Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အကြွေးနွံနစ်နေပေမယ့် ဝင်ငွေအလယ်အလတ်အဆင့် နိုင်ငံအဖြစ် ဆက်ရပ်တည်မယ်လို့ သီရိလင်္ကာ အစိုးရပြော

သီရိလင်္ကာ အစိုးရက ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံသား တစ်ဦးချင်း ပျမ်းမျှဝင်ငွေက ဒေါ်လာ ၃၄၀၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်က နိုင်ငံသားတွေရဲ့ ပျမ်းမျှ တစ်နှစ်ဝင်ငွေ ၁၀၈၅ ဒေါ်လာအောက်သာ ရှိတဲ့ နိုင်ငံတွေကို ဝင်ငွေနိမ့်ပါးတဲ့အဆင့် သတ်မှတ်ကြောင်း သိရပါတယ်။

အကြွေးနွံနစ်နေပေမယ့် ဝင်ငွေအလယ်အလတ်အဆင့် နိုင်ငံအဖြစ် ဆက်ရပ်တည်မယ်လို့ သီရိလင်္ကာ အစိုးရပြော
အကြွေးနွံနစ်နေပေမယ့် ဝင်ငွေအလယ်အလတ်အဆင့် နိုင်ငံအဖြစ် ဆက်ရပ်တည်မယ်လို့ သီရိလင်္ကာ အစိုးရပြော

အကြွေးနွံနစ်ပြီး နိုင်ငံသားတွေ အကြီးအကျယ် စီးပွားရေး ကျပ်တည်းနေပေမယ့် ဝင်ငွေအလယ်အလတ်အဆင့် နိုင်ငံဆိုတဲ့ သတ်မှတ်ချက်ကို ပြောင်းလဲမှာ မဟုတ်ကြောင်း သီရိလင်္ကာ သမ္မတက ပြောကြားသွားပါတယ်။

အာရှတောင်ပိုင်းက ကျွန်းနိုင်ငံငယ်ဟာ နှစ်ပေါင်း ၇၀ ကျော် ကာလအတွင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အစိုးရက ဒေါ်လာ ဘီလီယံနဲ့ချီ များပြားတဲ့ ကြွေးမြီတွေ ပိနေပြီး နိုင်ငံသား ၂၂ သန်း အတွက်လည်း စီးပွားရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံမှာ အခက်အခဲတွေ ကြုံနေရပါတယ်။

သီရိလင်္ကာဟာ ဝင်ငွေ အလယ်အလတ်အဆင့် နိုင်ငံတစ်ခုအဖြစ် ကြေညာထားပေမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေဆီက ချေးငွေတွေ ပိုပြီး လွယ်လွယ်ကူကူ ရရှိနိုင်အောင် ဝင်ငွေအဆင့်နိမ့် နိုင်ငံအဖြစ် ပြောင်းလဲ သတ်မှတ်သင့်ကြောင်း လွှတ်တော် အမတ်တချို့နဲ့ စီးပွားရေး ပညာရှင်တွေက အကြံပြုခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတ ရာနေးလ် ဝစ်ခ်ရမ်မီဆင်းကတော့ နိုင်ငံရဲ့ ဝင်ငွေအဆင့် လက်ရှိ သတ်မှတ်ချက်ကို အပြောင်းအလဲ လုပ်တာမျိုး မြင်ရမှာ မဟုတ်ဘူးလို့ ယတိပြတ် ပြောကြားခဲ့ပါတယ်။ သီရိလင်္ကာဟာ ဝင်ငွေ အလယ်အလတ်အဆင့် နိုင်ငံအနေနဲ့ပဲ ဆက်ပြီး ရပ်တည်နေမယ်လို့ သမ္မတ ရာနေးလ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း ကမ္ဘာ့ဘဏ်ရယ်၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့ (IDA)ရယ်ဆီက ချေးငွေတွေ ရရှိဖို့ အဆိုပြု တောင်းခံထားကြောင်း သမ္မတက အတည်ပြုသွားပါတယ်။ IDAဟာ ကမ္ဘာ့ဘဏ် လက်အောက်ခံ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်က အဆင်းရဲဆုံး နိုင်ငံတွေရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် စီမံကိန်း ရန်ပုံငွေတွေ ထုတ်ချေးပေးလေ့ ရှိပါတယ်။

ကိုလံဘို မြို့တော်မှာရှိတဲ့ ကမ္ဘာ့ဘဏ် ရုံးခွဲကတော့ သီရိလင်္ကာ အစိုးရရဲ့ ချေးငွေတောင်းခံမှုနဲ့ ပတ်သက်ပြီး လောလောလတ်လတ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ သီရိလင်္ကာ အစိုးရက ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံသား တစ်ဦးချင်း ပျမ်းမျှဝင်ငွေက ဒေါ်လာ ၃၄၀၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်က နိုင်ငံသားတွေရဲ့ ပျမ်းမျှ တစ်နှစ်ဝင်ငွေ ၁၀၈၅ ဒေါ်လာအောက်သာ ရှိတဲ့ နိုင်ငံတွေကို ဝင်ငွေနိမ့်ပါးတဲ့အဆင့် သတ်မှတ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မေလရဲ့ ပထမဆုံး သီတင်းပတ်မှာတင် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၆၀ ကျော်ကို သီရိလင်္ကာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။

သတင်း

ပြည်တွင်း လောင်စာသုံးစွဲမှု လျှော့ချရေး အစီအမံ တစ်ခုအနေနဲ့ သီရိလင်္ကာ အစိုးရဟာ တစ်ပတ်ကို ၄ ရက်ပဲ ရုံးတက်စေဖို့ ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

အီရန် စစ်သင်္ဘောတစ်စီးကို အမေရိကန်ကတိုက်ခိုက် နှစ်မြှုပ်ခဲ့တဲ့နောက် အခြားအီရန် ရေတပ်သင်္ဘောတစ်စီးကို သီရိလင်္ကာက ကယ်ဆယ်ထားခဲ့ရတယ်လို့ သိရပါတယ်။