Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အကြွေးနွံနစ်နေပေမယ့် ဝင်ငွေအလယ်အလတ်အဆင့် နိုင်ငံအဖြစ် ဆက်ရပ်တည်မယ်လို့ သီရိလင်္ကာ အစိုးရပြော

သီရိလင်္ကာ အစိုးရက ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံသား တစ်ဦးချင်း ပျမ်းမျှဝင်ငွေက ဒေါ်လာ ၃၄၀၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်က နိုင်ငံသားတွေရဲ့ ပျမ်းမျှ တစ်နှစ်ဝင်ငွေ ၁၀၈၅ ဒေါ်လာအောက်သာ ရှိတဲ့ နိုင်ငံတွေကို ဝင်ငွေနိမ့်ပါးတဲ့အဆင့် သတ်မှတ်ကြောင်း သိရပါတယ်။

အကြွေးနွံနစ်နေပေမယ့် ဝင်ငွေအလယ်အလတ်အဆင့် နိုင်ငံအဖြစ် ဆက်ရပ်တည်မယ်လို့ သီရိလင်္ကာ အစိုးရပြော
အကြွေးနွံနစ်နေပေမယ့် ဝင်ငွေအလယ်အလတ်အဆင့် နိုင်ငံအဖြစ် ဆက်ရပ်တည်မယ်လို့ သီရိလင်္ကာ အစိုးရပြော

အကြွေးနွံနစ်ပြီး နိုင်ငံသားတွေ အကြီးအကျယ် စီးပွားရေး ကျပ်တည်းနေပေမယ့် ဝင်ငွေအလယ်အလတ်အဆင့် နိုင်ငံဆိုတဲ့ သတ်မှတ်ချက်ကို ပြောင်းလဲမှာ မဟုတ်ကြောင်း သီရိလင်္ကာ သမ္မတက ပြောကြားသွားပါတယ်။

အာရှတောင်ပိုင်းက ကျွန်းနိုင်ငံငယ်ဟာ နှစ်ပေါင်း ၇၀ ကျော် ကာလအတွင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အစိုးရက ဒေါ်လာ ဘီလီယံနဲ့ချီ များပြားတဲ့ ကြွေးမြီတွေ ပိနေပြီး နိုင်ငံသား ၂၂ သန်း အတွက်လည်း စီးပွားရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံမှာ အခက်အခဲတွေ ကြုံနေရပါတယ်။

သီရိလင်္ကာဟာ ဝင်ငွေ အလယ်အလတ်အဆင့် နိုင်ငံတစ်ခုအဖြစ် ကြေညာထားပေမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေဆီက ချေးငွေတွေ ပိုပြီး လွယ်လွယ်ကူကူ ရရှိနိုင်အောင် ဝင်ငွေအဆင့်နိမ့် နိုင်ငံအဖြစ် ပြောင်းလဲ သတ်မှတ်သင့်ကြောင်း လွှတ်တော် အမတ်တချို့နဲ့ စီးပွားရေး ပညာရှင်တွေက အကြံပြုခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတ ရာနေးလ် ဝစ်ခ်ရမ်မီဆင်းကတော့ နိုင်ငံရဲ့ ဝင်ငွေအဆင့် လက်ရှိ သတ်မှတ်ချက်ကို အပြောင်းအလဲ လုပ်တာမျိုး မြင်ရမှာ မဟုတ်ဘူးလို့ ယတိပြတ် ပြောကြားခဲ့ပါတယ်။ သီရိလင်္ကာဟာ ဝင်ငွေ အလယ်အလတ်အဆင့် နိုင်ငံအနေနဲ့ပဲ ဆက်ပြီး ရပ်တည်နေမယ်လို့ သမ္မတ ရာနေးလ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း ကမ္ဘာ့ဘဏ်ရယ်၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့ (IDA)ရယ်ဆီက ချေးငွေတွေ ရရှိဖို့ အဆိုပြု တောင်းခံထားကြောင်း သမ္မတက အတည်ပြုသွားပါတယ်။ IDAဟာ ကမ္ဘာ့ဘဏ် လက်အောက်ခံ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်က အဆင်းရဲဆုံး နိုင်ငံတွေရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် စီမံကိန်း ရန်ပုံငွေတွေ ထုတ်ချေးပေးလေ့ ရှိပါတယ်။

ကိုလံဘို မြို့တော်မှာရှိတဲ့ ကမ္ဘာ့ဘဏ် ရုံးခွဲကတော့ သီရိလင်္ကာ အစိုးရရဲ့ ချေးငွေတောင်းခံမှုနဲ့ ပတ်သက်ပြီး လောလောလတ်လတ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ သီရိလင်္ကာ အစိုးရက ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံသား တစ်ဦးချင်း ပျမ်းမျှဝင်ငွေက ဒေါ်လာ ၃၄၀၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်က နိုင်ငံသားတွေရဲ့ ပျမ်းမျှ တစ်နှစ်ဝင်ငွေ ၁၀၈၅ ဒေါ်လာအောက်သာ ရှိတဲ့ နိုင်ငံတွေကို ဝင်ငွေနိမ့်ပါးတဲ့အဆင့် သတ်မှတ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာ လေတပ်တွေ ပူးပေါင်း လေ့ကျင့်တဲ့ အစီအစဉ်တစ်ခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့မှာ စက်တင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့ပါတယ်။

နိုင်ငံတကာ

လူသားတွေနဲ့ ဆင်တွေကြား ထိပ်တိုက် ပဋိပက္ခ အခြေအနေတွေ ထူပြောနေတာကို ကိုင်တွယ် ဖြေရှင်းဖို့ သံန္နိဋ္ဌာန် ချထားကြောင်း သီရိလင်္ကာ အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

တောဆင်ရိုင်းအုပ်နဲ့ ဝင်တိုက်မိရာက သီရိလင်္ကာမှာ ရထားတစ်စီး လမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့တာဟာ မျောက်တစ်ကောင်ကြောင့်လို့ သီရိလင်္ကာ အစိုးရ ဝန်ကြီးတစ်ဦးက ပြစ်တင် ပြောကြားသွားခဲ့ပါတယ်။