေကို အမြန်ဆုံး အဆုံးသတ်ဖို့ လိုအပ်ကြောင်း ဝေဖန် ပြောကြားသွားပါတယ်။

နျူကလီးယား စက်ရုံနားကို ဒုံးကျည်နဲ့ ပစ်ခဲ့တယ်ဆိုတဲ့ ယူကရိန်းရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ရုရှားဖက်ကတော့ လောလောဆယ် ဘာမှ မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အရှိန်မြှင့်လာတဲ့ လတ်တလော ကာလတွေမှာ မိုင်ကိုလိုင်ဗ် ဒေသဟာ ရုရှားစစ်တပ်ရဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကို ပိုမို ကြုံတွေ့လာရပါတယ်။

ယူကရိန်းက ပိုင်ဆိုင်ပြီး ဥရောပမှာ အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီး တစ်ခုဖြစ်တဲ့ ဇာပေါ်ရစ်ဇီရာ စက်ရုံဟာလည်း ရုရှားရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အခုလ အစောပိုင်းတုန်းက ယာယီ ပိတ်ခဲ့ရပါသေးတယ်။ အဲဒီစက်ရုံ တဝိုက်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ရုရှားနဲ့ ယူကရိန်းတို့က အပြန်အလှန် စွပ်စွဲ ပြစ်တင်တာတွေ ရှိနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။