Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ကာမီကာဇီ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

ယူကရိန်း နယ်စပ်နားက ရုရှားပိုင် ဘယ်လ်ဂိုရော့မြို့ကို ယူကရိန်းက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှား အစိုးရက စွပ်စွဲပြီးတဲ့နောက် အခုလိုမျိုး ကိယက်ဗ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်လာခဲ့တာပါ။ ယူကရိန်းကတော့ ရုရှားရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ကာမီကာဇီ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ
ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ကာမီကာဇီ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

မြို့တော် ကိယက်ဗ်ကို ဒါဇင်နဲ့ချီ များပြားတဲ့ ကာမီကာဇီ ဒရုန်းတွေနဲ့ တိုက်ခိုက်တာ ခံခဲ့ရကြောင်း ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။

အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းကစလို့ အီရန်လုပ် ကာမီကာဇီ ဒရုန်းတွေဟာ ယူကရိန်းကို တစ်သုတ်ပြီးတစ်သုတ် ပျံသန်းလာပြီး လူနေ ဧရိယာတွေထဲ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့တော်ဝန် အန်ဒရီ ယာမက်က ပြောပါတယ်။

အီရန်က ယူကရိန်း စစ်ပွဲမှာ ရုရှား အသုံးပြုဖို့ စစ်လက်နက်တွေ မထောက်ပံ့ပါဘူးလို့ ငြင်းဆိုထားပေမယ့် လောလောဆယ် ရုရှားစစ်တပ်က အီရန်လုပ် ဒရုန်းတွေကို ရှေ့တန်း စစ်မြေပြင်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေပါတယ်။

အဲဒီ ဒရုန်းတွေဟာ ပစ်မှတ်ဆီ ထိုးစိုက်ဆင်းလာပြီး အပြင်းအထန် ပေါက်ကွဲစေတာကြောင့် ကာမီကာဇီ ဒရုန်းတွေလို့ ခေါ်ဝေါ် ခံထားရတာပါ။ အောက်တိုဘာ ၁၇ ရက်က ကိယက်ဗ်မြို့ အနှံ့မှာ ဒရုန်းတွေ ကျရောက် ပေါက်ကွဲလို့ အနည်းဆုံး ၁ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီမတိုင်ခင် တစ်ပတ်ကလည်း ယူကရိန်း နိုင်ငံအနှံ့က မြို့ရွာတွေကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်တာကြောင့် လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း လေတပ်ရဲ့ အဆိုအရ ကိယက်ဗ်ဆီ ပျံသန်းလာတဲ့ ဒရုန်းအားလုံးဟာ နိုင်ငံတောင်ပိုင်း နယ်စပ်ကို ဖြတ်ကျော်လာတာလို့ သိရပါတယ်။ ကိယက်ဗ်မှာတော့ ဒရုန်းတွေ ဦးတည်လာနေကြောင်း သိရှိချိန်မှာ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေ ဆူညံနေခဲ့ပြီး မြို့ခံတွေက ကျည်ကွယ်မျက်ကွယ် နေရာတွေဆီ ပြေးလွှား ပုန်းရှောင်ခဲ့ကြပါတယ်။

ခပ်နိမ့်နိမ့်မှာ အရှိန်သိပ်မမြန်ဘဲ ပျံသန်းတတ်တဲ့ ဒရုန်းတွေရဲ့ ခပ်အုပ်အုပ် မြည်ဟည်းသံဟာ အခုဆိုရင် ယူကရိန်းမှာ သိပ်ပြီး နားမစိမ်းတော့တဲ့ အခြေအနေတောင် ဖြစ်နေပါပြီ။ ကိယက်ဗ်အပြင် ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ မိုင်ကိုလိုက်ဗ်မှာလည်း ဆီလှောင်ကန်ကို ဒရုန်းတွေနဲ့ ဝင်တိုက်ခဲ့တာကြောင့် ပေါက်ကွဲ မီးလောင်မှုတွေ ကြုံခဲ့ရပါသေးတယ်။

ယူကရိန်း နယ်စပ်နားက ရုရှားပိုင် ဘယ်လ်ဂိုရော့မြို့ကို ယူကရိန်းက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှား အစိုးရက စွပ်စွဲပြီးတဲ့နောက် အခုလိုမျိုး ကိယက်ဗ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်လာခဲ့တာပါ။ ယူကရိန်းကတော့ ရုရှားရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

အီရန်ရဲ့ ဒရုန်းတွေဟာ လတ်တလောမှာတော့ ယူကရိန်းအတွက် ခေါင်းခဲစရာ ပြဿနာတစ်ခု ဖြစ်နေပြီး NATO မဟာမိတ်တွေကလည်း ယူကရိန်းကို လေကြောင်း ကာကွယ်ရေး စနစ်တွေ ဖြည့်တင်း ပို့ဆောင်ဖို့ အဆောတလျင် စီစဉ်နေပါတယ်။ အမေရိကန် စစ်ထောက်လှမ်းရေးရဲ့ အဆိုအရ ရုရှားဟာ အီရန်ရဲ့ ကာမီကာဇီ ဒရုန်းတစ်ခုကို ဒေါ်လာ နှစ်သောင်း ဝန်းကျင်လောက်နဲ့ ဝယ်ယူပြီး စစ်မြေပြင်မှာ ဖောဖောသီသီ အသုံးချနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။