Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တူရကီ ကျောက်မီးသွေးတွင်း ပေါက်ကွဲမီးလောင်မှုကြောင့် လူ ၄၀ သေဆုံး

အောက်တိုဘာ ၁၄ ရက် ညပိုင်းက ဘာတင်ခရိုင်မှာရှိတဲ့ အေမက်စ်ရာမြို့က ကျောက်မီးသွေးတွင်း တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှု ဖြစ်ရတဲ့အကြောင်းရင်းကို မသိရသေးပေမယ့် အမှားအယွင်း တစ်ခုကြောင့် မီသိန်းဓာတ်ငွေ့တွေ ယိုစိမ့်ရာက အစပြုခဲ့တယ်လို့ ယုံကြည်ရပါတယ်။

တူရကီ ကျောက်မီးသွေးတွင်း ပေါက်ကွဲမီးလောင်မှုကြောင့် လူ ၄၀ သေဆုံး
တူရကီ ကျောက်မီးသွေးတွင်း ပေါက်ကွဲမီးလောင်မှုကြောင့် လူ ၄၀ သေဆုံး

တူရကီနိုင်ငံ မြောက်ပိုင်းမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် လူ ၄၀ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ၄၀ ဝန်းကျင်လောက် အပျက်အစီးတွေအောက်မှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၄ ရက် ညပိုင်းက ဘာတင်ခရိုင်မှာရှိတဲ့ အေမက်စ်ရာမြို့က ကျောက်မီးသွေးတွင်း တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှု ဖြစ်ရတဲ့အကြောင်းရင်းကို မသိရသေးပေမယ့် အမှားအယွင်း တစ်ခုကြောင့် မီသိန်းဓာတ်ငွေ့တွေ ယိုစိမ့်ရာက အစပြုခဲ့တယ်လို့ ယုံကြည်ရပါတယ်။

အခုဆိုရင် အသေအပျောက် စာရင်းကို ၄၀ ဦးထိ အတည်ပြုနိုင်ပြီဖြစ်ကြောင်း၊ ဒဏ်ရာရသူ ၁၁ ဦးမှာ ၆ ယောက်ကို အစ္စတန်ဘူလ်က ဆေးရုံတွေဆီ ပို့ဆောင်ထားပြီး ၅ ဦးကို ဘာတင်မှာပဲ ကုသပေးနေကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး ဖာရက်တင် ကိုဆာက ပြောပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ ညလုံးပေါက် အလုပ်လုပ်ခဲ့ပြီး ဒဏ်ရာရထားသူတွေရော၊ ရုပ်အလောင်းတွေကိုပါ အပျက်အစီးတွေ အောက်ထဲကနေ ဆွဲထုတ်ခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်ချိန်က မိုင်းတွင်းထဲမှာ လူ ၁၁၀ လောက် ရှိနေပြီး ထက်ဝက်နီးပါးလောက်က ပေ ၁၀၀၀ လောက် အနက်မှာ ပိတ်မိနေကြဆဲပါ။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး အဖွဲ့တွေက ပိတ်မိနေသူတွေဆီ ဥမင်ဖောက်ပြီး ဆက်သွယ်ဖို့ ကြိုးစားနေကြပါတယ်။ ကံကောင်းတာက မိုင်းတွင်းထဲမှာ လေဝင်လေထွက် ကောင်းမွန်နေသလို လောင်ကျွမ်းနေတဲ့ မီးတွေလည်း ငြိမ်းသွားပြီဖြစ်တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

ကျောက်မီးသွေးတွင်း မီးလောင်မှု သတင်းကို ကြားခဲ့တဲ့နောက် မိုင်းလုပ်သားတွေရဲ့ မိသားစုဝင်တွေက ကယ်ဆယ်ရေး လုပ်ဆောင်ရာ နေရာအနီးမှာ လာရောက်စုဝေးပြီး စိုးရိမ်တကြီး သတင်းနားစွင့်နေကြဆဲပါ။ ၂၀၁၄ တုန်းက တူရကီနိုင်ငံ သမိုင်းတလျှောက် အဆိုးရွားဆုံး ကျောက်မီးသွေးတွင်း မတော်တဆမှုတစ်ခု ဆိုမာမြို့မှာ ဖြစ်ပွားခဲ့ပြီး လူ ၃၀၁ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ အဲဒီတုန်းက အစိုးရရဲ့ စီမံခန့်ခွဲမှု အားနည်းချက်တွေ၊ ကယ်ဆယ်ရေး အစီအစဉ် ညံ့ဖျင်းမှုတွေကြောင့် ပြည်သူလူထုရဲ့ ဒေါသတကြီး တုံ့ပြန် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

အီရန်က ကြားဖြတ် တိုက်ခိုက်လာနိုင်ခြေကို စိုးရိမ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တိတ်တိတ်လေး လေယာဉ်ပြောင်းစီးခဲ့ရကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယား၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ ကာကွယ်ရေးဆိုင်ရာ သဘောတူ ကတိစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Facebook